TWICE အဖွဲ့က Nayeon ရဲ့ "POP!" သီချင်းအသစ်

 


June 24 ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် TWICE အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Nayeon ရဲ့ "I'M NAYEON" solo album ထွက်ရှိခဲ့ပြီး ယခု July လ 1ရက်နေ့မှာတော့ အဆိုပါ album ထဲမှ POP! သီချင်းရဲ့ music MTV ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ album တွင်

  1. POP!
  2. No Problem
  3. Love Countdown
  4. Candyfloss
  5. All Or Nothing
  6. Happy Birthday To You
  7. Sunset ဆိုတဲ့

 သီချင်း 7 ပုဒ်ပါဝင်မှာဖြစ်ပြီး Title song တစ်ပုဒ်ဖြစ်တဲ့ POP! က အရင်ဆုံး MTVထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

လူငယ်အမျိုးသားထုရဲ့ အသည်းစွဲ Nayeonရဲ့ ချစ်စရာကောင်းမှုတွေ ချိုမြတဲ့ အသံလေးတွေကို တဝကြီးကြည့်ရှု့ခံစားရဦးမှာပါ။

ဒါ့အပြင် Running Man ကို TWICE အဖွဲ့ လာကစားစဉ်ကလည်း Nayeon ရဲ့ နာမည်စာလုံးနဲ့ ကဗျာစပ်ပြတဲ့ ပုံစံလေးက အရမ်းချစ်စရာကောင်းပြီး hit ဖြစ်သွားခဲ့တာကြောင့် Running man ပရိသတ်တွေရဲ့ အချစ်ကိုပါ ရရှိသွားတဲ့သူလေး ဖြစ်ပါတယ်။


Comments

  1. Wheel..........dope.🏹🏹🏹

    ReplyDelete

Post a Comment