ဂျွန်ရေ

 

ဂျွန်ရေ

    မင်းပြောခဲ့တဲ့လှပပါတယ်ဆိုတဲ့လောကကြီးကသွေးယောင်လွှမ်းခဲ့ပီ 

အားကြီးသူကအားနည်းသူကိုအနိုင်ကျင့် ကာမပိုင်ယောက်ကျားရှိတဲ့အမျိုးသမီးတွေကိုစော်ကားသတ်ဖြတ် ကလေးသူငယ်ရဟန်းသံဃာမကျန်ဖမ်းဆီး

တချိန်ကပန်းတွေနဲ့ဝေဆာခဲ့တဲ့လမ်းကသွေးတွေရဲလို့

ယမ်းနံံ့တွေကနေရာတတိုင်းမယ်လွန့်ပျံ့နေတယ်

မင်းသာပြန်လာရင်တောက်တချက်ခေါက်ရင်းနာကျည်းနေရောပေါ့...မင်းပြန်လာတဲ့တနေ့ငါတို့လောကကြီးပန်းခင်းတဲ့လမ်းနဲ့ပန်းတွေဝေနေပါစေလို့ဆုတောင်းနေပါတယ်...ဂျွန်

                    - ခွန်း -

Comments

  1. မင်းပြန်လာတဲ့တနေ့ငါတို့လောကကြီးပန်းခင်းတဲ့လမ်းနဲ့ပန်းတွေဝေနေပါစေလို့ဆုတောင်းနေပါတယ်

    ReplyDelete

Post a Comment