ကဗျာ

 

ကဗျာ

ကဗျာအကြောင်းစဥ္းစားမိသည်နှင့် သူနှင့်ရင်နှီးခဲ့ရတာ ဟိုးငယ်စဥ္ကလေးဘ၀တည်းကပါလားဆိုတာ အတွေးထဲရောက်လာသည်။အသံစာစာနှင့် ရွတ်ခဲ့ရတဲ့ တို့ကျောင်းကဗျာ ကိုသာ ပြန်အမှတ်ရမိသေးတော့သည်။ကဗျာက၀ိ ဆရာကြီးမင်းသု၀ဏ်က ကလေးတွေဖို့ ကဗျာတွေရေးခဲ့သည် မောင်ခွေးဖို့တဲ့ သပြေသီးကောက်ကဗျာက ငယ်ဘ၀အမှတ်ရချက်တစ်ခုဖြစ်သည်။ကျွန်တော်သိသော ကလေးတို့အတွက် ကဗျာရေးခဲ့သော ကဝိများမှာ ဆရာမင်းသု၀ဏ် ဆရာတင်မိုး နှင့် ဆရာမနုယဥ္တို့ဖြစ်သည်။နောက်တစ်ဆင့် ကဗျာကို ပြန်မှတ်မိသည့်အရွယ်က တက္ကသိုလ်က မြန်မာစာမှာသင်ရတုန်းက ဆရာကြီးမင်းသု၀ဏ်ရဲ့သူ့မှာတမ်း ကဗျာ ပျဥ္းမငုတ်တိုကဗျာတို့ဖြစ်သည်။ကဗျာစာအုပ်ကို စပြီး၀ယ်ဖတ်ဖူးသည်က ဆရာဇော်ဂျီရဲ့ ရှေးခေတ်ပုဂံပြည်နဲ့ အခြားကဗျာများဖြစ်သည်။ဆရာ့ရဲ့ဗေဒါလမ်းကဗျာစာအုပ်ပါးပါးလေးက စိတ်ညစ်တဲ့အခါတိုင်းဖတ်ဖို့ အိပ်ရာဘေးမှာနေရာယူလာသည်။ မော်ဒန်ကဗျာကို ဘယ်ကစသလဲ ကျွန်တော်ဖတ်ဖူးသလောက် ဆရာမောင်သာနိုး၏ ထင်းရူးပင်ရိပ် ကစသည်ဟုမှတ်ရဖူးသည် အစောဆုံးမြန်မာကဗျာက မြကန် ကဗျာလို့မှတ်ရဖူးပါသည်။ဆရာမိုးဃ်ဇော်ရဲ့ ကြေးစားကဗျာကနေ မော်ဒန်ကဗျာကို စစိတ်၀င်စားလိုက်တာ ဆရာမောင်ချောနွယ် ဆရာအောင်ချိမ့်၊ဆရာနေမျိုး၊သုခမိန်လိှုင် စသည် ဖြင့်ခေတ်ပေါ်ကဗျာ ဆရာတွေရဲ့ ကဗျာစာအုပ်တွေ ၀ယ်တော့သည် နောက်တော့ ကိုယ်တိုင်ပါ ကဗျာတွေရေးချင်လာမိသည် ကဗျာဖတ်လေရေးချင်လေဖြစ်သည်။အကြိုက်ဆုံးကဗျာစာအုပ်မှာ ဗေဒါလမ်း ကဗျာစုနဲ့ ဆရာလှသန်းရဲ့ကဗျာပေါင်းချုပ်ဖြစ်ပြီး ရွတ်လို့အကြိုက်ဆုံးဆို ဆရာပိုင်စိုး​ေ၀ရဲ့ သိန်းစွန်ငှက်ရဲ့အပြန်လမ်း ကဗျာရှည်ပင်ဖြစ်သည်။ဆရာဇော်ဂျီက ကဗျာကို ဖန်ပြာခွက်နှင့်ကျောက်စက်ရေလို့ ခိုင်းနှိုင်းခဲ့ဖူးပါသည်။လူ့ဘ၀အမောတွေပြေဖို့ ကဗျာတစ်ပုဒ်ဆီမှအားယူလို့ရသည် ကဗျာတစ်ပုဒ်ဆီမှ ရသောရသမှာဖတ်သူ၏ တွေးတောဆင်ခြင်ဉာဏ်ကြီးသလောက် ခံစားနိုင်စွမ်းမြင့်သလောက် မြင့်မားနိုင်ပါသည်။

Comments

  1. Wheel..............dope.🏹🏹🏹

    ReplyDelete
  2. (⁠*⁠˘⁠︶⁠˘⁠*⁠)⁠.⁠。⁠*⁠♡

    ReplyDelete

Post a Comment