ဝတ္ထုရှည်

 

၀တ္ထုရှည်

အရုပ်မပါသော စာအုပ်အထူကို ငယ်ကစဖတ်သောစာအုပ်မှာ ဆရာမ မ၀င်းမြင့်ရဲ့ ကူပွန်တောင်တန်းလွမ်းစေဖို့ဖန်ဖြစ်သည်။ ကလေးလေးတစ်ယောက်ကို လူ၀ံတွေက ကယ်ထားသည် တာဇံလိုလိုဇာတ်လမ်းလေး တကယ်တော့ ခုမှစဥ္းစားမိတာ ချစ်ခြငိးမေတ္တာဖွဲ့၀တ္ထုရှည်ပင်ဖြစ်သည်။စဖတ်သည်မှ၀တ္ထုဆုံးသည်အထိ ဘာဖြစ်လာမလဲ ရင်တထိတ်ထိတ်နဲ့ဖတ်ရတော့ စာအုပ်ဘယ်လောက်ထူထူ စာမျက်နှာအစမှအဆုံးထိ ဖတ်ဖြစ်တော့သည်။သည်၀တ္ထုရှည်မှစ နောက်ထပ်စွန့်စားခန်း၀တ္ထုရှည်တွေ စုံထောက်ဇာတ်လမ်းတွေ သိုင်း၀တ္ထုတွေဖတ်ဖြစ်တော့သည်။မြန်မာ့ပထမဆုံး၀တ္ထုရှည်မှာ ဂျိမ်းလှကျော်ရဲ့ မောင်ရင်မောင် မမယ်မ ၀တ္ထုဖြစ်သည်ဟုဆိုကြသည်။၀တ္ထုရှည်ခေါ် ကာလပေါ်၀တ္ထုမြန်မာစာပေမှာပေါ်ထွန်းလာပုံကို ဆရာဇော်ဂျီရေးသားသော မြန်မာကာလပေါ်၀တ္ထုဖြစ်ပေါ်လာပုံလေ့လာချက်သုတေသနဆောင်းပါးကို ရှာဖတ်စေလိုပါသည်။ ခံစားမှု့အတွေ့ကြုံကို ဒိဌဓမ္မထိုးဇာတ်ဖြင့် အသိအလိမ္မာတိုးစေသောစာပေဟု ဆရာဇော်ဂျီက ထိုသုတေသနစာတမ်းမှာဆိုခဲ့ပါသည်။၀တ္ထုဖတ်တာမကြိုက်သောခေတ်မှာ ကျွန်တော်တို့မွေးဖွားလာကြသည် အဲ့တော့ ဆရာမအလစ် မိဘအလစ်မှာ ခိုးဖတ်သည်။စွန့်စားခန်း၀တ္ထုရှည်များမှ အချစ်၀တ္ထုတွေစိတ်၀င်စားလာခဲ့သည်။ကံကောင်းသည်လား ကံဆိုးသည်လားမသိ အပေါစားအချစ်၀တ္ထုတွေနဲ့ မရင်းနှီးခဲ့ရ မှတ်မှတ်ရရ အချစ်၀တ္ထုစဖတ်ဖူးသည်မှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်။ချစ်ခြင်းမေတ္တာရဲ့အကြောင်း လူ့စိတ်သဘာ၀ စာပေကဗျာနဲ့ အနုပညာမြတ်နိုးစိတ်ကို သည်၀တ္ထုရှည်မှသိခွင့်မြတ်နိုးခွင့်အခြေခံပေးခဲ့သည် ဆရာ့စာအုပ်တွေ အကုန်နီးပါး ရှာဖတ်တော့သည်။ပိတောက်ပွင့်ဆဲလသာဆဲ၀ယ် ၊နှင်းငွေတစ်ထောင့်မိုးတစ်မှောင့်၊ကမ္ဘာကုန်ကျယ်သရွေ့၀ယ် စသည်ဖြင့် ဆရာ့၀တ္ထုရှည် အားလုံးနီးပါးဖတ်ဖြစ်တော့သည်။အကြိုက်ဆုံး၀တ္ထုရှည်မှာ ရွေးရခက်သည် ဆရာ့ရဲ့၀တ္ထုရှည်တွေအားလုံးကြိုက်သည်။နောက်ပြီးဆက်စပ်ဖတ်မိသည်က ဆရာအားကျလေးစားခဲ့ရသော ဆရာဗန်းမော်တင်အောင်ရဲ့၀တ္ထုရှည်များဖတ်ဖြစ်သည် နိုင်ငံ​ေ ရး လူမျိုးအရေး ကမ္ဘာ့အရေးတွေ မျိုးချစ်စသည်ဖြငိ့် နိုင်ငံသားတစ်ဦးရဲ့ နိုင်ငံရေးစိတ်ကို ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထုရှည်များမှသိမြင်နားလည်စေခဲ့သည်။ထိုမှ ဆရာတက္ကသိုလ်ဘုန်းနိုငိကို အားကျလေးစားသော ဆရာမဂျူး စာအုပ်တွေဖတ်ဖြစ်သည်။ အမှတ်တရ၊ဆုံလေရက်နဲ့လွမ်းလေခြင်း၊ပင်လယ်နဲ့တူသောမိန်းမများစသည်ဖြင့် ဆရာမဂျူးရဲ့၀တ္ထုရှည်အားလုံးနီးပါး ဖတ်ဖြစ်ပြန်သည် ချစ်ခြင်းမေတ္တာ မိန်းကလေးတွေရဲ့ဘ၀ စာအုပ်တွေချစ်မြတ်နိုးစိတ်စသည်ဖြင့် ဆရာမရဲ့၀တ္ထုရှည်တွေဖတ်ပြီးနောက် မှာ မိန်းကလေးတွေရဲ့ဘ၀ကိုစာနာနားလည်တတ်လာခဲ့သည် စာဖတ်နယ်ပယ်လည်းကျယ်ပြန့်လာခဲ့သည်။၀တ္ထုရှည်တွေများစွာပေါ်ထွက်နေသောအခုအခါမှာ ကိုယ်နှစ်သက်ရာကိုရွေးချယ်ဖတ်ရမည်မှာအမှန်ပင်ဖြစ်သည်။ ဘ၀တစ်ခုတည်း၌ အတွေ့ကြုံများစွာခံစားသိမြင်နိုင်ဖို့ဆိုသည်မှာခက်ခဲပါသည် ထို့အတွက် ခံစားမှုအတွေ့ကြုံများဖြင့် ရေးဖွဲ့ထားသော၀တ္ထုရှည်များကို ကျွန်တော်တို့ဖတ်နေကြရအုံးမည်ဖြစ်ပါသည်။

Comments

  1. ကျနော်ကျတော့ ဆရာမဂျူးကနေတက္ကသိုလ်ဘုန်းနိုင်စဖတ်ဖြစ်ခဲ့တာ
    ဆရာမနုနုရည်(အင်းဝ)နဲ့ဆရာမခင်ခင်ထူးကြောင့်ကြည်အေးကဗျာတွေနဲ့ရင်းနှီးခဲ့သလိုမျိုးပေါ့🤍

    ReplyDelete
  2. Wheel.........dope.🏹🏹🏹

    ReplyDelete
  3. ရသစာပေအကြိုက်ဆုံးပါ

    ReplyDelete
  4. ပထမဦးဆုံးဖတ်ဖူးတဲ့ ဝတ္ထုရှည်ကတော့ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်ပါ

    ReplyDelete

Post a Comment