Song review
Hey DJ play me a song to make me smile
Hey DJ play me a song to make me cry
ဒီသီချင်းဟာ ကျမ ဒီရက်ပိုင်းမှာ နားထောင်ဖြစ်တဲ့ သီချင်းလေးပါပဲ။ သီချင်းနာမည်က song request တဲ့။ Lee So Ra နဲ့ Suga ဆိုထားတာလေး။
ရှင်ရော ရေဒီယိုဆီကလွင့်လာတဲ့ သီချင်းတွေကို နားထောင်တတ်သူလား။
ကျမကတော့ ရေဒီယိုကလာတဲ့ ခေတ်ဟောင်းသီချင်းတွေ၊ သီချင်းတောင်းတဲ့ အစီအစဉ်တွေကို ကြိုက်နှစ်သက်သူပါပဲ။
တစ်ယောက်ယောက်အတွက် ဖြစ်လာတဲ့ ခံစားချက်တွေ၊ တစ်ယောက်ယောက်ဆီ ပေးပို့ချင်တဲ့ သတင်းစကားတွေကို သီချင်းအဖြစ် ပုံဖော်ပေါ်ရတာဟာ ဘယ်လောက်နွေးထွေးတဲ့ ဆက်သွယ်ချက်လဲနော်။ စမတ်ဖုန်းတွေ လက်ကချဖို့ ခက်ခဲလာလေ ကိုယ်တို့တွေဟာ ရေဒီယို အစီအစဉ်နဲ့ ဝေးလေပေါ့။ ရေဒီယိုနဲ့ ပတ်သက်ပြီး Drama နှစ်ခုနဲ့ ရုပ်ရှင်တစ်ကားဟာ ဘဝမှာ မှတ်မှတ်ရရပါပဲ။ Unforgettable, Radio Romance နဲ့ ကိုယ့်ရဲ့အကြိုက်ဆုံးဖြစ်တဲ့ Reply 1988 ပါ။ ဒီဇာတ်လမ်းတွေဆီကနေ ကျမ ရေဒီယိုခေတ်ကို ပို လွမ်းတတ်လာတယ်။ ရေဒီယို အစီအစဉ်တွေကို ပိုချစ်တတ်လာတာပါပဲ။
မိုးကုတ်မှာနေခဲ့ရတဲ့ ရှေ့နှစ်ကာလတွေက ဖုန်းလိုင်းတောင် ရဖို့ ခက်ခဲခဲ့တာ။ အစ်မရဲ့ ဖုန်းလေးဆီကနေ ရေဒီယိုသီချင်းတွေ တော်တော်များများ အတူ နားထောင်ခဲ့ကြရတယ်။ မိုးမပြတ်တဲ့ဒေသ လျှပ်စစ်မီး မရတဲ့ အမှောင်ကလေးထဲမှာ အချို့ရက်တွေမှာ မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးလေးရယ်၊ တဖြောက်ဖြောက်မိုးသံရယ်၊ ရေဒီယို ထုတ်လွှင့်မှုရယ်ဟာ လိုက်ဖက်တယ် မထင်ဘူးလားဟင်။ အချို့ညတွေမှာတော့ ကော်ဖီတစ်ခွက်ဟာ အပိုပါလာတတ်သေးတယ်။
Tun Eaindra Bo ဆိုတဲ့ သီချင်းတွေဟာ ပုလဲ ဆိုခဲ့တာ ဖြစ်ကြောင်း၊ ဦးညီထွဋ်သီချင်းတွေဟာ ဟိုးအရင်က ပလေးဘွိုင်းသန်းနိုင် ဆိုခဲ့တာ ဖြစ်ကြောင်းပေါ့။ ရေဒီယို သီချင်းတင်ဆက်သူအဖြစ် အိပ်မက်ကို မက်ခဲ့သူဟာ ဘယ်လောက်တောင် များမလဲ။ လီမွန်ဆယ်ရဲ့ ရေဒီယိုတင်ဆက်သံဟာ မျက်စိမှာမြင်လာရ။ မရဖူးတဲ့ ဘဝဆိုပေမယ့်လည်း ရေဒီယိုကလွှင့်တဲ့ နှစ်သက်တဲ့သီချင်းကို ချစ်ရသူတွေနဲ့ နားထောင်ချင်လိုက်တာ။ ဒါဟာ ဘယ်လောက်ထိ နှစ်လိုဖွယ်ဖြစ်တဲ့ ခံစားချက်ဖြစ်မှာ။ ဘယ်အချိန်မှာမဆို ပြန်ရချင်တဲ့ အမှတ်တရကလေး ဖြစ်မှာ။
A song to make me smile တဲ့။
ဒီအဆင်မပြေတဲ့ကာလမှာ song request ကို နားထောင်ရတာ ကြည်လင်အေးစေတာပါပဲ။ အနည်းငယ် စိတ်အထောက်အပံ့ဖြစ်စေတာပါပဲ။ နှစ်သိမ့်မှုရစေတာပါပဲ။
တစ်ယောက်ယောက်ကို သတိရမိနေတဲ့အချိန်မှာ
သူ့ကို မေ့စေတဲ့ သီချင်းလေး တဲ့။
ငါ့ကိုယ်စား ငိုပေးနိုင်တဲ့ သီချင်းလေးတဲ့။
အထီးကျန်တဲ့ ညတွေအတွက် နှစ်သိမ့်ပေးမယ့်၊ နွေးထွေးစေမယ့်၊ အဖော်ပြုပေးမယ့် သီချင်းကလေး။
တစ်ခါတရံမှာ မိသားစုလို၊ သူငယ်ချင်းလို ၊ တစ်ယောက်တစ်ယောက်ကို သတိရလာတဲ့အခါမှာ ဂီတဖြစ်လာမှာပါတယ်။
ရုပ်ဝတ္ထုတွေ ဘယ်လောက်ပဲ တိုးတက်လာလာ ရေဒီယိုဟောင်းလေးဆီက လွင့်လာမယ့်သီချင်းလေးကို ကျမတို့ လိုအပ်နေဦးမှာ။
So, why turn up my radio?
တစ်ယောက်ယောက် ကျမတို့နားမှာ အတူရှိသလို ခံစားချင်လို့ ဖြစ်မှာပေါ့။
Korean song က ခင်ဗျားတို့ taste ဖြစ်ချင်မှ ဖြစ်မှာပါ။
https://www.facebook.com/BANGTANBOYSMYANMAR/videos/2291075717805737/
https://youtu.be/ij0SQZcqnPU
Done.
ReplyDeleteD🍀
ReplyDelete✌️🍀
Deletede
ReplyDeleteDone 💪
ReplyDelete❤️💜
ReplyDelete❤️💜
Delete❤️💜
DeleteA song makes me cry ကto my youthဘဲအဲ့သီချင်းနားထောင်တိုင်း မျက်ရည်တွေ ဝဲ ဝဲ လာရော😌
ReplyDelete💛
DeleteOld favourite song တစ်ပုဒ်မို့
ReplyDeleteဒီ review လေးဖတ်ပြီး ပြန်နားထောင်ချင်မိသွားတယ်။ အခုလိုရာသီဥတုနဲ့ သီချင်းရဲ့ ခံစားချက်က အရမ်းလိုက်ဖက်တာပဲနော် ~
ဟုတ်တယ် smart phone တွေ ကို လက်ကမချနိုင်တဲ့ဒီကာလမှာ ရေဒီယိုနဲ့ဝေးခဲ့ကြရပီ
ReplyDeleteDone
ReplyDeleteWheel...........dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
DeleteTHANKS.
ReplyDeleteနားထောင်ကြည့်ပါ့မယ်
ReplyDeleteThanks♥️
ReplyDeleteAPPRECIATE.
ReplyDelete🍀🕊
ReplyDelete👽🧚♂️
ReplyDeleteThanks
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteKyay Zuu parr 💙
ReplyDeleteDone 💙
DeleteAgain 💙
Deleteclick
ReplyDelete