ရသစာစု

 

ဖိနပ်တစ်ရံ

ကျွန်တော် မသိတဲ့ အစ်မ က ဖိနပ်ကလေး တစ်ရံ လက်ဆောင်ပို့တယ် ။ အဲဒီဖိနပ်ကလေး ကို ကျွန်တော် ချစ်တယ် ။ သူ ကလည်း ကျွန်တော့ ကို ချစ်တယ် ။ သူ နဲ့ ကျွန်တော် ခရီးကြမ်းတွေ အတူအကြာကြီး ဖြတ်သန်းခဲ့ကြတယ် ။ တစ်ရက် တော့ ဖိနပ် ကလေး က ကျွန်တော့ ကို ပြောတယ် ။ ငါ မောပြီ။ ပင်ပန်းပြီ တဲ့ ။ ငါ ဖိနပ်ဘဝ ကို မစွန့်နိုင်သေးတာ မင်း ကို ဖိနပ်ဗလာ ဖြစ်နေမှာ စိုးလို့ တဲ့ ။ 

ကျွန်တော် က ဖိနပ် ကလေး ကို အသာယာ ဖေးမ ရင်း တီးတိုးပြောမိတယ် ။ ငါ လည်းပင်ပန်းပြီ ။ ငါ လည်း မောနေပါပြီ ။ ငါ့ ဘေး က သူငယ်ချင်း မှာ ဖိနပ်ကောင်းလေး တစ်ရံ တောင် မရှိသေးဘဲ သူ ငါ နဲ့ အတူခရီး ထွက်လာတယ် လေ ။ သူ့ ကို မြင်တိုင်း ငါ မရပ်နိုင်ဘူး ။

ကျွန်တော် မသိတဲ့ အစ်မ က နောက် ထပ်ဖိနပ်ကလေး တစ်ရံ ထပ်လှူအုန်းမလား မသိပါ ။ အဲဒီ အခါ ကျွန်တော် က သူငယ်ချင်း ကို အသေချာပေးအုန်းမှာ ။ နောင်အခါ သူငယ်ချင်း က မောပန်းပင်ပန်း လို့ နားချင် ပြီ ဆိုတဲ့ အခါ ပေါက်ပြဲနေတဲ့ ကျွန်တော့ ဖိနပ်ကလေး ကို မြင်ပြီး အားတင်း စေချင်သေးလို့ ပါ ။

ကျွန်တော် မသိတဲ့ အစ်မ ကို ကျေးဇူးတင်ပါတယ် ။ ကျွန်တော့ သူငယ်ချင်း မှာ ဖိနပ်ကလေး တစ်ရံ မရှိပါ ။

Comments

  1. Wheel.............dope.🏹🏹🏹

    ReplyDelete
  2. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment