The Lost City

 


The Lost City


Dr. Loretta Sage ဟာ Romance-Adventure စာရေးဆရာမတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဝတ္ထုအတွက် Promotion ပွဲတစ်ခုကို စာအုပ်မျက်နှာဖုံးအမျိုးသားမော်ဒယ် Alan Caprison နဲ့ ပြုလုပ်ပါတယ်။ အဲဒီဝတ္ထုကို အတ္တလန်တိတ်ဒေသက ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့အ‌ကြောင်း သုတေသနတွေ့ရှိချက်တွေကို အခြေခံရေးဖွဲ့ထားမှန်းသိရှိထားတဲ့ ဘီလျံနာ Abigail Fairfax ဟာ အဲဒီပွဲအပြီးမှာ Sage ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သူရှာဖွေတွေ့ရှိထားတဲ့ အတ္တလန်တိတ်ကျွန်းတစ်ခုပေါ်က ရှေးဟောင်းမြို့နဲ့ပတ်သက်တဲ့ ရှေးဟောင်းအရုပ်စာတွေကို အဓိပ္ပါယ်ဖေါ် ခိုင်းဖို့ပါ။ Fairfax ဟာ အဲဒီရှေးဟောင်းမြို့မှာ အဖိုးမဖြတ်နိုင်တဲ့ သရဖူရတနာရှိတယ်လို့ ယုံကြည်နေသူဖြစ်ပါတယ်။ Fairfax ဟာ Sage ကို အဲဒီကျွန်းဆီကို ခေါ်ဆောင်သွားပါတယ်။ Sage ကို ကယ်တင်ဖို့အတွက် Caprison ဟာ Jack Trainer ဆိုသူ စစ်သား‌ 

ဟောင်း‌‌တစ်ဦးကို ငှာရမ်းခဲ့ပါတယ်။ Caprison နဲ့ Trainer တို့ ဟာ အဲဒီကျွန်းမှာ ချိန်းဆိုကြပြီး Sage ကို ကယ်တင်ဖို့ လိုက်သွားကြတဲ့အခါ......


Sage အဖြစ် ဝါရင့်မင်းသမီးကြီး Sandra Bullock

Caprison အဖြစ် Channing Tatum

Fairfax အဖြစ် Harry potter မင်းသား Daniel Radcliffe

Trainer အဖြစ် Brad Pitt တို့ပါဝင်ထားပြီး 2022 March မှာ ထွက်ရှိထားတဲ့

The Lost City ဟာ အဆန်းတကြယ် စွန့်စားခန်းတွေမပါဘဲ ဟာသနှောကာ ရိုက်ကူထားပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် American action-adventure comedy ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Comments

Post a Comment