စာစု

 

သူရိယကိုမျက်နှာမူလို့ ရဲရင့်စွာ

ညိုနွမ်းခံနေသော ပန်းများ မညိုးနွမ်ခဲ့သည်ဆိုပါစို့။


ကောင်းကင်ပြင်ကြီးအလာကျယ်၀န်းလှတဲ့

ပထ၀ီမြေကြီးသည် စစ်ဖိနပ်အောက်မရောက်ခဲသည်ဆိုပါစို့။


ကောင်းကင်တို့မှာ ယမ်းငွေ့များ မရွာသွန်းခဲ့သည်ဆိုပါစို့။


ပန်းများသည် သွေးမျက်ရည်များမကျခဲ့သည် ဆိုပါစို့

ပန်းများ မီးမစွဲခဲ့သည် ဆိုပါစို့။

ပင်အိုကြီးများကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့ကြသည် ဆိုပါစို့

ရွက်နှထွက်စပင်ပေါက်လေးများ အနိုင်ကျင့်မခံခဲ့ရသည် ဆိုပါစို့။


မယ်ရင်တို့ကောင်းမွန်စွာ လှပနိုင်သည် ဆိုပါစို့

ကိုရင်တို့လိမ္မာကြသည် ဆိုပါစို့။


ညများတို့သည်လုံခြုံခဲ့သည် ဆိုပါစို့

မနက်ခင်း၌ ကျေးငှက်တို့၏တေးချင်းဖြင့် လှနေမည် ဆိုပါစို့

ငယ်သူကို မညှင်းဆဲခဲ့သည် ဆိုပါစို့

ကျယ်လောင်လှတဲ့ဒဏ်ရာမြစ်ထဲ သွေးများမစီးခဲ့ကြသည်ဆိုပါစို့

ငရဲခွေးများ နတ်ပြည်မရောက်ခဲ့သည်

ဆိုပါစို့။  ။

2.9.2022

2:52 AM

//မိုးသစ်

Comments

Post a Comment