ရသစာစု

 


လူဆိုတာ ဘာကောင်ကြီးဖြစ်နေနေ သေရင်

မီးသဂြိုလ်စက်နဲ့မြေကြီး 

တစ်ခုခုထဲရောက်မှာပါ

ကိုယ့်နောက်ကို ဘာမှပါလာမှာ မဟုတ်ပါဘူး

ကျန်ခဲ့မှာတွေတော့ အများကြီးရှိပါတယ် 

ကျန်ခဲ့မဲ့အရာတွေထဲ အရေးကြီးဆုံးကတော့ 

ကိုယ်တိုင်ရေးခဲ့တဲ့ ကိုယ့်သမိုင်းနဲ့ 

ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ပန်းတွေရဲ့ ရနံ့ပါ 

ဒီမြေပေါ်မှာ ကိုယ်သေသွားတဲ့အခါ 

ကိုယ်ဘာတွေချန်ခဲ့မလဲ ကိုယ့်သမိုင်းမှာ 

ဘာတွေကျန်ခဲ့စေချင်သလဲ

ဘယ်လိုရနံ့မျိုးနဲ့ ပန်းတွေဖူးပ့င့်စေချင်သလဲ

ဆိုတာက ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ရမဲ့အလုပ်ပါ ကျွန်တော်ကတော့ သေသွားရင်တောင် ဒီမြေအတွက် ဒီမြေပေါ်ကမျိုးဆက်တွေအတွက် ပန်းတစ်ခင်းလုံးမစိုက်နိုင်ရင်တောင် တစ်ပင်ဖြစ်ဖြစ် တစ်ခြံစာဖြစ်ဖြစ် 

စိုက်ပျိုးနိုင်သလောက် စိုက်ပျိုးနိုင်အောင် 

ကြိုးစားသွားမှာပါ။ 

ကျွန်တော်စိုက်ပျိုးခဲ့လို့

အနာဂတ်မှာပွင့်လာမဲ့ ပန်းတွေရဲ့ ရနံ့ဟာ 

တစ်လောကလုံးကို မမွှေးမြနိုင်ရင်တောင် 

ကျွန်တော့်ပတ်ဝန်းကျင် ကျွန်တော့လောက 

ကျွန်တော့်မျိုးဆက်တစ်ခုကိုတော့

မွှေးမြစေမှာပါ ။


လာပါ အခွင့်သာတုန်း ဒီကမ္ဘာအတွက်

အတူတူ နိုင်သလောက် စိုက်ပျိုးကြရအောင်။

Comments

Post a Comment