၈၈

 

မျှော်

___


မြန်မာပြည် ငြိမ်းချမ်းပါစေ

သွေးစတွေ စိုလူး

အလံဦးမှာ ကိုယ့်အမည် ချိတ်လို့

ကြိုးစင်ရိပ်ဝယ်

ကျွန်တော်တို့ တိုက်ပွဲဝင်နေပါတယ်။


ပိတ်မထားရသေးတဲ့

သားကြီးတို့ရဲ့ ကျောင်းစာအုပ်မှာ

ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့

မေမေ မျက်ရည်ဝဲရော့မယ်။


ရှစ်ဆယ့်ရှစ်ခုနစ်ရဲ့

လက်နက်နဲ့ လွယ်အိတ်တိုက်ပွဲများ

မှုန်ဝါးပြာဝေ

ကမ္ဘာမကြေဘူး။

ဘီလူးတစ်ခေတ် ဒေါင်းတစ်ခေတ်။


တစ်နေ့နေ့လေ

မသေသေးရင် ပြန်လာချင်တယ်

ရင်ခွင်မှာ ထွေးလို့ကြိုပါမေမေရယ်။


မြန်မာပြည် ငြိမ်းချမ်းပါစေ

သွေးစတွေ စိုလူး

အလံဦးမှာ ကိုယ့်အမည်ချိတ်လို့

ကြိုးစင်ရိပ်ဝယ်

ကျွန်တော်တို့ တိုက်ပွဲဝင်နေပါတယ်။


◾️ရွှေဘုန်းလူ (တာရာမင်းဝေ)

Comments

  1. ၈၈သူရဲကောင်းများအားဦးညွှတ်လေးစားလျက်🙇‍♀️❤

    ReplyDelete
  2. Wheel...........dope.🏹🏹🏹

    ReplyDelete

Post a Comment