ငါးတွေ ဘာလို့ အသက်ရှု မကြပ်တာလဲ

 

🌀ငါးတွေ ရေအောက်မှာ ဘာလို့ 

အသက်ရှူမကြပ်ဘဲ နေထိုင်နိုင်တာ

လဲ ?🌀





ငှက်တွေလေပေါ်မှာပျံ၊ လူတွေကုန်းပေါ်မှာနေ၊ ငါးတွေရေထဲမှာနေတယ်ဆိုတာကိုတော့ ကလေးကအစသိပြီးသားပါ။ ဒါပေမယ့် ဘယ်လိုထူးခြားချက်တွေရှိလို့ ငါးတွေရေအောက်မှာ နေနိုင်၊ အသက်ရှုနိုင်တာလဲ‌ဆိုတာကို လေ့လာကြည့်ရအောင်။


1.ကိုယ်ခန္ဓာ


ငါးတွေမှာ လွန်းပုံသဏ္ဍန်ရှည်မြောပြီး အကြေးခွံအုပ်ထားတဲ့ ကိုယ်ခန္ဓာ ရှိပါတယ်။ ဒီလို ကိုယ်ခန္ဓာရှိတာကြောင့် အကြမ်းခံပြီး ရေစီးအတိုင်း ‌လျှင်လျှင်မြန်မြန် ရွေ့လျားသွားလာနိုင်ပါတယ်။


2.အရိုးအဆစ်


ငါးတွေရဲ့အရိုးတွေဟာ သေးမျှင်ပြီး ကျောရိုးကလည်း ကွေးလွယ်ဆန့်လွယ်ရှိပါတယ်။ ရေထဲမှာ ရှင်သန်ဖို့အတွက် ဒီလို အရိုးအဆစ်တွေနဲ့‌ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။


3.ပြားချပ်နေတဲ့ ရေယပ်နှင့် အမြီး


ဒီလို ရေယပ်တွေ အမြီးတွေရှိတာကြောင့် ရေကူးတဲ့နေရာမှာ လိုရာ Direction ကို လိုသလို လှည့်ပတ်သွားလာကူးခပ်နိုင်သွားပါတယ်။


4.ရေထဲမှာအသက်ရှူနိုင်တဲ့ ပါးဟပ်


လူတွေဟာ နှာခေါင်းနဲ့ လေကို အသက်ရှူပါတယ်။ ရလာတဲ့လေထဲက Oxygen တွေကို အဆုတ်ကနေတဆင့် သွေးထဲကို ပို့ပေးပါတယ်။ ဒီလိုနည်းနဲ့ကုန်းပေါ်မှာ ရှင်သန်ကြပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရေထဲမှာအသက်ရှူလိုက်ရင် အဆုတ်ထဲရေဝင်ပြီး သေသွားမှာပါ။ ဒါဆိုရင် ငါးတွေက ဘယ်လိုရှင်သန်ကြသလဲ ?


ငါးတွေက ပါးဟပ်နဲ့အသက်ရှူကြပါတယ်။ ဒီပါးဟပ်လေးတွေကြားထဲကို ရေတွေဝင်လာရင် ရေထဲက Oxygen ကိုစုပ်ယူလိုက်ပါတယ်။ အဲ့ဒီ့‌ Oxygen ကို ပါးဟပ်ထဲက သွေးကြောမျှင်လေးထဲကို ပို့ပေးခြင်းဖြင့် ရေအောက်မှာအသက်ရှင်ကြပါတယ်။ 


တကယ်လို့ ငါးတစ်ကောင်ကို ကုန်းပေါ်ပစ်တင်လိုက်ရင် လူတစ်ယောက်ကို ရေထဲပစ်ချလိုက်သလို အသက်ရှူကြပ်သွားမှာပါ။ 


ဒါက ဘာလို့လဲဆိုတော့ သူ့အတွက်အသက်ရှူပေးနေတဲ့ ပါးဟပ်ထဲက အလွှာလေးတွေ ကပ်သွားပြီး Oxygen မရနိုင်‌တော့လို့ပါ။ 



နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေ ရှာဖွေပြီးပြောပြပေးမှာမို့ နေ့စဉ်ကလစ်ဖို့ မမေ့ပါနဲ့နော်။

Comments

Post a Comment