ကမ္ဘာတစ်လွှား ထူးထူးခြားခြားအစားအစာများ (part -7)
ကမ္ဘာတစ်လွှား ထူးထူးခြားခြား
အစားအစာများ (Part - 7)
ဘဝမှာ ရက်ရက်စက်စက်သတ်ဖြတ်ပြီးမှ စားရတဲ့ အစားအစာဘယ်နှမျိုးလောက်ကို ကြားဖူးပါသလဲ ?
ဒီတစ်ခေါက်ပြောပြမယ့်အစားအစာက သင်သိသမျှ အစားအစာတွေအားလုံးထဲမှာ အရက်စက်ဆုံး အစားအစာဖြစ်နိုင်ပါတယ်။
ထိုင်ဝမ် မှာ ၂၀၀၀ခုနစ်လောက်တုန်းက နာမည်ကြီးခဲ့တဲ့ အစားအစာတစ်မျိုးရှိပါတယ်။ Dish ရဲ့ နာမည်က " Yin and Yang"။ ဆန့်ကျင်ဖက်နှစ်ခုပေါ့။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း။
ဟင်းပွဲရဲ့နာမည်အတိုင်းပဲ ငါးတစ်ကောင်ထဲမှာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကိုတွေ့ရှိရမှာပါ။ ငါးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဓားနဲ့မွှန်း၊ ဆီနဲ့အကြွပ်ကြော်ပြီး သေဆုံးစေပါတယ်။ ဒါပေမယ့် ငါးရဲ့ ခေါင်းပိုင်းကိုတော့ ဟင်းပွဲမှာ အသက်ရှင်လျက် လတ်လတ်ဆက်ဆက်လေး ဖြစ်နေစေပါတယ်။ ဟင်းပွဲရဲ့ အနှစ်သာရက "ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း" ပေါ့။
ဒီဟင်းပွဲကို စားတဲ့အခါ ပန်းကန်ထဲက ငါးရဲ့ မျက်လုံးတွေက ရှင်သန်လှုပ်ရှားနေပြီး၊ ပါးစပ်လေးလှုပ်ကာ အသက်ရှူဖို့ရုန်းကန်နေတာကိုကြည့်ရင်း သူ့ရဲ့ ကြွပ်ရွနေတဲ့ အသားကို တူနဲ့ ဆွဲယူစားသုံးရမှာပါ။
2017 မှာ ဒီဟင်းပွဲရဲ့သတင်းတွေနာမည်ကြီးလာပြီး ဝေဖန်မှုတွေမြင့်တက်လာတာကြောင့် ဟင်းပွဲတီထွင်တဲ့ စားဖိုမှူးက ဒီဟင်းပွဲကိုပြင်ဆင်တဲ့အခါ ငါးဟာ သေဆုံးပြီးဖြစ်ပြီး နာကျင်မှုကိုမခံစားရကြောင်း၊ ငါးရဲ့ မျက်လုံး၊ ပါးစပ်တွေလှုပ်ရှားနေခြင်းဟာ အကြောဆွဲခြင်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
ဒါပေမယ့် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူ၊ လူအများစုရဲ့ ဝေဖန်မှုတွေကြောင့် ဒီ "ယင်ယန်" ဟင်းပွဲကို ထိုင်ဝမ်မှာ Ban ခဲ့ပါတယ်။ ထိုင်ဝမ်မှာ Ban လိုက်ပေမယ့် ဒီဟင်းပွဲဟာ လုံးဝပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ ဒီချက်နည်းကိုပဲ မွေးစားယူပြီး Mainland China မှာ အခုထက်တိုင် ဝယ်ယူစားသုံးနိုင်ပါသေးတယ်။
သင်ဆိုရင်ကော ဒီ "Yin and Yang" ဟင်းပွဲကို မြည်းစမ်းကြည့်ချင်ပါသလား ? Admin ကတော့ မြည်းစမ်းမကြည့်ဖို့ တောင်းဆိုပါရစေ။
Yin Yang ဟင်းပွဲ Video YouTube link - https://youtu.be/E--Tm5oAImA
Thanks for sharing.
ReplyDeleteDone.
ReplyDeleteDone 💪
ReplyDelete❤️💜
ReplyDelete❤️💜
Deleteလူစိတ်မရှိတဲ့ကောင်တွေ။သူတို့ကို အဲဒိလိုပြန်လုပ်ရမှာ။
ReplyDeleteDone
ReplyDeleteရက်စက်လိုက်ကြတာ💔
ReplyDeleteDone 🍀
ReplyDeleteTHANKS.
ReplyDelete😕🍀
ReplyDelete🥶
ReplyDelete🐝
ReplyDeleteWheel..........dope.🏹🏹🏹
ReplyDeleteThanks for sharing
ReplyDelete