လားတွေက သဲကန္တာရထဲမှာ ဘာလို့နေနိုင်ကြတာလဲ??
လားတွေက သဲကန္တာရထဲမှာ ဘာလို့
ရှင်သန်နိုင်ကြသလဲ?
တကယ်လို့ သင်က သဲသောင်ပြင် ကန္တာရကြီးထဲကို ရောက်သွားတယ်ဆိုကြပါစို့။ လိုရာခရီးကို မြန်မြန်ရောက်နိုင်ဖို့ ဘာစီးသွားကြမလဲ ?
.
.
.
.
.
.
.
သင်တွေးတာမှန်ပါတယ်။ "လား"စီးသွားရမှာပါ။
ဒီတော့ "လား" ဆိုတဲ့ သတ္တဝါတွေက ဒီလောက်သွားလာရခက်ခဲပြီး ပူလောင်နေတဲ့ ကန္တာရထဲမှာ ဘာလို့ လွယ်လွယ်ကူကူ Survive လုပ်နေနိုင်တာလဲဆိုတာ စပ်စုကြည့်ကြရအောင်။
၁။ လားတွေရဲ့ ခြောက်ထောက်က ခွာတွေပေါ်မှာ ဖိနပ်လို အုပ်ထားတဲ့ အလွှာကြီးတစ်ခုရှိပါသေးတယ်။ ဒါကြောင့် ဒီလားတွေက ပူခြစ်နေတဲ့ သဲပြင်ပေါ်မှာ လမ်းလျှောက်နိုင်တာပါ။ သဲပြင်ပေါ်ကနေ ချော်မကျအောင်လည်း ကူညီပေးပါသေးတယ်။
၂။ သူ့ရဲ့ကျောခုံးပေါ်မှာ ရှိတဲ့ ဘို့ကြီးကလည်းထူးခြားပါတယ်။ ဒီဘို့ကြီးဟာ အဆီတုံးကြီးဖြစ်ပြီး ကန္တာရထဲမှာ ဘာမှမစားရဘဲ ငတ်တဲ့အခါ လိုအပ်တဲ့ Energy ကို အဲ့ဒီဘို့ထဲက အဆီကတွေကနေ ရရှိပါတယ်။ ဒါကြောင့် လားတွေဟာ အစာအကြာကြီးငတ်ရင်တောင် ရှင်သန်နိုင်တာဖြစ်ပါတယ်။
၃။ လားတွေဟာ ခြေတံရှည်ကြပါတယ်။ ဒီခြေတံရှည်တွေက သူ့ရဲ့ခန္ဓာကိုယ်ကို သဲပူတွေဆီက အပူငွေ့မဟပ်အောင် ပင့်တင်ပေးထားပါတယ်။
၄။ ရေတစ်ခါသောက်ပြီဆိုရင် ခန္ဓာကိုယ်က ကိုယ်တွင်းအင်္ဂါတွေဆီကို အညီအမျှဖြန့်ဝေပေးပါတယ်။ ဒါကြောင့် ရေဓာတ်ကိုလည်း သမမျှတအောင် ထိန်းညှိထားပေးနိုင်ပါတယ်။
၅။ သူတို့ရဲ့ ခန္ဓာကိုယ်က ရေဓာတ်ကို အတတ်နိုင်ဆုံး မဆုံးရှုံးအောင်ထိန်းသိမ်းပေးပါတယ်။ ဥပမာ - အီးပါရင်တောင်မှ ခြောက်သွေ့ပြီး အရည်ဓာတ်မပါတဲ့ အီးကိုပါကြတာပါ။
အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးပါ။
Done.
ReplyDelete❤️💜
ReplyDelete❤️💜
Delete❤️💜
DeleteDone 💪
ReplyDeleteThanks for sharing
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteDone 🍀
ReplyDeleteလားနဲ့ကုလားအုတ်ဘာကွာလဲမသိ
ReplyDelete🍀🍀
ReplyDelete