လူပဲလား

 

လူပဲလား



စက်ရုပ်တစ်ရုပ်လို့ကို

အောက်မေ့မိနေပြီ

တစ်နေ့တာကို ဖြတ်သန်းနေပေမယ့်

သံပတ်ပေးထားတဲ့ စက်ရုပ် တစ်ရုပ်လို

အချိန်မှန်လည်ပတ်‌နေရတယ်လို့ 

ခံစားမိလာပြီ။


                                              

ဒါပေမယ့် 

စက်ရုပ်မဟုတ်တာသေချာပါတယ်။


ရက်စက်ယုတ်မာမှု‌တွေ အတွက်

ခံပြင်းမိတယ်

လူမဆန်မှုတွေ အတွက်

နာကျည်းမိတယ်

ကြယ်တွေ ကြွေတဲ့အခါ 

ဝမ်းနည်းမိတယ်

ဒီခံစားမှုတွေကြောင့် ကျွန်မဟာ

လူဖြစ်နေပါတယ်။


ဒါပေမယ့်လေ.....

ဒီလို ခံစားမှုတွေ မရှိကြသူတွေကရော

လူ‌ပဲလား....။


                                               

                              မေသက်တံ့

Comments

  1. မဟုတ်ဘူး လူ့တိရိစ္ဆာန်တွေ

    ReplyDelete
  2. ရက်စက်ယုတ်မာမှု‌တွေ အတွက်
    ခံပြင်းမိတယ်

    လူမဆန်မှုတွေ အတွက်
    နာကျည်းမိတယ်

    ကြယ်တွေ ကြွေတဲ့အခါ 
    ဝမ်းနည်းမိတယ်

    ဒီခံစားမှုတွေကြောင့် ကျွန်မဟာ
    လူဖြစ်နေပါတယ်။

    ReplyDelete

Post a Comment