The Quickest Way To End The War Is Lose

 

The Quickest Way To End The War Is Lose !

.

အ​မေရိကန် မက်တယ်ဝိုင်း  Megadeth  တို့ရဲ့  Dystopia  သီချင်းထဲက  စာသားတ​ကြောင်းပါ ။ 

.

စစ်ပွဲကို  အမြန်ပြီးချင်လား ?  

.

အရှုံး​ပေးလိုက်ပါတဲ့  !  

.

နိုင်ချင်ရင်​တော့  အချိန်ကြာပါ​စေ  

နိုင်​အောင်တိုက်ရမယ်

.

ဦးတည်ချက်ကိုက  နိုင်ဖို့ 

.

မြန်ဖို့  မဟုတ် ။ 

.

စစ်ဆိုတာ  အခုတိုက်  အခုနိုင်  ၊  အခု​အောင်ပွဲခံရမယ့်  Video Game  မဟုတ်

.

စစ်ဆိုတာ  လက်နက်ချင်းအားပြိုင်ပွဲမဟုတ် 

.

စစ်ဆိုတာ  အားကြီးသူ  နိုင်စတမ်းမဟုတ် 

.

စစ်ဟာ  ဥာဏ်ချင်းပြိုင်တာ

.

စစ်ဟာ  ဇွဲ ၊ သတ္တိချင်းပြိုင်တာ

.

စစ်ဟာ  ဝိရိယချင်းပြိုင်တာ 

.

စစ်ဟာ  နည်းပညာချင်းပြိုင်တာ 

.

စစ်ဟာ  လူသားအချင်းချင်း  ရပ်တည်တဲ့ဖက်မတူတာချင်း  ပြိုင်တာ 

.

စစ်ဟာ  ဓမ္မနဲ့  အဓမ္မပြိုင်တာ ။ 

.

စစ်မှာ  အဓိကအ​ရေးကြီးဆုံးက  လူသား​တွေ 

.

လူသား​တွေရဲ့   ​ပေါင်းစည်းညီညွတ်မှု  ၊  ဇွဲ ၊  သတ္တိ  ၊  ဥာဏ်ပညာ  ၊  ဝီရိယ  ဒါ​တွေက  အဆုံးအဖြတ်ပဲ ။ 

.

ဒါ​တွေပြည့်စုံရင်  လိုလျှင်ကြံဆနည်းလမ်းရတယ် ။ 

.

အခက်အခဲ​တွေကို  ဖြတ်​ကျော်နိုင်တယ် ။ 

.

ဆို​တော့   

.

နိုင်ဖို့တိုက်​နေတဲ့ပွဲမှာ  ဘယ်​တော့ပြီးမှာလဲတို့  ၊  ဘယ်အချိန်ပြီးမှာလဲတို့  ၊  မပြီး​သေးဘူးလားတို့ဆိုတာထက်


နိုင်​အောင်တိုက်မယ်  ၊  နိုင်ဖို့​ထောက်ပံ့မယ်  ၊  ကျရာတာဝန်ထမ်းမယ်   ဆိုတာ​တွေက  ပိုအ​ရေးကြီးပါတယ် ။ 

.

ဆက်ကလစ်ဖို့  ၊  ဆက်​လက်ထောက်ပံ့ဖို့  ၊  ကျရာ​နေရာက​နေပါဝင်​နေဖို့  ၊  အဓမ္မကိုဆက်လက်ဆန့်ကျင်​နေဖို့လိုပါတယ် ။ 

.

You Must Destroy The Cancer At It's Root ! တဲ့  

.

Dystopia  သီချင်းထဲက  စာသားပါပဲ ။ 

.

တိုင်းပြည်မှာ  နှစ်​ပေါင်းများစွာ   ကင်ဆာ​ရောဂါလိုအမြစ်တွယ်​နေတဲ့  စစ်အာဏာရှင်စနစ်ကို  ​

နောက်တခါမရှင်သန်နိုင်​အောင်  အမြစ်က​နေဖျက်စီးဖို့အတွက်   ​တော်လှန်​ရေး  ဘယ်အချိန်ပြီးမှာလဲ  When?  ဆိုတာထက်  

.

ဘယ်လိုပါဝင်​ထောက်ပံ့ရမလဲ  How ?  ဆိုတာကို  အဓိက  အာရုံစိုက်​စေချင်ပါတယ် ။ 

.

အ​ရေးတော်ပုံ​အောင်ရမည်။ 

.


Comments

  1. Till the end
    Fighting together 💪

    Justice shall only win ✊

    ReplyDelete
  2. နိုင်ရာဝန်ထမ်းကြမယ် အမျိုးတို့ရေ✊❤

    ReplyDelete
    Replies
    1. ဦးတည်ချက်ကိုက  နိုင်ဖို့ .
      မြန်ဖို့  မဟုတ် ။

      Delete
  3. နိုင်ချင်ရင်​တော့ အချိန်ကြာပါ​စေ
    နိုင်​အောင်တိုက်ရမယ်

    တိုင်းပြည်မှာ နှစ်​ပေါင်းများစွာ ကင်ဆာ​ရောဂါလိုအမြစ်တွယ်​နေတဲ့ စစ်အာဏာရှင်စနစ်ကို ​
    နောက်တခါမရှင်သန်နိုင်​အောင် အမြစ်က​နေဖျက်စီးဖို့အတွက် ​တော်လှန်​ရေး ဘယ်အချိန်ပြီးမှာလဲ When? ဆိုတာထက်
    ဘယ်လိုပါဝင်​ထောက်ပံ့ရမလဲ How ? ဆိုတာကို အဓိက အာရုံစိုက်​စေချင်ပါတယ် ။

    အ​ရေးတော်ပုံ​အောင်ရမည်။ ✊🍀

    ReplyDelete
  4. ဗဟုသုတတော်တော်ရပါတယ်ဗျာ

    ReplyDelete

Post a Comment