Spitting News

 

Englandအမျိုးသမီးအသင်း Swedenကို နိုင်ပြီး Euro 2022 Finalတက်  



                                  Englandအမျိုးသမီးဘောလုံးအသင်းကတော့ ၎င်းတို့ရဲ့ Semifinalရှုံးကြိမ်စာကို Swedenကို 4ဂိုး ဂိုးမရှိအနိုင်ယူပြီး ချေဖျက်ခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူတော့မဟုတ်လှပါဘူး။ Swedenဟာ ကမ္ဘာ့အဆင့် 2 အမျိုးသမီးအသင်းဖြစ်ပြီး Englandဟာ Swedenကို သမိုင်းကြောင်းတလျောက် သုံးခါသာနိုင်ဖူးပါတယ်။ ဒါပေမယ့်Beth Meadရဲ့ တချက်လှည့်ပြီး အဆုံးသတ်ကောင်းမွန်မှု၊ Lucy Bronzeရဲ့ ခေါင်းတိုက်ဂိုး၊ လူစားဝင်ကစားသမားRussoရဲ့ နောက်ပေါက်သွင်းဂိုး နဲ့ Kirbyရဲ့သွင်းဂိုးတို့ဟာ Englandအသင်းကို Euro Finalရောက်စေခဲ့တာဖြစ်ပါတယ်။  Englandအသင်းဟာ Germanyနဲ့ Franceနိုင်တဲ့အသင်းနဲ့ July 31ရက်နေ့ ဝင်ဘလေကွင်းကြီးထဲမှာ ဗိုလ်လုရမှာဖြစ်ပါတယ်။

Comments

Post a Comment