Beauty Standard

 

ကိုရီးယားနိုင်ငံရဲ့ Beauty Standard 




လူတစ်ယောက်က အသားဖြူရင်လှဝာာလား၊ အသားမည်းရင်လှတာလား၊ ပိန်ရင်လှတာလား၊ ဝရင်လှတာလား ???


ဒီမေးခွန်းလေးရဲ့အဖြေကတော့ နေရာဒေသတစ်ခုရဲ့ Beauty Standard နဲ့ပဲ ဆိုင်ပါမယ်။ ဥပမာ - အာဖရိကမှာဆိုရင် အသားအရေညိုစိုနေတဲ့သူကို ပတ်ဝန်းကျင်က အချောလေးလို့ သတ်မှတ်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံလိုနေရာမှာတော့ များသောအားဖြင့် အသားအရည်ဝါဝင်းတဲ့သူ‌ကို လှပတယ်သတ်မှတ်ကြမှာပါ။


ဒီတော့ ကိုရီးယားနိုင်ငံမှာ ဘယ်လိုအသွင်အပြင်ရှိတဲ့သူကို လှပတယ်လို့ သတ်မှတ်ကြသလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။


1.Small Face


Korea နိုင်ငံမှာ မျက်နှာသေးတဲ့လူတွေကို လှပတယ်လို့သတ်မှတ်ကြပါတယ်။ မိန်းကလေးတွေကော ယောက်ျားလေးတွေပါ မျက်နှာသေးမှလှတယ်လို့ ထင်တဲ့ အယူအဆရှိကြတာကြောင့် မျက်နှာကို V shape ဖြစ်အောင် ပြုပြင်တဲ့ ပလက်စတစ်ဆာဂျရီတွေ ပြုလုပ်ဝာာ ခေတ်စားကြပါတယ်။ 



2. Big Eyes


ကိုရီးယားလူမျိုးတွေက မျက်နှာသေးပြီး မျက်လုံးကြီးတာမျိုးကို လှတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် မျက်ရစ်တစ်ခုပဲပါတဲ့ သူတွေမှာဆိုရင် မျက်လုံးမှေးတာကြောင့် သူတို့ရဲ့ Beauty Standard အရ မလှဘူးလို့ထင်ကြပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံမှာ မျက်ရစ်ခွဲစိတ်တဲ့ Surgery လည်း ခေတ်စားပါတယ်။


3. Pale Skin 


အသားအရည်မှာဆိုရင်လည်း အနောက်နိူင်ငံတွေမှာ Tan Skin လို့ခေါ်တဲ့ ညိုညက်ညက်အရောင်ကို လှတယ်လို့ သတ်မှတ်ကြသလို ကိုရီးယားမှာတော့ ဖြူဖျော့ပြီး Pale ဖြစ်တဲ့အသားအရည်ကို လှတယ်လို့ သတ်မှတ်ကြပါတယ်။ 


4. Slim body


Korea ကားတွေထဲကမင်းသမီးတွေရဲ့ ခန္ဓာကိုယ်အချိုးအစားကိုပဲ ကြည့်ရင်တောင် အဲ့ဒီ့နိုင်ငံမှာ ဘယ်လို Body မျိုးကို လှတယ်လို့သတ်မှတ်ကြသလဲဆိုတာ သိနိုင်ပါတယ်။ သေးသွယ်ပြီး ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကိုမှ လှတယ်လို့ သတ်မှတ်ကြပါတယ်။ 



မြန်မာနိုင်ငံမှာလည်း K drama တွေအကြည့်များကြတယ်‌ဆိုတော့ မြန်မာနိုင်ငံရဲ့ Beauty Standard ကလည်း Korea နဲ့ သိပ်မကွာဘူးလို့ထင်ပါတယ်။


သင့်ရဲ့ Beauty Standard ကကော Korea နိုင်ငံ ရဲ့ Beauty Standard နဲ့ထပ်တူကျပါသလား။


Comment မှာမျှဝေခဲ့လို့ရပါတယ်။

Comments

Post a Comment