YouTube မှာ ဘယ်လို stream မလဲ

 

"YouTube မှာ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ Video တွေ ကြည့်တဲ့အခါ ဆောင်ရန်/ရှောင်ရန်တွေ"


Video တွေကြည့်တဲ့အခါမှာ နည်းစနစ် မှန်မှန်ကန်ကန်နဲ့ ကြည့်မှသာ ကိုယ်ကြည့်ထားတာတွေက အလဟသ မဖြစ်မှာ ဖြစ်ပါတယ်။ ဒါဆို ဘာတွေ ဆောင်ပြီး ဘာတွေ ရှောင်ရမလဲဆိုတာ ပြောပြပေးပါမယ်❗


🔸VPN ကို ချိတ်ပါ ၊ ချိတ်ပြီးလျှင် သေချာစစ်ပါ🔸


တော်လှန်ရေးနဲ့ သက်ဆိုင်တာတွေကို ကြည့်တာ သုံးတာတွေလုပ်ရင် VPN ကို ချိတ်ပြီး ကြည့်မှသာ အကျုံး၀င်မှာ ဖြစ်ပါတယ်။ VPN သုံးရင်လည်း Free VPN plan တွေ မသုံးပဲ premium VPN plan တွေ သုံးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Free VPN  plan တွေ သုံးရင် နေရာ မမှန်ရင် ကြော်ငြာ မတတ်တာတွေ ဖြစ်တတ်ပါတယ်။


VPN ချိတ်ပြီးရင် whatismyipaddress.com မှာ သွားစစ်ကြည့်သင့်ပါတယ်။ ကိုယ်က VPN ကို US ကို ချိတ်ထားတယ်ဆိုရင် US ကို ပြပေးပါလိမ့်မယ်။ US ကိုမပြပဲ တခြားနေရာ/မြန်မာနိုင်ငံကို ပြရင် သင်ရဲ့ VPN ပြဿနာ တတ်နေပါပြီ‼️


🔸Auto Play ကို ပိတ်ထားပါ ၊ ကြော်ငြာတွေကို ကျော်ပစ်လို့ ရရင် ကျော်ပါ🔸

Auto Play ဆိုတာ Video တစ်ပုဒ် နဲ့ တစ်ပုဒ်ကို အလိုအလျောက် ပြောင်းပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ သင်က Auto Play မပိတ်ပဲ Video ကို ဆက်တိုက်ကြည့်နေမယ်ဆိုရင် YouTube က သင့်ကို bot(စက်ရုပ်) လို့ထင်မှတ်ပြီး သင်ကြည့်ထားသမျှ သဲထဲရေသွန်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ကြော်ငြာတွေကို ကျော်ခိုင်းတယ်ဆိုတာကလည်း အဲ့အတိုင်းပဲ။ လူကြီးမင်းကို စက်ရုပ်လို့ ထင်သွားနိုင်လို့ပါ။


ကြော်ငြာတတ်တယ်/မတတ်ဘူးဆိုတာကို YouTube Video ရဲ့ ကောမန့်တွေမှာ ရေးတာမျိူး မပြုလုပ်ပါနဲ့။ ကြော်ငြာလို့သုံးမယ့်အစား ဆရာညီသုတ ပြောသလို ကာတွန်းလေးလို့သုံးပြီး ကာတွန်းတတ်တယ်/မတတ်ဘူး လို့ ရေးရင် ပိုကောင်းပါလိမ့်မယ်။ ဘာဖြစ်လို့ အဲ့လို ရေးခိုင်းလဲဆိုရင် YouTube ရဲ့ စောင့်ကြည့်တဲ့ စနစ်တွေက ဘာသာ ပြန်နိုင်စွမ်းရှိလို့ပါ။ ဒီလူတွေက ဒီ Video မှာ ကြော်ငြာလာကြည့်တယ်ဆိုပြီး YouTube က ထင်သွားရင် ချယ်နယ်ပိတ်ချခံရနိုင်ပါတယ်။


[ရိုင်းပျတဲ့ ကောမန့်တွေ မရေးဖို့လည်း အကြံပြုချင်ပါတယ်]


🔸YouTube ကို Facebook ပွတ်သလို ပွတ်ပါ🔸

Facebook မှာ နယူးဖိ ပွတ်လိုက်ရင် ပေါ်လာတဲ့ post တွေကို နှိပ်ပြီး ကြည့်သလိုမျိုးပဲ YouTube မှာလည်း အဲ့လိုကြည့်တာ ကောင်းပါတယ်။ ဘာဖြစ်လို့လို့လဲဆိုရင် YouTube က အကြံပြုတဲ့ Video ကို လူ အယောက် ၁၀၀ ကြည့်တယ်ဆိုရင် အယောက် ၁၀၀၀ လောက်က ထပ်မြင်မှာ ဖြစ်ပါတယ်။ Facebook မှာ MyDay Page ကို ‌Lile မလုပ်ထားရင်တောင် recommend for you ဆိုပြီး ပေါ်လာသလိုမျိုးပဲ။ YouTube မှာလည်း အဲ့လိုလေး လုပ်ပေးပါ။


🔸ကျော်ခြင်း/ခွခြင်းမပြုပါနဲ့🔸

Videos ကြည့်ရင်း ရစ်ပစ်တာတွေ / ကျော်ပစ်တာတွေလုပ်ရင် YouTube က ဒီ Video ကို လူတွေ စိတ်မ၀င်စားဘူးလို့ ထင်ပြီး အပေါ်ကပြောသလို recommend မှာ မပြတာတွေ ဖြစ်လာနိုင်ပါတယ်။ Like ပေးရင်လည်း Video ပြီးခါနီးမှ ပေးသင့်ပါတယ်။ အသံကိုလည်း ၇၀% ထားပြီး ရုပ်ထွက်ကိုလည်း အနည်းဆုံး 480p ထားပေးသင့်ပါတယ်။


အဓိက မှတ်ရမှာက ကြော်ငြာတတ်တယ်/မတတ်ဘူးလို့ မသုံးပါနဲ့။ ကာတွန်းလေးတစ်ခုတတ်တယ်/မတတ်ဘူးလို့ပဲ သုံးပေးပါ❗

Comments

  1. ကျော်ခြင်းခွခြင်းမပြုပါနဲ့တဲ့😂❤

    ReplyDelete
    Replies
    1. Youtubeမှာလေstreamတဲ့အခါကျရင်vpnဖွင့်ထားလို့လားမသိဘူးhighest resolution က480pဘဲရတယ်အဲ့လိုဆိုရင်ရောviewတက်လားဗျ
      သိတဲ့သူတွေဝင်ဖြေပါဦး

      Delete
  2. Wheel..........dope.🏹🏹🏹

    ReplyDelete

Post a Comment