Tom Cruise
မင်းသားကြီး Tom Cruise ရဲ့ စတန့်တွေအကြောင်း
F-1 ပြိုင်ကားမောင်းတယ်
.
Racing ဆိုင်ကယ်စီးနိုင်တယ်
.
Sky Diving လုပ်နိုင်တယ်
.
ရေအောက်မှာ အချိန်ကြာအသက်အောင့်နေနိုင်အောင်လေ့ကျင့်တယ်
.
ရဟတ်ယာဥ် ၊ လေယာဥ်မောင်းနိုင်တယ်
.
စစ်လက်နက်ပစ္စည်းတွေကို ကျွမ်းကျွမ်ကျင်ကျင်ကိုင်တွယ် ပစ်ခတ်နိုင်ရုံမက
US Navy ရဲ့ F-18 တိုက်လေယာဥ်ကိုပါမောင်းနှင်နိုင်တယ်။
.
စတန့်ဇာတ်ဝင်ခန်းတွေမှာ လူစားမထိုးပဲကိုယ်တိုင်သရုပ်ဆောင်တယ်
.
အက်ရှင်ရုပ်ရှင်တွေမှာသာမက ဒရမ်မာရုပ်ရှင်တွေကိုပါ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တယ်
.
အသက်အန္တရာယ်ကြီးတဲ့ အမှန်တကယ်ပေါက်ကွဲမှုဖြစ်ပွားတဲ့
ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ ကိုယ်တိုင်သရုပ်ဆောင်တယ် ။
.
ဒီလူမလုပ်တတ်တာ ဘာရှိသေးလဲလို့ မေးရလောက်အောင် ထူးချွန်တာကတော့
ဟောလိဝုဒ်ရဲ့ မက်ဂါစတား Tom Cruise ပါပဲ ။
.
တွမ်ခရုစ်ဟာ
.
Mission Impossible - Fallout မှာ မောင်းနေတဲ့ရဟတ်ယာဥ်ပေါ်တွယ်တက်တယ် ၊
ပြီးတော့ ရဟတ်ယာဥ်ကို ကိုယ်တိုင်မောင်းတဲ့အပြင် ဆိုင်ကယ်နဲ့ကားတိုက်တဲ့အခန်းမှာလည်း
ဆိုင်ကယ်ပေါ်ကလွင့်ထွက်သွားတဲ့အခန်းကို ကိုယ်တိုင်သရုပ်ဆောင်တယ်။
ဒါ့အပြင် တိုက်ခေါင်မိုးတခုကနေတခုကို ခုန်ကူးတဲ့ဇာတ်ဝင်ခန်းကို ကိုယ်တိုင်သရုပ်ဆောင်ချိန်
မှာ ခြေချင်းဝတ်ကျိုးတဲ့ ဒဏ်ရာရပေမယ့် ဟန်မပျက်ဆက်လက်သရုပ်ဆောင်သွားခဲ့တယ်။
ဒါတင်မကသေးဘူး သူလိုချင်တဲ့ကင်မရာရှု့ထောင့် ရဖို့အတွက် အမြင့်ပေ ၂၅၀၀၀ မှာ
ပျံသန်းနေတဲ့လေယာဥ်ပေါ်ကနေ Halo Jump အကြိမ်ရေ ၅၀၀ ခန့်လေ့ကျင့်ပြုလုပ်ပြီး
ရိုက်ကူးခဲ့ပါတယ် ။ ဒီဇာတ်ဝင်ခန်းဟာ ညဖက်မှာရိုက်ရမှာဖြစ်တာကြောင့် ရိုက်ကူးရေးအဖွဲ့
ဟာ မနက်နေမထွက်ခင်မှာ လေယာဥ်ပေါ်ကခုန်ချတဲ့ Halo Jump ကိုနေ့စဥ်လေ့ကျင့်ပြီး
ရိုက်ကူးရတယ်လို့ဆိုပါတယ်။ MI - Fallout ဟာအက်ရှင်တွေရော ၊ ဇာတ်လမ်းပါအတော်လေး
အဆင့်မြင့်ပြီး ကောင်းမွန်တာကြောင့် မကြည့်ရသေးရင်ကြည့်ကြပါဦး ။
.
MI - 2 မှာ မီတာ ၂၀၀၀ မြင့်တဲ့ ချောက်ကမ်းပါးပေါ်တွယ်တက်တာကို ကိုယ်တိုင်လုပ်တဲ့အပြင်
ရန်သူနဲ့တိုက်ခိုက်တဲ့အခန်းမှာ ရန်သူ့ဓါးဟာတွမ်ရဲ့မျက်လုံးကိုထိုးစိုက်ဖို့ လက်မဝက် (Half Inch)
လောက်အလိုအထိ အန္တရာယ်များတဲ့ဇာတ်ဝင်ခန်းကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့ပါတယ်။
ဒါရိုက်တာဂျွန်ဝူးရဲ့ပြောပုံအရ အချိန်အဆအနည်းငယ်လောက်လွဲသွားတာနဲ့ တွမ်ဟာသူ့ရဲ့မျက်လုံး
တဖက်ကို ဆုံးရှုံးရလောက်အောင်အထိ အန္တရာယ်ရှိခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး မျက်နှာကျက်ပေါ်ကနေကြိုးနဲ့တွဲလောင်းကျတဲ့ဇာတ်ဝင်ခန်းမှာလည်း
လူစားမထိုးပဲ ကိုယ်တိုင်သရုပ်ဆောင်ပါသတဲ့ဗျာ ။ John Woo ရိုက်ကူးတဲ့ MI - 2 ဟာ
သူ့ခေတ်သူ့အခါတော့ အတော်ကောင်းတဲ့ အက်ရှင်ကားဖြစ်ခဲ့ပါတယ် ။
.
The Last Samurai ရုပ်ရှင်မှာလည်း ရိုက်ကွင်းအမှားအယွင်းတခုကြောင့်
တွမ်ခရုစ်ရဲ့လည်ပင်းပြတ်နုနီးပါးအထိ အသည်းယားစရာဖြစ်ရပ်ဖြစ်ခဲ့ပါတယ်တဲ့ ။
ဒီမတော်တဆမှုကိုမြင်ရတဲ့ ရိုက်ကွင်းကလူတွေကတော့ တွမ်ခရုစ်ခေါင်းပြတ်ပြီ
လို့တောင်ထင်ကြလို့ အလန့်တကြားအော်ဟစ်ခဲ့ကြပါသေးတယ်လို့ တွဲဖက်သရုပ်ဆောင်
Hiroyuki Sanada ကပြောခဲ့ပါတယ်။ တွမ်ခရုစ်ဟာ ဒီရုပ်ရှင်အတွက် တရက်ကို ၅ နာရီနဲ့
တနှစ်ကြာတဲ့အထိ ဓါးနဲ့တိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေကို လေ့ကျင့်ခဲ့တယ်လို့ဆိုပါတယ်။
ဒါတင်မကသေးဘူး ရှစ်လအတွင်းမှာ ဂျပန်ဆာမူရိုင်းတွေရဲ့ အမူအကျင့်နဲ့ ဓလေ့ထုံးစံတွေ ၊
အခြားသော ကိုယ်ခံပညာတွေကိုပါ လေ့ကျင့်ခဲ့တယ်လို့ဆိုပါတယ် ။
The Last Samurai ရုပ်ရှင်ဟာ တကယ်ကောင်းမွန်တဲ့ရုပ်ရှင်ဖြစ်တာမို့ မကြည့်ရသေးသူတွေ
ကြည့်လိုက်ကြပါဦး ။ ပြီးရင်တွမ်ခရုစ်ရဲ့ သရုပ်ဆောင်ပညာနဲ့ လူစားမထိုးပဲဓါးနဲ့တိုက်ခိုက်တဲ့
ဇာတ်ဝင်ခန်းတွေကို အရသာရှိရှိကြည့်လိုက်ကြပါ။
.
သာမန်လူတယောက်အဖို့ ရေအောက်မှာအသက်မရှုပဲ အသက်အောင့်နေနိုင်တာ ဘယ်လောက်
ကြာကြာနေနိုင်မပါ့မလဲဟင် ။ တချို့ကတော့ သာမန်လူတယောက်ဟာ စက္ကန့် ၃၀ လောက်သာ
အသက်အောင့်နိုင်တယ်လို့ဆိုကြပါတယ် ။ အချို့လူတွေကတော့ မိနစ်ပိုင်းအထိ အသက်အောင့်နိုင်
ပါလိမ့်မယ် ။ အချို့သရုပ်ဆောင်တွေရဲ့ ရေငုပ်ဇာတ်ဝင်ခန်းတွေမှာ ၁၀ စက္ကန့်လောက်သာ
အသက်ရှုအောင့်ရေငုပ်နိုင်ပြီး production မှာ Edit ပြန်လုပ်ကြတာဖြစ်ပါတယ် ။
တွမ်ခရုစ်ကတော့ ၆ မိနစ်ခွဲ အထိအသက်အောင်နိုင်ပါသတဲ့ ။
ဟုတ်ပါတယ် Mission Impossible - Rouge Nation ရဲ့ဇာတ်ဝင်ခန်းတခုမှာ
တွမ်ခရုစ်ဟာ ၆ မိနစ်ကျော်အထိအသက်အောင့်ပြီး ဒီဇာတ်ဝင်ခန်းကိုရိုက်ကူးခဲ့ပါတယ် ။
ဒီဇာတ်ဝင်ခန်းကို မရိုက်ကူးခင်မှာတွမ်ဟာ ကြာရှည်အသက်အောင့်နိုင်ဖို့ရေအောက်လေ့ကျင့်ရေး
နည်းပြသမားတွေနဲ့ အကြိမ်ပေါင်းများစွာလေ့ကျင့်ခဲ့ရသလို အစပိုင်းတွေမှာ
သတိလစ်တဲ့အထိ ပြင်းပြင်းထန်ထန်လေ့ကျင်တယ်လို့ဆိုကြပါတယ် ။
ဒီဇာတ်ဝင်ခန်းကို ရေအနက်ပေ ၂၀ ကျော် နက်တဲ့ဧရာမရေကူးကန်ကြီးထဲမှာရိုက်ကူးခဲ့ပြီ
တွမ်ဟာ တကယ်ကို ၆ မိနစ်ကျော်ကြာအောင် အသက်ရှုအောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီဘဲကြီးကတော့ ဂြိုလ်သားကြီးလား မသိတော့ပါဘူး ။
ဒါတင်မကသေး ဇာတ်ကားရဲ့အဖွင့်မှာ ပြေးလမ်းပေါ်ကပျံတက်နေတဲ့လေယာဥ်ကို
အပြင်ဘက်ကနေတွယ်တက်တာကလည်း သူကိုယ်တိုင်တွယ်တက်ပြခဲ့တဲ့ ကျောချမ်းစရာ
အမှန်အကန်ဇာတ်ဝင်ခန်းပါပဲ ။ ဒီဇာတ်ဝင်ခန်းကိုရိုက်ဖို့အတွက် သူကိုယ်တိုင်တော်တော်လေး
ပူပန်ခဲ့ရလို့ ရိုက်ကူးရေးမတိုင်ခင်ညမှာ အိပ်လို့တောင်မပျော်ဘူးလို့ဆိုပါတယ် ။ ဒါပေမယ့်
နောက်နေ့မှာတော့ အောင်အောင်မြင်မြင်နဲ့ ရိုက်ကူးပြီးစီးလို့ တွမ်ခရုစ်တယောက် သက်သာရာ
ရခဲ့ပါတယ်တဲ့ ။ မကြည့်ရသူတွေလည်း MI - Rouge Nation ကြည့်ပြီး
ဘဲကြီးတွမ်ခရုစ်ရဲ့ အမှန်အကန်စတန့်သရုပ်ဆောင်မှုတွေကို အားပေးကြပါဦး။ .
.
ဒူဘိုင်းက Khalifa Tower ဆိုတာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးတွေထဲက တခုပါပဲ ။
ကမ္ဘာ့အမြင့်ဆုံးတာဝါပေါ်တက်ပြီး အပြင်ထွက်ပြဖို့ဆိုတာ အမြင့်ကြောက်သူတွေအဖို့တော့
ကြောက်စရာအိမ်မက်ဆိုးပါပဲ ။ ဒါပေမယ့် တွမ်ခရုစ်ကတော့ ဒီတာဝါအပေါ်ကိုတက် ၊ အပြင်
ထွက်ပြပြီး ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ် ။ Mission Impossible - Ghost Protocal မှာ တွမ်
ဟာ အသည်းတယားယား ရင်တလှပ်လှပ်နဲ့ကြည့်ရတဲ့ ဇာတ်ဝင်ခန်းတခုကို ဒီတာဝါမှာအမှန်
တကယ် သရုပ်ဆောင်ပြီး ရိုက်ကူးခဲ့ပါတယ် ။ ဒီဇာတ်ဝင်ခန်းဟာ ဘယ်လောက် Tense
ဖြစ်သလဲဆိုတာ ကြည်ဖူးသူတွေသိကြပါလိမ့်မယ်။ ဒီဇာတ်ဝင်ခန်းကိုရိုက်ကူးဖို့ မဖြစ်နိုင်ဘူးလို့
ပါရာမောင့်ရုပ်ရှင်ရဲ့ Production အဖွဲ့ကဆိုသတဲ့ ။ ဒါကြောင့်တွမ်ဟာ ဒီဇာတ်ဝင်ခန်းကိုဖြစ်အောင်
ရိုက်နိုင်တဲ့ ထုတ်လုပ်ရေးအဖွဲကိုသူ့ဘာသာရှာဖွေပြီး ရိုက်ကူးခဲ့ရပါတယ် ။ ဒီအဖွဲ့က တွမ်လိုအပ်တဲ့
ဘေးကင်းရေးအစီအစဥ်တွေအကုန်လုံးလုပ်ပေးပြီး ရိုက်ကူးခဲ့ပါတယ် ။ ပထမအကြိမ်ရိုက်ကူးမှုမှာ
တွမ်ခရုစ်ရဲ့ခေါင်းနဲ့ အဆောက်အဦးရိုက်မိပြီး ရိုက်ကွင်းကိုဖျက်ရမလိုဖြစ်ခဲ့ပါသေးတယ်တဲ့ ။
ဒါပေမယ့် ဒုတိယမြောက်ရီဟာဇယ်မှာပဲ ဒီဇာတ်ဝင်ခန်းကိုအောင်အောင်မြင်မြင်နဲ့ ရိုက်ကူးနိုင်
ခဲ့ပါတယ် ။ ဒုတိယရီဟာဇယ်ကို အောင်အောင်မြင်မြင်နဲ့ရိုက်အပြီးမှာပဲ ရိုက်ကူးရေးအဖွဲ့တွေဟာ
တယောက်မျက်နှာတယောက်ကြည့်ပြီး " သြော် .. ဒါကြောင့်လည်းတွမ်ခရုစ်ရယ်လို့ နာမည်ကြီးတာကိုး "
ဆိုပြီး မှတ်ချက်ချကြပါတယ်ဆိုတဲ့အကြောင်းကို Skydance ရဲ့ CEO အယ်လီဆန်က အမှတ်တရ
နဲ့ပြောပြပါတယ် ။ မကြည့်ရသေးရင် ကြည့်လိုက်ကြပါဦးနော် ။ အဲဇာတ်ဝင်ခန်းဟာဘယ်လောက်
Tense ဖြစ်တယ်ဆိုတာကို ခံစားကြည့်ပါဦး ။
.
ဒါတွေတင်မကသေးဘူး ဂြိုလ်သားတွမ်ခရုစ်ဟာ သူ့ရဲ့နောက်ဆုံးထွက်ပြီး ရုံတင်ဝင်ငွေဒေါ်လာ တစ်ဘီလီယံ
ကျော်ရထားတဲ့ Top Gun - Maverick မှာလည်းလေယာဥ်ကို အန္တရာယ်ဖြစ်လောက်အောင် နိမ့်နိမ့်လေး
ပျံသန်းပြခဲ့ပါတယ် ။ တွမ်ဟာမြေပြင်ကနေ ပေ ၃၀ အကွာကနေနိမ့်ဆင်းပြီး အမှန်တကယ်ပျံသန်းပြခဲ့ပါတယ် ။
ဒါကို အမေရိကန်ရေတပ်က လေယာဥ်မှုးတွေကပါ တွမ်ကိုအသိအမှတ်ပြုချီးကျူးခဲ့ပါတယ် ။
ရုပ်ရှင်အများစုမှာ သရုပ်ဆောင်တွေလေယာဥ်မောင်းတာဟာ အထူးပြုလုပ်ချက်တွေ ၊ ဖြတ်ညှပ်ကပ်နဲ့
Edit တွေလုပ်ကြပေမယ့် Top Gun - Maverick မှာတော့ တွမ်ကိုယ်တိုင် အမေရိကန်ရေတပ်ရဲ့
F-18 ကိုမောင်းတယ် ။ လေယာဥ်ပျံသန်းတဲ့ ဇာတ်ဝင်ခန်းတွေကို လေယာဥ်ရဲ့ Cockpit မှာကင်မရာဆင်ပြီး
အမှန်တကယ်ကို ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ် ။ တွမ်ဟာ အမေရိကန်ရဲ့လေယာဥ်တင်သဘော်ပေါ်ကနေ လေယာဥ်အတက်အဆင်းကို အမှန်တကယ်ပြုလုပ်တဲ့ ပထမဦးဆုံးသော သရုပ်ဆောင်လည်းဖြစ်လာပါသတဲ့ ။
.
တွမ်ရဲ့ အခြားသောရုပ်ရှင်တွေဖြစ်တဲ့ Mummy မှာလည်း ပေ ၂၅၀၀၀ ကနေ လေယာဥ်ပျက်ကျပြီး
Free Fall ကျတဲ့ဇာတ်ဝင်ခန်းကို အမှန်တကယ် ခက်ခက်ခဲခဲရိုက်ကူးခဲ့ပါတယ် ။ လေယာဥ်ဟာ လေထဲမှာ
၂၂ စက္ကန့်အကြာအထိ Free Fall ကျနေခဲ့တယ်လို့ဆိုပါတယ် ။
.
အခြားသောရုပ်ရှင်တခုဖြစ်တဲ့ Edge Of Tomorrow မှာလည်း ၈၅ ပေါင် လေးတဲ့ Suit ကြီးကို
CGI မသုံးပဲ အမှန်တကယ် ဝတ်ဆင်ပြီးရိုက်ကူးခဲ့တာပါ ။ ဒါကြီးဝတ်ရတာ အဆင်မပြေတဲ့အပြင်
စိတ်ပိုင်းရော ၊ ရုပ်ပိုင်းဆိုင်ရာပါ အနှောက်အယှက်ဖြစ်တယ်လို့ဆိုပေမယ့် ပြီးစလွယ်မလုပ်တတ်တဲ့
တွမ်ကတော့ မငြီးမငြူပဲ ဒီဝတ်စုံကြီးကိုဝတ်ပြီး ဇာ်တလမ်းပြီးသည်အထိ သရုပ်ဆောင်ခဲ့ပါတယ်တဲ့ ။
၈၅ ပေါင်ဆိုတာ နည်းတဲ့အလေးချိန်မဟုတ်ဘူး ။ ဒါကြီးလည်းဝတ်ရသေး သရုပ်လည်းဆောင်ရသေး
ဆိုတာ တွမ်လို ဂြိုလ်သားသရုပ်ဆောင်မှသာ လုပ်နိုင်ပါလိမ့်မယ်။
.
တွမ်ခရုစ်ရဲ့ နောက်ထွက်မယ့်ရုပ်ရှင် Mission Impossible - 7 မှာလည်း ဆိုင်ကယ်စီးတဲ့ဇာတ်ဝင်ခန်းအတွက်
ဆိုင်ကယ်စီးခြင်းကို အကြိမ်ပေါင်း ၁၃၀၀၀ လောက်လုပ်ထားတယ်ဆိုတပဲ ။ ထောင့်သုံးရာမဟုတ်ဘူးနော် ။
တစ်သောင်းသုံးထောင်နော် ။ လေ့ကျင့်တဲ့အကြိမ်အရေအတွက်ကို ၁၃၀၀၀ လောက်လုပ်ထားတဲ့ စတန့်
တွေကဘယ်လိုတွေလာဦးမယ်မသိဘူး ။ ရုပ်ရှင်တော့မထွက်သေးပေမယ့် ဒီသတင်းကြားတာနဲ့တင်
ပါးစပ်အဟောင်းသားဖြစ်နေပါပြီ ။ ကြည့်ဖို့လည်း စိတ်အားသန်နေပါပြီ ။
.
Tom Cruise ဟာအက်ရှင်ဇာတ်ဝင်ခန်းတွေကို ပိုင်နိုင်သူဖြစ်ရုံသာမက Drama ဇာတ်ရုပ်တွေမှာလည်း
ဆရာတဆူဖြစ်ပါတယ်ဆိုတာကို သူ့ရဲ့ Rain Man တို့ Mongolia တို့ Venila Sky တို့ကိုကြည့်ရင်လည်း
သိနိုင်ပါတယ် ။
.
ငယ်ငယ်ကတည်းက လေတိုက်ခံနေရတဲ့သစ်ပင်အမြင့်ကြီးတွေပေါ်ကိုတက် ၊
အိမ်ခေါင်မိုးပေါ်တက်စတဲ့စတန့်အကွက်ပေါင်းစုံကို ပြုလုပ်ခဲ့သူ တွမ်ခရုစ်ကတော့
ငယ်ငယ်ကတည်းက အရိုးကျိုးခြင်း ၊ သွားကျိုးခြင်းစတဲ့ ဒဏ်ရာအနာတရပေါင်းစုံလည်း
ရခဲ့ဖူးပါတယ် ။ အခုချိန်မှာတော့ သူပါဝင်သရုပ်ဆောင်ထုတ်လုပ်တဲ့ဟောလိဝုဒ်ရုပ်ရှင်တွေရဲ့
စတန့်ဇာတ်ဝင်ခန်းတွေကို ကိုယ်တိုင်သရုပ်ဆောင်သူဖြစ်နေပါပြီ ။
မကြာသေးခင်ကမှ အသက် ၆၀ ပြည့်တဲ့ Tom Cruise ကတော့ ဟောလိဝုဒ်ရဲ့ မက်ဂါအက်ရှင်စတား
ကြီးပါပဲ ။ အသက် ၆၀ မှအနားယူချိန်အထိ စတန့်တွေကိုဘေးကင်းကင်းပြုလုပ်နိုင်ပါစေကြောင်း
ဆန္ဒပြုပါတယ်
There is no love or hate.....
ReplyDeletePeaceful world.........
Flowers are born.......
Because of the fragrance of love......
No one can reap,just stare.........
Cross the river where the water is drying up.......
Fly where you want to fly.........
Do not look back...........
Let the stars and the stars live in the sky..........
(Do not let the stars erupt again)......
.............❤Htet........
SUCCEED.
Delete❤️💜
ReplyDelete❤️💜
Delete❤️💜
DeleteDone
ReplyDeleteDone 💪
ReplyDelete🤜🤛✊✊✊
ReplyDeleteDone.
ReplyDeleteAmazing man😳 ✌️🍀
ReplyDeleteမင်မင်ပြောလို့ ဟိုရက်က ကြည့်လိုက်တယ်ဗျ။
ReplyDeleteMy idol
Deletedone
ReplyDeleteDone
DeleteDoneပါဗျာ🍚🤍
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteWheel........dope.🏹🏹🏹
Delete🐝
ReplyDeleteSUCCEED.
ReplyDeleteDoneပါဗျာ🍭☁️
ReplyDeleteMy fav man 🦋🌼🤗
ReplyDelete🍁🍁🍁
ReplyDeleteDone💜
ReplyDeleteရုပ်က တို့ကောင်လေးနဲ့တူတယ်
ReplyDelete🕊
ReplyDelete🍀🍀✌️
DeleteDone 🍀
ReplyDeleteSuperman
ReplyDeleteAppreciate.
ReplyDeleteDone 💙
ReplyDeleteAgain 💙
Delete💙
Delete👌👌👌👌👌👌
ReplyDeleteDone💕
ReplyDelete💪💪💪💪💪
ReplyDelete