ကိုယ့်ကို စောင့်ကြည့်နေတဲ့ အရာ

 

"ကိုယ့်ကို စောင့်ကြည့်နေတတ်တဲ့ 

အရာတစ်ချို့"


ဟိုတစ်ခါကတော့ spyware အကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Facebook တို့လို့ social media App တွေက သင့်ကို ဘယ်လို စောင့်ကြည့်နေလဲ ဆိုတာ ပြောပြပေးသွားပါမယ် 🎭


ကျွန်တော်တို့ နေ့စဉ်သုံးနေကြတဲ့ App တွေက ကျွန်တော်တို့ရဲ့ အချက်အလက်တော်တော်များများကို ရရှိထားကြပါတယ်။ ပိုပြီးထူးဆန်းတာက ကျွန်တော်တို့က Laptop လိုချင်တယ်လို့ Messenger မှာ ရေးမိတာမျိုးဆိုရင် Laptop ကြော်ငြာတွေကို ပြပေးနေတာမျိုးပါ 👁️‍🗨️


ဒါက ဘယ်လိုအလုပ်လုပ်လဲ❓


ရှင်းပါတယ်။ Facebook က ကျွန်တော်တို့ Like , Follow လုပ်ထားတဲ့ Page , Account တွေကို သူတို့က လိုက်မှတ်ထားပြီး ကျွန်တော်တို့ Facebook စသုံးကတည်းက ယနေ့အချိန်ထိ သုံးလာသမျှကို သူတို့က မှတ်သားထားပြီး ကိုယ်က ဘာကိုကြိုက်တတ်လဲဆိုတာ သူတို့က ခန့်မှန်းနိုင်ပါတယ် 🤦


ဥပမာ - အလှကုန်ပစ္စည်းလုပ်ငန်းရှင်တစ်ယောက်က Facebook ကို "အလှကုန်ကြိုက်တတ်တဲ့ လူ ၃ သောင်းလောက်ဆီမှာ ငါ့ကြော်ငြာပေါ်စေချင်တယ်" ဆိုပါတော့။ အဲ့ လူ ၃ သောင်းကို သူ့ကြော်ငြာတွေ ပြပေးလိုက်တာမျိုး ဖြစ်ပါတယ် 💬


ပြောချင်တာက user တွေရဲ့ အချက်အလက်တွေကို အသုံးပြုပြီး ကြော်ငြာတွေနဲ့လုပ်စားတာမျိုးပေါ့။ ဒါကို Facebook တင်မကပဲ Google တို့လို့ Company အပြင် ကျန်တဲ့ Company တွေလည်း ဒီလိုနည်းလမ်းကျင့်သုံးနေကြတာ ဖြစ်ပါတယ် ⬅️


စိတ်ပူစရာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် user တွေရဲ့ အချက်အလက်တွေကို သိခွင့်ရှိတဲ့သူက အနည်းကျဉ်းပဲ ရှိပြီး အချက်အလက်တွေကို ခိုးယူနိုင်တဲ့ ပြဿနာကလည်း အချက်အလက်တွေကို password အထပ်ထပ် ၊ wall အထပ်ထပ်နဲ့ ကာထားတာမို့လို့ သိပ်တော့ ပြဿနာ မရှိပါဘူး ✔️


Google က ကြော်ငြာပွဲစားကြီးပါဗျ 😑


ကဲ ဒီလောက်ဆိုရင် ကြော်ငြာပေါ်လာတဲ့ သဘောသဘာ၀ နဲ့ အလုပ်လုပ်ပုံကို သိရှိပြီးဖြစ်မယ်လို့ ထင်မိပါတယ် 😉

Comments

Post a Comment