နေ့စွဲများ

 

ဖျောက်ပစ်ချင်တဲ့ နေ့စွဲတွေ…



ကျောင်းကထိန်မကျင်းပမှီ တရက်အလိုတွင် ဖြစ်သည်။ ကျောင်းခန်းထဲသို့ အတန်းပိုင်ဆရာမ ဝင်လာသည်။ ဆရာမက အတန်းထဲကို ဝေ့ကြည့်ပြီးလျှင် ကျနော့်ကိုမြင်သည်နဲ့ မော်နီတာ လာဦး ဟု ခေါ်လေသည်။


ကျွန်တော်ရောက်သည်နှင့်ဆရာမက မနက်ဖြန်မနက် ကထိန်ကျင်းပမည်ဖြစ်သဖြင့် ဒီည ကထိန်ခင်းထားသောပစ္စည်းများမပျောက်ပျက်စေရန် ကျောင်းတွင်ညစောင့်အိပ်ရမည့်အကြောင်း ပြောခြင်းဖြစ်သည်။


တစ်ခန်းလျှင်တစ်ယောက်စောင့်အိပ်ရမည် ဖြစ်ပြီး ကျွန်တော်တို့အခန်းသည် ၈တန်း အေခန်း ဖြစ်သည်။ ကျွန်တော်တို့ အေခန်းက ကထိန်တစ်ခု ခင်းသည်။ 


ကျန်သောအခန်းက အတန်းခေါင်းဆောင်များနဲ့အတူ ညစောင့်အိပ်ရမည့်ဖြစ်သဖြင့် အဖော်ရှိသည်။ 


ဆရာမအား ညစောင့်အိပ်ပေးမည့်အကြောင်းပြောပြီးလျှင် ညနေကျောင်းဆင်းချိန် အိမ်ပြန် အသိပေးပြီး ညစာစား၍ ကျောင်းကိုပြန်လာခဲ့သည်။


ကျွန်တော်တို့ကျောင်းတွင် အဆောင်၄ဆောင် ရှိပြီး နှစ်ထပ်ဆောင် တစ်ဆောင်ရှိသည်။ ထိုနှစ်ထပ်ဆောင်ရှေ့တွင် အတန်းတိုင်း၏ကထိန်ပစ္စည်းများ ခင်းထားသည်။ ကထိန်ပစ္စည်းများရှေ့တွင် ဖျာများခင်းထားပြီး ညစောင့်မည့်ကျောင်းသားများက တလှည့်စီ ကင်းစောင့်အိပ်ရမည်ဖြစ်သည်။ တီဗွီတစ်လုံးလည်း ရှိ၏။ မအိပ်ချင်သူများက တီဗွီကြည့်နိုင်သည်။ ကျွန်တော်တို့ကျောင်းသားများနဲ့အတူ ဆရာတစ်ယောက်လည်း ပါသည်။ ဆရာက ကျွန်တော်တို့အတန်းကို မဝင်သော်လည်း မော်နီတာဖြစ်သောကျွန်တော်နဲ့ အတော်ရင်းနှီးသည်။ ဆရာသည် ဒီကျောင်းကိုရောက်လာသည်မှာ ၂နှစ်ခန့်လောက်ပင် ရှိသေးသည်။ ဆရာ့၏ရုပ်ရည် ခန္ဓာကိုယ်နဲ့ တည်ကြည်မှု့များကြောင့် ရွယ်တူဆရာမများနဲ့ဆရာမအပျိုကြီးများကြားတွင် ရေပန်းစားသူတစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့နှင့်အတူ ဆရာပါ ညစောင့်မည်ဆို၍ အားတတ်သွားရသည်။ 


ညရောက်လျှင် အတန်းကြီးသော စီနီယာအစ်ကိုကြီးများက အရင်ကင်းလှည့်ကြသည်။ ထိုနောက် တစ်နာရီပြည့်လျှင် ကျွန်တော်တို့ကင်းလှည့်ရ၏။ ကျောင်းသားများက စုစုပေါင်း ဆယ်ယောက်ကျော်သဖြင့် ပျော်ကြရသည်။ ကင်းမလှည့်သူများက တီဗွီကြည့်ရင်း စောင့်ကြသည်။ ညနက်လာသောအခါ စီနီယာအစ်ကိုများက ကျွန်တော်တို့ကို အိပ်ခွင့်ပေးသည်။


တီဗွီကြည့်ရင်း သူတို့စောင့်ပေးမည်ဟုဆိုသဖြင့် ကျွန်တော်တို့ အိပ်ကြသည်။ ကျွန်တော်က ထောင့်စွန်းတွင်အိပ်သည်။ စောင်ပါသဖြင့် စောင်လေးခြုံထား၏။ တီဗွီကို အသံကျယ်ဖွင့်ထားသည်။ မအိပ်သည့်ကျောင်းသားများက ဇာတ်လမ်းကြည့်နေကြသည်။ ကျွန်တော်ကတော့ မနက်ကျောင်းကပွဲတွင်လည်း ပါရမည်ဖြစ်သဖြင့် အိပ်ဖို့ကြိုးစားသည်။ ကျွန်တော့်အနီးတွင် မည်သူမျှမရှိ။ အိပ်ပျော်ကာနီးတွင် စောင်အတွင်းသို့တစ်ယောက်ဝင်လာသည်။ ကျွန်တော်နာမည်ခေါ်ရင်း အိပ်ပြီလားဟု မေးသည်။ အိပ်တော့မလို့ ဆရာဟု ကျွန်တော်ပြန်ဖြေသည်။


ဆရာသည် ကျွန်တော်စောင်ထဲဝင်ပြီးလျှင် ကျွန်တော့်အား အနောက်မှဖက်လေသည်။ ရာသီဥတုက အေးလို့ကြောင့်ဟု ကျွန်တော်တွေးမိသည်။ သား အသက်ဘယ်လောက်ရှိပြီလဲဟု ဆရာထပ်မေး၏။ ၁၅နှစ်ပြည့်ပြီဖြစ်ကြောင်းပြောလျှင် ဒါဆိုအတော်ကြီးပြီပဲဟု ဆရာပြန်ပြောသည်။ ထိုနောက် ဟိုဟာကောကြီးပြီလားဟု ထပ်မေး၏။ ဆရာမေးတာကို ကျွန်တော် ချက်ချင်း နားမလည်ပါ။ အဲ့လိုမေးမည်ဟု မထင်မိသောကြောင့်လည်း ဖြစ်မည်။ ဘယ်ဟိုဟာလဲ ဆရာဟု ကျွန်တော်ပြောတော့ ဖက်ထားသောဆရာ့လက်တစ်ဖက်က ကျွန်တော့်၏ပေါင်တွင်းတနေရာသို့ ပွတ်ပြပြီး ဒါလေးကို ပြောတာလေဟု ပြောလေသည်။ ကျွန်တော်ခေါင်းနဘမ်းကြီးသွားသည်။ လန့်လည်း လန့်သည်။ ဆရာသည် ကျွန်တော့်ဖွားဖက်တော်အား သူ့လက်ဖြင့်ပွတ်နေသည်။ထို့နောက် မင့်ဟာက သေးသေးလေး ဆရာလုပ်ပေးမည်ဟု ပြောရင်း ဘောင်းဘီအတွင်းသားထဲသို့ လက်ထည့်ရင်း စိတ်ကြိုက်လုပ်နေသည်။ ရှက်လည်း ရှက်သည် ။ ကြောက်လည်း ကြောက်သည်။ ကျွန်တော့်ကိုမလုပ်နဲ့ဟု အော်ဟစ်ပြီး တွန်းထုတ်ပစ်ချင်သည်။ သို့သော် ကျွန်တော် မလုပ်ရဲ ။ ဆရာ့ကို ကြောက်သည်။ ကျွန်တော်ဒီလိုအလုပ်ခံနေရသည်ကို တခြားသူတွေသိမှာလည်း ကြောက်သည်။ ဆရာသည် သူ့လက်ဖြင့် ကျွန်တော့်ကို စိတ်ရှိတိုင်း လုပ်နေသည်။ တီဗွီအသံကို ကျွန်တော်မကြားတော့ပါ။ ကျောင်းသားတွေ ဆူညံစကားပြောသံကို ကျွန်တော်မကြားတော့ပါ။ ကျွန်တော်ကြားရသည်မှာ ဆရာ၏ ရမက်သံနဲ့ ကျွန်တော်၏ ကြောက်လန့်တုန်လှုပ်နေသော အသံတို့ပင် ဖြစ်သည်။



(ကျောင်းသားဘဝ ကိုယ်တွေ့ကြုံခဲ့ရပုံကို ပြန်ရေးသားပါသည်။)



လင်းညို 

Comments

  1. ယောကျာ်းလေးတွေလည်းsexual abuseဖြစ်နိုင်လို့ ယောကျာ်းလေးဆိုလည်းဘယ်အရွယ်နေနေဂရုစိုက်သင့်တယ်

    ReplyDelete
  2. Wheel.............dope.🏹🏹🏹

    ReplyDelete
  3. ဖတ်ရတာရင်မောလ်ုက်တာ

    ReplyDelete

Post a Comment