Polka

 

Beer Barrel Polka


Czech ရိုးရာအက နဲ့ အကနဲ့တွဲဖက်တီးမှုတ်တဲ့ ဂီတကို Polka လို့ခေါ်ပါတယ်။ Polka ဂီတမှာ Beer barrel polka ဟာ လူသိများကျော်ကြားပါတယ်။ ဒီတေးသွားကို ဒုတိယကမ္ဘာစစ်ကာလ ၁၉၂၇ ခုနှစ်မှာ Czech ဂီတပညာရှင် Jaromir Vejvoda က ရေးဖွဲ့ဖန်တီးခဲ့တာပါ။ ကနဦးဖန်တီးမှုဟာ သီချင်းစာသားမပါတဲ့ တေးသွားသက်သက်ပဲဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြားသူတွေက စာသားရေးစပ်သွတ်သွင်းပြီး သီချင်းခေါင်းစဉ်‌ပြောင်းတပ်ကာ တင်ဆက်ခဲ့ကြပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဒီတေးသွားကို  ဂျာမန်မှာ အသံသွင်းဖြန့်ချီခဲ့ပြီး အ‌ကျော်ကြားဆုံး နံပါတ် ၁  ဖြစ်ခဲ့ပါတယ်။ 


Beer Barrel polka ဟာ ကမ္ဘာ့နိုင်ငံအနှံ့ကျော်ကြားလာပြီး တေးသွားကို ဘာသာပေါင်းစုံနဲ့ စာသားသွတ်သွင်းပြီး တင်ဆက်ခဲ့ကြပါတယ်။ သို့သော်လည်း တေးသွားရဲ့ မူရင်းဖန်တီးရှင်ကိုတော့ ကမ္ဘာစစ်ပြီးသည့်တိုင်အောင် ပရိတ်သတ်က မသိခဲ့ကြဘူးလို့ ဆိုပါတယ်။ 


ဒီတေးသွားရဲ့ကျော်ကြားမှုဟာ မြန်မာနိုင်ငံအထိရောက်ရှိလာခဲ့ပြီး ဆရာကြီးရွှေပြည်အေး ဟာ "ဘရဏီ" သီချင်းရဲ့ verse အပိုဒ်တွေကို ဒီတေးသွားအတိုင်း မြန်မာစာသားသွင်းပြီး ရေးဖွဲ့ခဲ့ပါတယ်။ 

"ခင်စရာ မင်စရာ ရူပါရုံချောသူသက်လျာ ကြင်နာစွာမောင့်စိတ်ထဲမှာ ချစ်မိတာ ကြိုက်မိတာ" 

ဆိုတဲ့ စာသားဟာ မြန်မာ့ဂီတနှစ်သက်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး နားဆင်သူကို ရွှင်လန်းလာစေတဲ့ ချစ်စရာသီချင်းတပုဒ်ပါပဲ။ "ဘရဏီ" သီချင်းရဲ့ chorus အပိုဒ်ကိုတော့ Oh! Susanna တေးသွားအလိုက်ကို ယူပြီး ရေးဖွဲ့ထားပါတယ်။ 


Beer Barrel polka ဟာ ခေတ်ကာလအဆက်ဆက်ကို ဖြတ်သန်းပြီ ဂန္ထဝင်လက်ရာတစ်ခုအဖြစ် ဂီတလောကမှာ ထင်ရှားနေဆဲဖြစ်ပါတယ်။ ဂီတဖျော်ဖြေပွဲတွေမှာလဲ တူရိယာမျိုးစုံနဲ့ အမြတ်တနိုး တီးမှုတ်ဖျော်ဖြေ‌ကြပါတယ်။

နားဆင်သူကိုပါအပျော်တွေကူးစက်လာစေမယ့် version တစ်ခုကို နားဆင်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။


 https://youtu.be/uCaVl0oQ2ME

Comments

  1. Wheel................dope.🏹🏹🏹

    ReplyDelete
  2. Thanks for this knowledge sharing and good to know ☺️

    ReplyDelete

Post a Comment