အက်ဆေး

 

အက်ဆေး

ရသစာတမ်းဆိုသော အက်ဆေးအရေးသားကို စတင်သိကျွမ်းသည်မှာ ငယ်ကကျောင်းမှာသင်ခဲ့ရတဲ့ ဆရာဇော်ဂျီရဲ့ နွေဦးကျက်သရေနှင့်ကျွန်တော် ရသစာတမ်းဖြစ်သည်။၀တ္ထုလည်းမဟုတ်ဆောင်းပါးလည်းမဟုတ် အရေးသားကတစ်မျိုးဆိုပေမဲ့ စာရေးသူက သူမြင်ရာကိုသည်လိုတော့ရှိတယ် ငါတော့သညိလိုမြငိတယ်လို့ ပွင့်လင်းစွာ ညီငယ်တစ်ယောက်ကို နှမငယ်တစ်ယောက်ကိုပြောပြနေသလိုပင်။ပြင်သစ်စာရေးဆရာ လာဖောင်တိန်၏ အရေးသားသစ်ကို essais ဟုခေါ်ရာမှ အက်ဆေးဖြစ်လာခဲ့သည်ဟု ဆရာနေ၀င်းမြင့်က သစ်တောအုပ်အုပ်ကလေးဆိုသော အက်ဆေးတစ်ပုဒ်မှာရေးထားပါသည်။စာတမ်း၊အက်ဆေး၊စာမွန်အဖွဲ့၊အစမ်းစာ၊ စာတမ်းငယ်စသည်ဖြင့် တွင်ကျယ်ခဲ့သည်ဟုဆိုပါသည်။အက်ဆေးအကြောင်းရာကလည်းပေါ့ပေါ့ပါးပါးသို့ပေမဲ့ လေးနက်တဲ့ဘ၀အမြင်တွေပါနေတတ်သည်။အကြိုက်ဆုံးရသစာတမ်းမှာ ဆရာဇော်ဂျီရဲ့ ပုဂံမြို့ဟောင်းနှင့်ကျွန်တော်၊ဆရာမြသန်းတင့်ရဲ့ တမာနုချိန်စစ်တမ်းဆိုတဲ့ ရသစာတမ်းများဖြစ်ပါသည်။ပုဂံမြို့ဟောင်းနှင့်ကျွန်တော်မှာ ဆရာကြီးက သူပုဂံကို ဘယ်ရာသီဘယိချိန်မှာ သွားလည်ချင်ပုံ ပုဂံဘုရားတွေရဲ့ဗိသုကာကို ရွှေတိဂုံဘုရားဗိသုကာနဲ့နိှုင်းယှဥ္ကာ အနော်ရထာ ကျန်စစ်သားတို့ရဲ့စိတ်နေသဘောထား ရှေးခေတ်ပုဂံပြည်သားတို့ရဲ့စိတ်နေသဘောထားကို ရေးဖွဲ့သွားခဲ့သည်။တမာနုချိန်စစ်တမ်းမှာ ဆ ရာမြရဲ့နှစ်သက်မက္မောဖွယ်စကားလုံးများကို အသံထွက်ဖတ်ရသည်မှာအရသာရှိလှသည် ကိုယ်တိုင်အညာသားမို့ တမာနှင့်ရင်းနှီးသလို ဆရာလွမ်းသလို အညာကိုလွမ်းမိသည်။ဆရာမြက ဘာသာပြန်အက်ဆေးတွေလည်းရေးခဲ့သည်။နောက်ထပ်ကြိုက် မိသော ရသစာတမ်းရေးသောဆရာမှာ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ဖြစ်ပါသည်။ဆရာ့ရဲ့နာမည်​ကျော် လွတ်လပ်စွာလွမ်းဆွတ်ခွင့်အက်ဆေးက အရင်ခေတ်ကိုယိမြတ်နိုးရတဲ့သူတွေ မလွတ်မလပ်လွမ်းရတာကိုသတိရမိစေသည် ဥပမာ အိမ်မှာ ဗိုလိချုပ်ပုံမချိတ်ရခေတ်ကာလတွေကိုပေါ့။ရသစာတမ်းသည် တို့နံ့နံ့ဆိုပေမဲ့ ခံစားမှုရသအပြည့်ပါနေသည် စာရေးဆရာရဲ့ဘ၀အမြင်တွေ ခံစားချက်တွေ လောကအမြင်တွေ ပါနေတတ်သည်။ အက်ဆေးသည် ကျွန်တော်ကြိုက် မိနေသော စာပေအမျိုးစားဖြစ်သည် အချိန်ရှားပါးတဲ့ခေတ်မှာ တစ်ခဏနဲ့ ဘ၀အသိမြင်တွေ ရမဲ့အရေးသားမျိုးဖြစ်နေလို့လည်းပါပါလိမိ့မည်။

Comments

Post a Comment