လဲကျရင် ပြန်ထ
“လဲကျရင် ပြန်ထ”
~~~~
တချို့အခက်ခဲတွေက ပြေလည်မယ်လို့
လောကကြီးက ပညတ် မထားဘူး
ဒါကြောင့် အခက်ခဲ ဆိုမှတော့
ခက်ခက်ခဲခဲ ကျော်ဖြတ်မှ ရမဲ့ အရာ
ကျော်ဖြတ်ဖို့ အားမရှိလည်း
မဖြစ်မနေ ကျော်ဖြတ်ရမှာဘဲ။
အခက်ခဲကိုရင်ဆိုင် ကျော်ဖြတ်နေရချိန်
လူတွေက မင်းကို အထင်သေးတာ ရှိမယ်
ကဲ့ရဲ့တာတွေ ရှိမယ်
ဘယ်သူတွေ မင်းကို ဘယ်လို ကဲ့ရဲ့ပါစေ
ဘယ်လို အထင်အမြင်သေးပါစေ
ရင်ဆိုင်ပြီး ကျော်ဖြတ်ရမှာက မင်းအလုပ်။
အချိန်က အဆုံးအဖြတ်ပေးနေချိန်
မင်းမှာ ရှိရမှာက ကတိသစ္စာနဲ့ ယုံကြည်မှု။
အချိန် စောပြီး
ကတိ သစ္စာ မတည်သူလို့
မယုံကြည်ရသူလို့
မင်းကို လူတွေက ဗွေယူကြတဲ့အခါ
ခွင့်လွှတ်မှုနဲ့ သည်းခံမှုကိုပဲ ဦးစားပေးပါ။
မင်းကိုယ်တိုင် ကတိသစ္စာတည်ကြောင်း
ယုံကြည်ရသူဖြစ်ကြောင်း
ပြသဖို့လိုမယ်။
တကယ်လို့ တခြားသူတစ်ဦးကို
အကူညီတောင်းတော့မယ်ဆိုရင်
မထူးခြားနိုင်တာကို မင်း ကြိုတွေးမိရင်
အကူညီ မတောင်းပါတော့နဲ့
ဖွင့်ချ မပြပါတော့နဲ့
အကူညီ မပေးလို့လည်း စိတ်မဆိုးနဲ့
သူလည်း သူ့အခက်အခဲနဲ့သူ ရှိမှာပဲလို့
တွေးပြီး နားလည်ပေးလိုက်ပါ။
အဆင်မပြေမှုတွေကို
မျိုသိမ့်ထားပါ၊
ပြီးရင် အားမွေးပါ
ရှေ့ဆက်လျှောက်ပါ။
လဲကျနေတာကို ပြန်ထရမှာက မင်းတာဝန်
မင်းကို ဘယ်သူကမှ ထူပေးမှာ မဟုတ်လို့
ကိုယ့်အား ကိုယ်ကိုးပြီး ပြန်ထပါ။
လဲကျတိုင်း ပြန်ထခွင့် ပေးထားတယ်
အဲ့ဒါ မင်း အခွင့်အရေးဘဲ။
#လင်းစက်✍️
Done.
ReplyDelete✊❤
ReplyDelete❤️💜
ReplyDeleteDone
ReplyDeletede
ReplyDeleteDone 💪
ReplyDeleteThanks
ReplyDelete🌸🌹🌸
ReplyDelete🤜🤛✊✊✊
ReplyDelete🤜🤛✊✊✊
Delete