ကိုယ်ချင်းစာပါတယ်

 

"ကိုယ်ချင်းစာပါတယ်"


ဒီစကားကကြားရတာ နားရည်ဝနေပါပြီ...


အချို့ကတော့

ပြသနာတခုခုနဲ့ ကြုံတိုင်း

အဆင်မပြေတာ တခုခုနဲ့ ကြုံတိုင်း

ဖြည်သိမ့်ပေးတဲ့အနေနဲ့ ပြောကြတယ်...


အချို့ကတော့

ငါသာ မင်းနေရာမှာဆိုရင်

ငါသာ အဲ့နေရာမှာ ဆိုရင် ဆိုပြီး

အားမလို အားမရနဲ့

အပြစ်တင်ပြောဆိုတာမျိုးလဲ

ရှိကြပါတယ်...


ဒါက အရေးမကြီးသေးပါဘူး...

အရေးကြီးတာက တကယ်ရော

ကိုယ်ချင်းစာတတ်ကြရဲ့လား...???


ကိုယ်ချင်းစာ တရား အကြောင်း

ဆရာမိုးရှင်း (I M T ) ရေးတာလေးကို

လွန်ခဲ့တဲ့( လ ) ပိုင်းလောက်က ဖတ်မိတယ်...


ကိုယ်ချင်းစာတော့မယ်ဆိုရင်

ကိုယ့်မှာ သိတဲ့ အသိတွေ

ကိုယ့်မှာ ရှိတဲ့ ခံယူချက်တွေ

အကုန် ထားခဲ့ ပါ....


ပြီးရင်...ကိုယ်က သူ့နေရာ ကို ဝင်ကြည့်ပါ...

အမြင်တမျိုးဖြစ်သွားရော...


သူတို့ ရှင် သန်ခဲ့တဲ့ ပတ်ဝန်းကျင်က

ကိုယ် ရှင် သန်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့

မတူဘူးလေ...


ကိုယ့်ခံယူချက် ခံစားချက်က

သူ့ခံယူချက် ခံစားချက်နဲ့ 

မတူဘူးလေ...


ကိုယ့်က ဒါမျိုး ကြုံရင်

ဒါမျိုး နှလုံးသွင်းပေးမဲ့


သူက ဒါမျိုး ကြုံရင်

အခြား နှလုံးသွင်းတခု သွင်းမှာပေါ့

( ကောင်းတဲ့နှလုံးသွင်း ဖြစ်နိုင်သလို

ဆိုးတဲ့ နှလုံးသွင်းလဲ ဖြစ်နိုင်တာပဲလေ )


ကိုယ့်အတွက်က တန်ဖိုးကြီးဖြစ်နေပေမဲ့

သူ့အတွက်တော့ Zero ဖြစ်နေနိုင်တယ်လေ


သူ့အတွက်က တန်ဖိုးကြီးပေမဲ့

ကိုယ့်အတွက်တော့ Zero ဖြစ်နေပြန်ရော...


ဒီတော့...လူတယောက်ကို နားလည်ဖို့

တကယ် ကိုယ်ချင်းစာဖို့ဆိုတာက

အဲ့လူ နေရာ ကို ( 100% ) ဝင်ကြည့်ပါ..

ကိုယ့်မှာ သိတဲ့ အသိတွေ

ဗဟုသုတ တွေ အကုန်ထားခဲ့ပြီး...


ကိုယ် ....ကိုယ်ချင်းစာမဲ့ လူထဲကို

ပြည့်ပြည့် ဝ ဝ...ဝင်ပြီး...

ပြည့်ပြည့် ဝ ဝ...ခံစားကြည့်ပါ...


မတူညီတဲ့ 

အဖြေတခုတော့ သေချာပေါက်

ထွက်လာပါလိမ့်မယ်.....


ဒါဆို ကိုယ်ချင်းစာတရားက

တစုံတယောက်ကို

​နားလည်ပေးဖို့ရန်အတွက်

တန်ဖိုးရှိတဲ့  မျက်လုံးလေးဖြစ်လာပါလိမ့်မယ်...


လိုအပ်ချက်များစွာဖြင့် 

#နောင်ချိုသွေး

Comments

  1. Replies
    1. တကယ် ကိုယ်ချင်းစာဖို့ဆိုတာက

      အဲ့လူ နေရာ ကို ( 100% ) ဝင်ကြည့်ပါ..

      ကိုယ့်မှာ သိတဲ့ အသိတွေ

      ဗဟုသုတ တွေ အကုန်ထားခဲ့ပြီး...

      Delete
  2. Wheel.................dope.🏹🏹🏹

    ReplyDelete
    Replies

    1. ချစ်သူရေ....
      စစ်မှန်တဲ့ကိုယ်ချင်းစာတရားဆိုတာ
      လူသားဆန်သော
      သိပ်လှတဲ့အလှအပတခုပေါ့။

      ချစ်စရာကောင်းတဲ့
      လူသားဆန်မှုမှန်သမျှကို
      ဖျက်ဆီးခံနေရတဲ့
      ဒီကာလမှာတော့
      မင်းကိုရော၊မင်းအလှအပလေးကိုရော
      မထိခိုက်၊မပျက်စီးသွားစေဖို့
      မောင်ဆုတောင်းနေမိတယ်။

      Delete

  3. မတူညီတဲ့
    အဖြေတခုထွက်လာတာ
    အသေအချာပါပဲ
    ရှင်သန်နေထိုင်ကြတဲ့
    ပတ်ဝန်းကျင်မှ မတူကြတာ

    ReplyDelete

Post a Comment