Poisons
Poison-3 (Lead)
ခဲဆိပ်သင့်ခြင်းဟူသည်ကို ကြားဖူးကြပါလိမ့်မည်။ မြန်မာဘာသာတွင် ခဲ ဟူသည်မှာ အဓိပ္ပါယ် ၂ မျိုးထွက်သည်။ ခဲ သတ္တု နှင့် စာရေးသော ခဲတံ တို့ဖြစ်သည်။ ခဲတံနှင့် ထိုးမိပါက ခဲဆိပ်တက်မည်ဟု အချို့က မှားယွင်းထင်မိတတ်ကြသည်။ အကယ်စင်စစ်မှာမူ ခဲတံ၏ ခဲ မှာ ကာဗွန်သာဖြစ်၍ အဆိပ်သင့်တတ်သောအမျိုးအစားမဟုတ်။ ခဲတံနှင့် ထိုးမိပါက ဆူးစူးသလို အနာဖြစ်တာမျိုးတော့ ဖြစ်နိုင်သည်။
အဆိပ်သင့်တတ်သည်မှာ ခဲသတ္တု ဖြစ်၏။ ခဲ မှမဟုတ်။ Heavy metals ဟုခေါ်သော အလေးစားသတ္တု များသည် ဇီဝဖြစ်စဉ်များကို နှောင့်ယှက်တတ်သော သဘာဝရှိသည်။ အများသိကြသည့်အတိုင်း ခဲသတ္တုသည် ကုန်ထုတ်လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုကြသည်။ အသုံးအများဆုံးလုပ်ငန်းများမှာ ဘက်ထရီလုပ်ငန်း၊ အီလက်ထရွန်းနစ်လုပ်ငန်း၊ လျှပ်စစ်ကြိုးလုပ်ငန်း၊ ကျည်ဆန်ထုတ်လုပ်မှုလုပ်ငန်း စသည်တို့ဖြစ်သည်။ ထို့ကြောင့် ၎င်းလုပ်ငန်းခွင်မှ လုပ်သားများသည် စနစ်တကျကာကွယ်ခြင်းမရှိပါက ခဲဆိပ်သင့်ခြင်းကို ခံစားရနိုင်သည်။ ၎င်းအပြင် ခဲပါဝင်သော စက်ရုံစွန့်ပစ်ပစ္စည်းများကို စနစ်တကျမစွန့်ပစ်ပါကလည်း ပတ်ဝန်းကျင် ရေမြေကို ညစ်ညမ်းစေပြီး လူထုအတွင်း ခဲဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သည်။
ခဲဆိပ်သင့်ခြင်းဟူသည် ချက်ချင်းလက်ငင်း အသက်ကို ခြိမ်းခြောက်တတ်သည့် အခြေအနေမျိုးမဟုတ်။ ရေရှည်ထိတွေ့ကိုင်တွယ်မှုကြောင့် ခန္ဓာကိုယ်တွင်းသို့ တစိမ့်စိမ့်ဝင်ရောက်ပြီး ပမာဏများလာသောအခါမှ ရောဂါလက္ခဏာများ ဖော်ပြလာတတ်သည်။
ခဲဆိပ်သင့်ခြင်း၏ ထင်ရှားသော လက္ခဏာများမှာ
- သွားဖုံးတွင် ပြာနှမ်းနှမ်း အရေးအကြောင်းပေါ်နေခြင်း
- အရသာပျက်ခြင်း
- သွေးအားနည်းခြင်း
- အာရုံကြောအားနည်းခြင်း
- ဦးနှောက်လုပ်ငန်းများချွတ်ယွင်းခြင်း
- ဗိုက်နာခြင်း
- ကျောက်ကပ်ပျက်စီးခြင်း
- မျိုးပွားမှုဆိုင်ရာ ချွတ်ယွင်းခြင်း
- ခြေလက်ဓါတ်မှန်တွင် အရိုးဆိုင်ရာ ပြောင်းလဲမှုများတွေ့ရခြင်း
စသည်တို့ဖြစ်သည်။ အချို့လက္ခဏာများ (ဥပမာ-သွေးအားနည်းခြင်း) မှာ အခြားရောဂါများကြောင့်လည်း ဖြစ်တတ်ရာ မိမိကိုယ်ကို သံသယရှိပါက နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
ခဲသတ္တုသည် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ပါက အရိုးနှင့်သွားများတွင် အဓိကစုဝေးကြသည်။ ထို့ကြောင့် ဓါတ်မှန်တွင် ခဲများစုဝေးမှုကြောင့်ဖြစ်သော လက္ခဏာများတွေ့ရနိုင်သည်။ ၎င်းအပြင် ခဲသတ္တုသည် ဦးနှောက်အတွင်းသို့လည်း ဝင်ရောက်နိုင်ပြီး မှတ်ဉာဏ်၊ အာရုံစုစည်းမှု စသည်တို့ကို နှောက်ယှက်ချွတ်ယွင်းစေနိုင်သည်။ ခဲသတ္တုသည်သွေးနီဥများရှိ သံဓါတ်ဆိုင်ရာဇီဝဖြစ်စဉ်ကိုလည်း နှောက်ယှက်နိုင်၍ သွေးအားနည်းမှုကို ဖြစ်စေသည်။ ခဲသတ္တုသည် အင်ဇိုင်းဟုခေါ်သော ဇီဝဓါတ်ကူပစ္စည်းများကိုလည်း များစွာထိခိုက်စေသဖြင့် ဇီဝဖြစ်စဉ်များလည်း ယိုယွင်းလာတတ်သည်။
ခဲဆိပ်သင့်သည့် လူနာကို ခဲနှင့်ဓာတ်ပြုပေါင်းစည်းနိုင်သော ဓာတုဒြပ်ပေါင်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ၎င်းဒြပ်ပေါင်းသည် ခဲကိုပေါင်းစည်းပြီး ဆီးထဲတွင် အတူတကွစွန့်ပစ်ခြင်းခံရသဖြင့် ခန္ဓာကိုယ်ရှိ ခဲသတ္တုပမာဏကို လျော့နည်းစေသည်။ သို့သော် ကိုယ်တွင်းကလီစာများထိခိုက်ယိုယွင်းနေပါက အကောင်းပကတိပြန်ဖြစ်ရန် မလွယ်ကူချေ။ ထို့ကြောင့် ခဲဆိပ်မသင့်ရန် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။
Done.
ReplyDelete🍀
ReplyDeleteThanks for knowledge sharing 💖
ReplyDelete🌄⛅
Delete🍡🐑
Deletede
ReplyDeleteDone 💪
ReplyDelete❤️💜
ReplyDelete❤️💜
DeleteDone.
ReplyDeleteWheel........dope.🏹🏹🏹
ReplyDeleteWheel........dope.🏹🏹🏹
DeleteWheel............dope.🏹🏹🏹
DeleteThanks မင်မင်
ReplyDeleteDone
Delete🐝
ReplyDeleteTHANKS.
ReplyDeleteThanks for sharing
ReplyDeleteDone
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteThanks.
ReplyDeleteThanks 💙💙💙
ReplyDeleteThank you..
ReplyDeleteAPPRECIATE.
ReplyDeleteThanks🙆🏻
ReplyDeleteappreciate
ReplyDeleteThanks
ReplyDeleteသတ္ထုစ က ခေါင်းထဲမှာရှိနေတယ် ခွဲထုတ်ဖို့ အဆင်မပြေဘူး ရေရှည် ဘာဖြစ်နိုင်လည်း ဖြစ်လာနိုင်တဲ့ လက္ခဏာတွေအတွက် ဘယ်လိုကြိုတင်ကကာကွယ်ရမလဲ သိတဲ့သူများ အကြံပေးကြပါဦးနော်
ReplyDelete❤💪
ReplyDelete