ရသ

 

အဖေဝယ်လာတတ်သော ခေါက်ဆွဲကြော်လေး




"အဖေ ပြန်လာပြီလားဗျ....."

"ဒီနေ့လဲ ခေါက်ဆွဲကြော်ပါလာပြန်ပြီ....."

( နေ့တိုင်းစားနေရတာ ရိုးအီနေသော လေသံဖြင့်

ကျွန်တော် မသိမသာ ပြောလိုက်သည်)....


အဖေက....."အေးကွ...မင်းအမေ ကော

ထမင်းစားကြရအောင်လေ....."

(ကျွန်တော်တို့ မိသားစု ထမင်းဝိုင်းလေးကို

စားသောက်ရန်ပြင်ဆင်လိုက်သည်).....

(ရုတိတရက်ဆိုသလို ပဲ အမေ က 

ခေါက်ဆွဲကြော် ကို ပန်းကန်ထဲသို့

မထည့်ချင်သော အမူအရာဖြင့် နှခေါင်းရူတ်ကာ

ထည့်လိုက်သည်).....


အဖေလဲ ရိပ်မိကာ

"ဘာလို့တုန်း မိန်းမရဲ့ မစားချင်ဘူးလား?"ဟု

ဖြေးညင်းစွာမေးလိုက်သည်......

(အမေ မဖြေမှီပဲ ကျွန်တော် ဆတ်ခနဲ့ဝင်ပြောလိုက်သည်)...."အဖေဟာက ရိုးနေပြီိဗျ".....


(ကျွန်တော့်စကားအဆုံးမှာ အဖေ က 

သက်ပြင်းတချက်ချ ကာ ဝမ်းနည်းသောအမူရာ

ဖြင့် ဆိုင်းငံလျ​က် )

"သား ... အဖေနဲ့လိုက်ခဲ့

ထမင်းစားပြီးရင် သွားစရာရှိတယ်"

(ကျွန်တော်တို့ မိသားစု ထမင်းဝိုင်းလေးကို

ရိုးအီနေသော ခေါက်ဆွဲကြော်ဖြင့် မြန်မြန်

အဆုံးသတ်လိုက်သည်).....


ထို့နောက် ....ကျွန်တော်နဲ့အဖေ ပြင်ဆင်ကာ

ညကြီးမိုးချူပ် အပြင်သို့ ထွက်ခဲ့ကြသည်... 


အေးမြသော လေအေးနှင့် မလင်းမထိန် လရောင်

တို့သည် ညချမ်း အချိန်အခါကို အသက်ဝင်အောင် ဖြည့်စွက်ပေးလျက်.....

နာရီဝက်ကြာ လမ်းလျောက်ပြီးနောက်

ကျွန်တော်တို့ ဂုံးတရားဘေးရှိ စျေးနားသို့

ရောက်ခဲ့ပြီ.....


(အဖေက ရုတိတရက်ဆိုသလိုပဲ

မနီးမဝေးရှိ လှည်းလေးနဲ့ ရောင်းနေသော

ဆိုင်အား လက်ညိုးထိုးကာ)

"သား ဒါ အဖေ ဝယ်လာတဲ့ ခေါက်ဆွဲကြော်ဆိုင်လေ".....

(နေ့တိုင်း စားခဲ့ရသောခေါက်ဆွဲကြော် ကျွန်တော့်ဖို့ အင်မတန် ရိုးအီခဲ့ရသည့် ရန်သူတော်ခေါက်ဆွဲကြော်....

နောက်ဆုံးတော့ သူ့၏ဖြစ်တည်ရာနေရာကိုတွေ့ရပြီ)......

ကျွန်တော်စိတ်ဝင်းစားကာဆကိလက်စုံစမ်းမိသည်.....


(ကျွန်တော်က အဖေကို တချက်ကြည့်၍)

"ဟာ အဖေကလဲ ဘေးမှာ ရောင်းကောင်းတဲ့ဆိုင်တွေ လူစည်ကားတဲ့ဆိုင်တွေ အရသာရှိတဲ့ဆိုင်တွေ ဒီလောက်အများကြီး ရှိရဲ့သားနဲ့

ဘာလို့ ခေါက်ဆွဲကြော် တမျိုးပဲရောင်းတဲ့ 

အဲ့ဆိုငိကမှ ရွေးဝယ်တာလဲ

ဘာလဲ အဘိုးကြီးနဲ့အဘွားကြီးရောင်းတာ

သနားလိူ့လား?"


(ဟုတ်ပါတယ်..အဖေဝယ်နေကျဆိုင်သည်

ခေါက်ဆွဲကြော်တမျိုးထဲသာ ရနိုင်သည့် အသက်ခြောက်ဆယ်နီးပါး အဘိုးအဘွားလင်မယားရောင်းသည့်ဆိုင်လေးဖြစ်သည်....)

(ကျွန်တော်က အဖေ့ကိုကြည့်၍)

"သေချာနေပါပြီ အဖေ က သနားတတ်လို့ 

ဝယ်နေတာ မလား?"  (ကျွန်တော်ပြုံး၍ပြောလိုက်သည်)


အဖေက ကျွန်တော့်ခေါင်းပေါ်လက်လေးတင်၍

"ဒါလဲ ပါတာပေါ့ကွာ

အဓိကကတော့ 

သူတို့ သုံးဖို့စွဲဖို့ရတာပေါ့"


(ကျွန်တော် နားမလည်သည့် မျက်လူံးဖြင့်

အဖေ့ကို တချက်ကြည့်လိုက်သည်

အဖေလဲ သဘောပေါက်ဟန်ဖြင့်)....


"ဒီလို ငါ့သား

သူတို့ ကိုကြည့်ပါဦး

ရောငိးမကောင်းဘူး

ရောင်းမကောင်းတော့ ပိုက်ဆံမရဘူး

ပိုက်ဆံမရတော့ သုံးချင်တာသုံးလို့မရဘူး

ငါ့သား...ဒီအရွယ်တွေပဲ ဘာသူံးစရာရှိလဲ

လို့ မင်းမေးစရာရှိမှာပဲ....အစားအသောက်အနေနဲ့

သူတို့ကြော်ရောင်းတဲ့ ခေါက်ဆွဲကြော် သူတို့

ပြန်စားလို့ရတယ် ငါ့သား ဒါပေမဲ့ မင်းတောင်

ဘယ်နှရက်စားနိုင်ခဲ့လဲ? နောက်ပြီး နေမကောင်း

ဖြစ်ရင်ကော အဲ့ခေါက်ဆွဲကြော်စားနိုင်ရုံနဲ့

သက်သာမှာတဲ့လား?ဒါကြောင့် အဖေ နေ့တိုငိး

တတ်နိုင်သလောက် တပွဲတော့ အမြဲဝယ်ပေးတယ် ဝယ်သူနည်းတဲ့ အတွက် အဖေပေးလိုက်တဲ့

ပိုက်ဆံဟာ သူတို့ အတွက် အားဖြစ်စေမှာပါ

ဒီလို အလုပ်ကို ပင်ပန်းစွာလုပ်ပြီး နေရတဲ့

ဘဝတွေ အများကြီး ငါ့သား...ဒီအထဲမှာ 

ရောငိးမကောင်းတဲ့ ဆိုင်တွေဆို အရမ်းမျကိနှာ

ငယ်ရတယ်...သူတို့ အပြန်လာ ကို စောင့်မျော်နေ

နေတဲ့ မိသားစုရှိတယ် ငါ့သား....သူတို့ ပြန်လာမှ

ထမင်းစားဖို့စောင့်နေတဲ့ မိသားစုရှိနေတယ်....

ဒီလိုလူမျိုးတွေ အတွက် အရသာ မကောင်း

ရင်တောင် ရိုးအီနေရင်တောင် အဖေဝယ်ဖြစ်မိတယ် ဘာလို့ဆို အဖေဝယ်လိုက်တာက 

ခေါက်ဆွဲကြော်ဆိုတဲ့ အရာ ထက် အဓိပ္ပာယ်တွေ

ပိုရှိနေလို့ပဲ... ဒါလူသားချင်းစာနာထောက်ထားမူ့

နားလည်မူ့ပဲ"......


"မင်းကိုအဖေမေးခွန်းတခုမေးမယ်နော်

ပြည့်နေတဲ့ ရေအိုးနဲ့

မပြည့်သေးတဲ့ရေအိုး ....

မင်း ဘယ်ရေအိုးထဲကို ရေဖြည့်ပေးချင်လဲ

မပြည့်သေးတဲ့ရေအိုးပဲ ထည့်ချင်မှာပေါ့

ဒါအဖေတို့လူသားတွေမှာ ပါလာတဲ့

အမြုတေတခုပဲ ငါ့သား.....

နားလည်မူ့မလွဲပါနဲ့ငါ့သား"...


"ဒါဆို အဖေ ကျွန်တော်လဲ တခုပြန်မေးမယ်

လူစည်ကားတယ်ဆိုတာ က

အရသာပိုရှိလို့ ပိုဝန်ဆောင်မူ့ကောငိးလို့

ပိုတော်လို့လေ 

လူဆိုတာ အကောင်းကြိုက်တာ သဘာဝပဲလေ

ကျွန်တော် ဆိုရင်လဲ ဒီလို ကောင်းတဲ့အရာမျိုးပဲ

စားချင်လို့ လူစည်ကားတဲ့ဆိုင်မှာပဲ ဝယ်မိမှာပဲ

အဖေ".....


(အဖေရဲ့မျက်လုံးအိမ်မှာ မျက်ရည်လေးဝဲလာကာ)

"မင်းက ဒီအာရုံဆိုတဲ့ အရာထဲက မှ

မထွက်တာကို 

မင်းက ဒီ (လျာ) က တောင်းတတဲ့ ကောင်းတဲ့အရသာ ဆိုတဲ့အရာထဲက မှ မရုန်းထွက်နိုင်တာကို".......

"ခဏလောကိမေ့ကြည့်စမ်းပါ ငါ့သားရဲ့

ကောင်းတဲ့အရသာတွေ ​လူစည်ကားတာတွေ

နာမည်ကြီးတာတွေ ခဏမေ့ကြည့်စမ်းပါ"

"အစားသောက်စားတယိဆိုတာ

ဗိုက်ပြည့်ဖို့ အဟာရဖြစ်ဖို့

ဆကိလက်ရှင်သန်ဖို့မလား

မင်းစောစောက ပြောတဲ့

လူစည်ကားတဲ့ဆိုင်က အရသာပိုရှိတယ် ဆိုတဲ့

အရသာထက် ရောင်းမကောင်းတဲ့ဆိုင်ကမိသားစုထမင်းဝိုင်းလေးဗိုက်ဝသွားကြတာစိုပြေသွားကြတာ ကြည်နူးသွားကြတာ မြင်ကြည့်လိုက်

အရသာခံကြည့်လိုက် ငါ့သား.....

အဲ့တာ မေတ္တာ အရသာပဲ အရသာတွေထဲက

တန်ဖိုးအရှိဆုံးနဲ့ အနူးညံဆုံးပဲ ငါ့သား.......


ကျွန်တော်စွံအ သွားသည်...ရုတ်တရက်ဆိုသလိုပဲ

ကျွန်တော် အတွေးတွေ တခုပြီး တခုဝင်လာသည်


(လွန်ခဲ့သော နှစ် နှစ် က ကျွန်တော်သူငယ်ချင်းနဲ့

ရွာသွားတုန်းက ရွာက လူတွေက

 မုန့်နဲ့ဧည့်ခံကြတယ်....

ကျွန်တော်သူငယ်ချင်းက ရုတ်တရက်မုန့်ကို

စားရင်း" အရသာရှိတယ် ဗျာ "ဆိုပြီး

ပြုံးပြောတယ် ......


ကျွန်တော်စားမလို့နမ်းကြည့်တော့

ပိုးဟပ်ချီးစော်တွေနံလို့ ကျွန်တောိက အိမ်ရှင်ပြောပြမလိုလုပ်တော့ ကျွန်တော့်သူငယ်ချင်းက ရုတ်တရက် တားလိုက်တယ်....


လမ်းရောက်တော့ ကျွန်တော်မေးကြည့်တယ်

"သားကြီး ဘာလို့ ပိုးဟပ်ချီးပါတဲ့ မုန့်ကို

မထွေးထုတ်ပဲ စားတာလဲ? "......


သူက ပြုံးပြီးတော့ 

"ဟာ...ယျောင့်ရ

ငါ ထွေးထုတ်လိုက်ရင် သူတို့က ရှက်သွားမှာပေါ့

အားနာသွားမှာပေါ့ စိတ်မကောင်းဖြစ်သွားမှာပေါ့

သူတို့က ခင်လို့ကျွေးတာလေ ရွာဆိုတာ အဲ့လိုပါပဲကွာ ငါ့ကြောင့်တော့ သူတို့ မိသားစု စိတ်အနှောက်ယှက် မဖြစ်စေချင်ဘူး"......


'အော်...သူငယ်ချင်းရယ်....မင်းလုပ်ရပ်တွေက

အဓိပ္ပာယ်ရှိနေတာကို"....

+အကြောင်းတရားပြီးရင် အကျိုးတရား

ဆိုတာ ကပ်လိုက်လာစမြဲပဲ

ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အကြောင်းတရားတွေ အပြုအမူတွေ မှာ မေတ္တာတွေ ကိုယ်ချင်းစာ

တရားတွေ သူတပါးပျော်ရွှင်မူ့တွေ ရှိနေဖို့လိုတယ်+

+ဒါမှသာ ရလာတဲ့ အကျိုးတရားတွေက

နူးညံခြင်း ကြင်နာခြင်းတွေနဲ့ ငြိမ်းအေးခြင်းတွေ

ဖြစ်လာမှာပေါ့နော်+


အခုတော့ကြည့်...အဖေလုပ်ရပ်တွေက

သူများမိသားစုအေးခြမ်းရေးကို ဖော်ဆောင်နေပြီ

ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ

ဘယ်လောက်ပဲ ရိုးအီနေတဲ့ အရသာဖြစ်နေပါစေ

ဘယ်လောက်ပဲ မကောင်းတဲ့ အရသာဖြစ်နေပါစေ.....

ဒီအရသာတွေ အားလုံးကို မေ့ပစ်ကာ

တန်ဖိုးကြ်ီးပြီအရသာရှိတဲ့ မေတ္တာ အရသာကိုပဲ

ကျွန်တော် သုံးဆောင်တော့မယ်....


အဖေကိုကျေးဇူးတင်ရင်း အောက်ခြေ လူတန်းစားနဲ့ ရောင်းမကောင်းတဲ့ ဆိုင်တွေမှာ

ပိုအားပေးပါတော့မယ်လို့ စိတ်ထဲတွေးရင်း

ဝမ်းသာကြည်နူးမိတယ် ဗျာ.....

+မိမိလုပ်ရပ်ကြောင့်သူတစ်ပါးစိတ်ချမ်းသာအောင်

သူတစ်ပျော်ရွှင်အောင် ဖြည့်ဆည်းပေးနိုင်သော စိတ်ဓာတ်ပိုင်ရှင်များအား ကမ္ဘမြေကြီးက 

လေးစား၍ တနေ့ တချိန် ထိုလူတွေသေဆုံးခဲ့ရင်တောင် ကမ္ဘာမြေကြီးက

ဂုဏ်ပြုနေလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ် 

အဖေ+............


လိုအပ်ချက်များစွာဖြင့်သာ

နောင်ချိုသွေး

သက်ဆိုင်ရာပုံပိုင်ရှင်အားcreditပေးပါသည်....


Comments

  1. Replies
    1. ကျနော့်အမေလိုပေါ့ဗျာ
      သူများကိုအရမ်းသနားတတ်တာ တွေ့ရင်တွေ့သလို ပိုက်ဆံပေး၊ထမင်းခေါ်ကြွေးလုပ်တာ
      သူမသနားတာ မအလတို့အုပ်စုဘဲရှိတယ်😁
      အခုတောင်click နည်းwebsite ကြည့်နည်းသင်ပေးထားလို့ မအလအုပ်စုမြန်မြန်thayအောင်တဲ့အမြဲclickနေတယ်🤣

      Delete
  2. +အကြောင်းတရားပြီးရင် အကျိုးတရား

    ဆိုတာ ကပ်လိုက်လာစမြဲပဲ

    ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အကြောင်းတရားတွေ အပြုအမူတွေ မှာ မေတ္တာတွေ ကိုယ်ချင်းစာ

    တရားတွေ သူတပါးပျော်ရွှင်မူ့တွေ ရှိနေဖို့လိုတယ်+

    ReplyDelete
  3. Wheel................dope.🏹🏹🏹

    ReplyDelete
  4. ငယ်ငယ်တုန်းက စားဘူးတယ် 😔

    ReplyDelete

Post a Comment