“What is Phone ?? “

 


အခု ဒီမေးခွန်းကိုပြလိုက်လို့ ခင်ဗျားတို့အတွေးထဲမှာ ဖုန်းဆိုတာ ပွတ်လို့ကိုင်လို့ရတယ်လေ ဘာမို့လို့လဲ လို့ တွေးနေကြမယ်ထင်တယ်။အမှန်ကတော့ ဖုန်းဆိုတာ အဲ့လောက် မရိုးရှင်းပါဘူး။

Welcome 🤗

ဖုန်းတစ်လုံးမှာ အခြေခံအနေနဲ့ SOC , Display , Battery , Camera ဒါတွေပါလေ့ရှိပါတယ်.


အရင်ဆုံး SOC အကြောင်းပြောပြမယ်

SOC မှာ အပိုင်းအစအသေးလေးတွေ အများကြီးရှိပါတယ်။အဲ့ထဲကမှ အရေးကြီးတဲ့ အပိုင်းအစ လေးခုဖြစ်တဲ့ CPU , GPU , ISP နဲ့ MODERM to အကြောင်းတွေကို ရှင်းပြပေးပါမယ်

Snapdragon 7 Gen 1

CPU (Central Processing Unit) 🌐

CPU ကတော့ ဖုန်းရဲ့အဖွင့်အပိတ်ကအစ အလုပ်တော်တော်များ သူကမပါမဖြစ်အနေနဲ့ ပါ၀င်ပြီး Clock speed , Core speed , Architecture တွေပေါ်မူတည်ပြီး မြန်ပါတယ်။CPU မှာ big cores နဲ့ small cores တွေ ရှိပြီး လုပ်ဆောင်မှုလိုအပ်နေတဲ့နေရာမှာ big cores ကို ထုတ်သုံးပြီး small cores ကိုကျတော့ Fb သုံးသလိုမျိုး အသေးစားလုပ်ဆောင်မှု တွေလုပ်တဲ့အခါမျိုးမှာ သုံးလေ့ရှိပါတယ်။


GPU(Graphics Processing Unit) 🌴

GPU က အခုအားလုံးနားလည်ထားကြတာတော့ Game တွေရဲ့ Graphics ကို မြှင့်နိုင်အောင် လုပ်ပေးထားတယ်လို့မြင်ကြပါတယ်။အမှန်ကတော့ အဲ့ထက်ပိုပါတယ်။GPU ဆိုတဲ့ ကိုယ်ပွတ်လိုက်ရွှေ့လိုက်တဲ့ Animation ကို Display မှာရှိတဲ့ pixel သောင်းနဲ့ချီ ထောင်နဲ့ချီပေါ်ကို ရောက်အောင် လုပ်ပေးနေတာ ဖြစ်ပါတယ်။


GPU တွေမှာ 

Qualconn ကထုတ်တဲ့ Adreno GPU

MediaTek ကထုတ်တဲ့ Mali GPU

Power VR စသဖြင့် ရှိပါတယ်။

Media Dimensity 9000

ISP(Image Processing Unit) 📸

Image Processing Unit ဆိုတဲ့အတိုင်းပဲ Camera က ရိုက်လိုက်တဲ့ပုံ အတတ်နိုင်ဆုံး ကောင်းအောင် Optimize လုပ်ပေးပြီး ISP ကောင်းရင်ကောင်းသလောက် ပုံထွက်မြန်ပြီး ပိုလည်းလှပါတယ်။Camera ဘယ်လောက်ကောင်းပါစေ ISP မကောင်းရင် ဘယ်လိုဖြစ်မလဲဆိုရင် Ig effect မပါတဲ့ ပုံလိုမျိုးဖြစ်နေပါလိမ့်မယ် 🤣

ISP အပြင် MPU လို့ခေါ်တဲ့ Ai စနစ်ကလည်း ISP နဲ့ တွဲဖက်အလုပ်လုပ်ပြီး MPU က ကိုယ်ရိုက်မယ့်ပုံက ခွေးလား လူလား ဆိုတာကို ဆုံးဖြတ်ပြီး ထိန်းညှိပေးမှာ ဖြစ်ပါတယ်။


Moderm က အဓိကအားဖြင့် ဖုန်းရဲ့ဆက်သွယ်မှုပိုင်းကို တာ၀န်ယူတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။4G , 5G လိုမျိုး အင်တာနက်ကွန်ရက်တွေနဲ့ WiFi , Bluetooth ဒီလို Connection တွေကို ဖုန်းသို့အချိတ်အဆက်မိအောင် Moderm က ပြုလုပ်ပေးရပြီး ကိုယ့်ဖုန်းမှာပါတဲ့ Moderm ပေါ်မူတည်ပြီး အင်တာနက် အမြန်နှုန်း နဲ့ အင်တာနက်လိုင်း ဘယ်နှစ်တိုင်မိလဲဆိုတာကအစ ကွာနိုင်ပါတယ် ပြီးတော့ Cellular Moderm , WiFi Moderm , Bluetooth Moderm အဲ့လိုမျိုး ရှိပါတယ်ဗျ

SOC တွေကို ထုတ်ဝာဲ့ နာမည်ကြီး Company တွေက

MediaTek

Huawei 

Samsung

Apple တွေက SOC တွေကို ထုတ်လေ့ရှိပါတယ်။

Dimensity 9000 SOC ပါ၀င်မည့် Xiaomi 12S Pro

Qualcomm က Snapdragon

Huawei က Kirin

SOC မှာလည်း entry , Midrange , Upper Midrange , High-end စတဲ့ အမျိုးအစားတွေလည်း ရှိပါသေးတယ်။



By AdmF

Comments

  1. -ပို၍လှတဲ့မနက်ခင်းလေးတစ်ခုပိုင်ဆိုင်ချင်တယ်...
    -ဒီနေ့ထက်ပိုလှတဲ့သောက်ကြာနေ့ကိုရောက်ချင်တယ်...

    -အနာဂတ်မှာရင့်ကျက်ပြီးတည်ငြိမ်တဲ့သူတယောက်လောက်ပဲမိတ်ဖွဲ့ချင်တော့တယ်...

    -နောက်ကျောဓားနဲ့ထိုးဖို့စောင့်နေတဲ့သူငယ်ချင်းအမည်ခံလေးတွေလဲမေ့ပစ်ချင်တယ်....

    -ဟာလာဟင်လင်း ရင်ဘတ်ကြီးကိုလဲ ချစ်တတ်အောင်ကျင့်ပေးခြင်တယ်...

    -ပန်းရနံ့သင်းပျံနေတဲ့ ခရမ်းရောင်အိပ်မက်လေးတစ်ခုလောက်ပဲမက်ချင်မိတော့တယ်...

    -လေးလံနေတဲ့စိတ်တွေကို သဘာဝတရားကြီးဆီလက်ဆောင်ပေးလိုက်ချင်တယ်...

    -ဒီနေ့ထက်ပိုသင့်တော်တဲ့ရင့်ကျက်မှုတစ်ခု မနက်ဖြန်ငါပိုင်ဆိုင်ချင်ပြီ....

    -အားလုံးထက် ပိုကောင်းတဲ့စိတ်လေးထားဖို့ ငါကြိုးစားနေဆဲ...

    -တခြားသူမဟုတ်တဲ့မင်းဆီက အကြင်နာစကားလေးလဲကြားဖူးချင်တယ်.......

    I want to have a more beautiful morning ...
    I want to have a better friday than today ...

    I want to make friends with someone who is mature and stable in the future ...

    I also want to forget the names of my friends who are waiting to be stabbed in the back...

    - I want to train my heart to love In my bosom that no longer feel anything like robots...

    I just want to have a purple dream that smells like flowers ...

    I want to give a heavy heart as a gift to nature ...

    Tomorrow I want to have a more appropriate maturity than today ....

    I'm still trying to be a better person ...

    I want to hear a kind word of love from you who is not someone else .......

    ............❤Htet............

    ReplyDelete
  2. Wheel.............dope.🏹🏹🏹

    ReplyDelete

Post a Comment