စာ

 

“အိမ်တစ်လုံးရဲ့တန်ဖိုး မသိကြသူများ”

~~~~

ကိုယ့်သွေး ကိုယ့်ချွေးနဲ့ ကြိုးစားပြီး

တည်ဆောက်ထားတဲ့ အိမ် မပိုင်ဖူးသူက

အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။


ပြည်သူ့ပိုင် မြေနေရာ လိုင်းခန်းမှာ

စစ်တပ်ပိုင်လုပ်ပြီး အသင့်နေလို့ရတဲ့သူတွေက

အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။


အိမ်တိုင်းအိမ်တိုင်းက

တချိန် နိုင်ငံအနာဂတ်ကလေးတွေရဲ့

အဖိုးအနဂ္ဃထိုက်တဲ့ အရိပ်ဆိုတာကို မသိတဲ့သူတွေက

အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။


ကိုယ့်အိမ် ကိုယ်တည်ဆောက်တတ်တဲ့

တိရစ္ဆာန်ပုရွက်ဆိတ်လောက်ကို 

ဦးနှောက်မရှိတဲ့သူတွေက

အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။


အရိုင်းဆုံး စကား ပြောရလျှင်

ခွေးခြေခုံနဲ့ ပြာပုံကို နတ်ပြည်အမှတ်နဲ့

အိပ်တဲ့ အရိုးကိုက်ခွေးလိုလူတွေက

အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။


လင်းစက်✍️

Comments

  1. Replies
    1. ကျနော်က ခွေးချစ်တတ်တဲ့သူဆိုတော့ နှိုင်းရတာတောင်မနှိုင်းချင်ပါဘူ သူတို့နဲ့က နှိုင်းယှဥ်စရာ တိရစ္ဆာန်တောင်မရှိပါဘူး အရာရာတိုင်းက သူနေရာနဲ့သူ့ဖစ်တည်မှုတန်ဖိုးတွေရှိကြပါတယ် သူတို့ကလွဲရင်ပေါ့

      Delete
  2. ကလောင်ရှင်နာမည်သိနေတယ်😁

    ReplyDelete
  3. မွေးကတည်းက အသေတွေမွေးလာကြရမှာ သန္ဓေယုတ်တွေ

    ReplyDelete
  4. မှန်လိုက်တာဗျာ

    ReplyDelete
  5. Wheel...........dope.🏹🏹🏹

    ReplyDelete
  6. သူတို့က မွေးမလာသင့်တဲ့ အယုတ်တမာတွေလေ

    ReplyDelete

Post a Comment