What is phone?

 "What is phone"



(PART 2)


Phone တစ်လုံးမှာ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေရတဲ့ မျက်စိနဲ့မြင်နေရတဲ့ အရာတစ်ခုရှိပါတယ်။


အဲ့တာ Ui ဖြစ်ပါတယ်။


ဟုတ်ပါတယ် ဒီနေ့ Ui(User interface) အကြောင်း အနည်းငယ်ပြောဆိုသွားမှာ ဖြစ်ပါတယ်။


Ui ကို မပြောခင် Os ကို အရင်ရှင်းပြရလိမ့်မယ်။Os(Opreation system) ဆိုတာ အခု ကျွန်တော်တို့ဖုန်းတွေမှာ မြင်နေရတဲ့ icon တွေ . Animation တွေ . WiFi တွေ ဘာတွေကို ဖုန်းကနေနှိပ်လိုက်တိုင်း ရွေ့သွားတဲ့ အရွေ့တစ်ခုဆီတိုင်းကို ကျွန်တော်တို့ Os ကနေ တစ်ဆင့်လုပ်ရပါတယ်။


Os အနေနဲ့ Android , Harmony Os , IOS တွေကတော့ နာမည်အကြီးဆုံးနဲ့ အသုံးများဆုံး Os တွေဖြစ်ပါတယ်။


Android ကတော့ အတော်များများ ဖုန်းတွေမှာ မြင်တွေ့နိုင်ပြီး Harmony Os ကတော့ Huawei ဖုန်းတွေမှာ တွေ့မြင်နိုင်ပါတယ်။IOS ကတော့ IPhone , IPad အစရှိတဲ့ Apple products တွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။


Ui အကြောင်းဆက်ရှင်းရမယ်ဆိုရင် Ui ဆိုတာ Os ကို လိုသလို ပြုပြင်ဆွဲသုံး အလှပြင်ဆင်ခြယ်သထားတာလို့ ဆိုလို့ရပါတယ်။နဂို Android ကနေ Samsung ရဲ့ One Ui ဖြစ်လိုက် ၊ Xiaomi ရဲ့ Miui ဖြစ်လိုက်ပါပဲ


Ui တစ်ခုနဲ့တစ်ခုက မတူတာတွေအများကြီးရှိပြီး ပုံစံတွေကလည်း အများကြီးကွဲပြားသွားတာများပါတယ်။ စာဖတ်သူအနေနဲ့ လက်တွေ့ကျကျ သိချင်တယ်ဆိုရင်


Tecno - HiOs

Samsung - One Ui

Xiaomi , Redmi , Mi , Blackshark , POCO - Miui

Oppo , OnePlus - ColorOs

အစရှိသဖြင့် Ui တွေကို YouTube မှာ ယှဉ်ပြထားတာတွေ အများကြီးရှိပါတယ်။


Android ကလည်း လက်ရှိမှာ Android 12 ထိ ရောက်ရှိနေ့ပါပြီ။


ကိုယ့်ဖုန်းက ဘာ Ui သုံးထားလဲ သိချင်ရင်

Setting>about phone ဒါမှမဟုတ် setting>search bar>full spec လို့ ရိုက်ရှာလိုက်ရင်လည်း ဘာ Android အခြေပြု *** Ui ဆိုပြီး မြင်တွေ့ရပါလိမ့်မယ်။


ကဲ ဒီနေ့ဆိုရင် Ui နဲ့ Os ကွဲပြားသွားကြမယ်လို့ ယုံကြည်ပါတယ်။ နောက်ရက်တွေမှာလည်း တခြား ဗဟုသုတတွေနဲ့ အတူပြန်လာခဲ့ပါမယ်။


Ui - User interface 

OS - Opreation system

Comments

  1. Thanks for knowledge sharing

    ReplyDelete
  2. Wheel.............dope.🏹🏹🏹

    ReplyDelete
  3. Done✧⁠\⁠(⁠>⁠o⁠<⁠)⁠ノ⁠✧

    ReplyDelete

Post a Comment