Song Reviews

 

Oh! Susanna (Stephen Foster)


Stephen Foster(1826–1864) ဟာ အမေရိကန် ဂီတလောကမှာ ကျော်ကြားတဲ့ ဂန္ထဝင်တေးရေးဆရာတစ်ဦးဖြစ်ပါတယ်။ Foster ကို the father of American music လို့တောင် သတ်မှတ်ကြပြီး ၁၉ ရာစုရဲ့ အကျော်ကြားဆုံး တေးရေးဆရာတစ်ဦးလညိးဖြစ်ပါတယ်။ Foster ဟာ သီချင်းပေါင်း ၂၀၀ ကျော်ရေးဖွဲ့ခဲ့ပြီး သူ့သီချင်းတွေဟာ ယနေ့အထိ နှစ်သက်စွာသီဆိုနေကြဆဲ ဖြစ်ပါတယ်။ Oh! Susanna ဟာ Foster ရဲ့ ကျော်ကြားတဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပြီး 1846 ခုနှစ်မှာ ရေးဖွဲ့ခဲ့ပြီး Foster ကို တေးရေးဆရာအဖြစ် ရပ်တည်နိုင်အောင် အောင်မြင်စေခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။  ဒီသီချင်းကို Foster ဟာ သူ့ရဲ့ ကွယ်လွန်သွားတဲ့ အစ်မရဲ့ နာမည်ကို အခြေခံပြီးရေးဖွဲ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသီချင်းကို Billy Whitlock ရဲ့ Mary Blane နဲ့ Silas S. Steele ရဲ့ Rose of Alabama သီချင်းတေးသွာတွေနဲ့ ဆင်တူမှုတွေရှိနေတယ်လို့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ကျော်ကြားမှုကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။

ဒီသီချင်းဟာ အမေရိကန်မှာတင်မကပဲ ကမ္ဘာတစ်လွှားမှာကျော်ကြားအောင်မြင်ခဲ့ပါတယ်။ ဒီသီချင်းကို မှီငြမ်းဖန်တီးမှုတွေလဲ ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာဂီတလောကမှာလဲ ဒီသီချင်းကို မှီငြမ်းမှုတွေရှိခဲ့ပါတယ်။ ဆရာကြီး ရွှေပြည်အေး ရေးဖွဲ့ပြီး ရုပ်ရှင်မင်းသား/အဆိုတော်ကြီး မောင်တင်မောင် သီဆိုခဲ့တဲ့ “ဘရဏီ” သီချင်းထဲက 'ဘရဏီပုံနှုန်း  ပြုံးလျက်မူယာ' အစချီတဲ့အပိုဒ်ဟာ Oh! Susanna တေးသွားအလိုက်ကို စာသားသွင်းပြီး မြန်မာ့နားနဲ့ကိုက်အောင် ဖန်တီးထားတာပါ။ မြန်မာတွေနှစ်သက်တဲ့ အောင်မြင်တဲ့/အောင်မြင်ဆဲ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ နှိုင်းယှဉ်နားဆင်လို့အောင် Youtube Link လေးတွေမျှဝေလိုက်ပါတယ်။ 


မူရင်းသီချင်း(Oh! Susann)  https://www.youtube.com/watch?v=qSIj17xbAyk

မြန်မာသီချင်း (ဘရဏီ) https://www.youtube.com/watch?v=HuRiNzcc8wQ

Comments

Post a Comment