Movie Review
Sniper: The White Raven
(လက်ဖြောင့်တပ်သား ကျီးကန်းဖြူ)
ယူကရိန်းနိုင်ငံ Donbas ဒေသမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ ကျောင်းဆရာတစ်ဦးနဲ့ သူရဲ့ဇနီးတို့နေထိုင်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ မြို့ပြင်မှာ ပကာသနမပါတဲ့ တဲလေးတစ်လုံးဆောက်ပြီး သဘာဝစွမ်းအင်ကိုသာ သုံးစွဲနေထိုင်ကြပါတယ်။ 2014 ခုနှစ် ဖေဖော်ဝါရီလရဲ့ တစ်ခုသောနေ့မှာတော့ ယူကရိန်းနိုင်ငံ Donbas ဒေသကို ရပ်ရှားက စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ကျောင်းဆရာက ကျောင်းသွားနေတဲ့အချိန်မှာ မြို့ပြင်က တဲအိမ်လေးမှာကျန်နေခဲ့တဲ့ ဇနီးဖြစ်သူကို ရပ်ရှားစစ်တပ်က တွေ့သွားခဲ့ပြီး သူလျိုလို့စွပ်စွဲကာ အချင်းများကြရင်း သေနတ်နဲ့ပစ်သတ်သွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ ဇနီးသည်မှာ ကိုယ်ဝန်လည်းရှိနေခဲ့ပါတယ်။
ယူကျုံးမရဖြစ်ခြင်း၊ နာကျည်းခြင်းတို့နဲ့အတူ ကျောင်းဆရာဟာ ယူကရိန်းစစ်တပ်ထဲဝင်ပြီး ရပ်ရှားတွေကို တွန်းလှန်တိုက်ခိုက်ဖို့ သန္နိဌာန်ချလိုက်ပါတယ်။ စာသင်ခြင်းနဲ့သာ အသက်မွေးခဲ့တဲ့ ကျောင်းဆရာအတွက် စစ်သင်တန်းလေ့ကျင့်ရေးတွေဟာ တတ်မြောက်ဖို့ခက်ခဲနေတဲ့အခါ....
ကျောင်းဆရာဟာ စစ်သင်တန်းတွေကို အောင်မြင်ခဲ့ပါရဲ့လား....
စနိုက်ပါတစ်ယောက်အဖြစ် ဘယ်လိုရောက်ရှိလာခဲ့ပါသလဲ....
ရပ်ရှားတွေကိုရော သူရည်မှန်းထားသလို လက်စားချေနိုင်ခဲ့ပါရဲ့လား....
2014 ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ ရပ်ရှား-ယူကရိန်းစစ်ပွဲကို နောက်ခံထားကာ တကယ့်ဖြစ်ရပ်မှန်ကို ရုပ်ရှင်အနုပညာနဲ့ မွမ်းမံရိုက်ကူးထားပြီး 2022 နှစ် July မှာ ပိတ်ကားပေါ်ကို ရောက်ရှိလာတဲ့ Marian Bushan ရဲ့လက်ရာ Sniper: The White Raven ဟာ ယခုလို ကမ္ဘာ့အရေးတင်းမာနေတဲ့အချိန်မှာ ကြည့်ရှုသူတွေကို အတွေးစတွေ ခံစားမှုတွေ လှုပ်ခတ်သွားစေနိုင်တဲ့ ယူကရိန်းဇတ်ကားတစ်ခုဖြစ်ပါကြောင်း....
(မှတ်ချက်။ ။ ဇတ်ကားအစမှာ ကျောင်းဆရာနဲ့ဇနီးတို့ရဲ့ အချစ်ခန်းကိုဖေါ်ပြတဲ့ ဇတ်ဝင်ခန်းတစ်ခုကတော့ မိသားစုကြည့်ဖို့ မသင့်တာလေးတစ်ချက်တော့ ရှိပါတယ်။)
ပထမဆုံးကွ ဟဲ ဟဲ
ReplyDeleteမဟုတ်ဘူးဟ🥲
Deleteရှက်ရှက်😁😁
DeleteDone 💪
ReplyDeleteDone
ReplyDeleteDONE.
ReplyDeleteDone
ReplyDelete✌️🍀
ReplyDelete❤️💜
ReplyDelete❤️💜
DeleteVery interesting 🤔
ReplyDelete🤍🤍🤍
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteThanks 💙
ReplyDelete🍀🍀
ReplyDelete