တန်ဖိုးရှိတဲ့လူ ဖြစ်ဖို့

 

တန်ဖိုးရှိတဲ့လူဖြစ်ဖို့

~~~~~

သတ္တဝါတွေဟာ

- မွေးဖွားခြင်းနဲ့ အစ တည်တယ်၊

- မွေးဖွားခြင်းနဲ့ မသေဆုံးခင် 

  ကြားကာလကို ဖြစ်သန်းရတယ်၊

- နောက်ဆုံး သေဆုံးရတယ်

ဒါက သက်ရှိတို့ရဲ့သဘာဝ လောကဓမ္မတာပဲ

အဲ့သည့် သက်ရှိတွေထဲကမှ 

လူသားတွေကပဲ လောကကြီးကို 

အဓိက ဖန်တီးကြရတာပါ။


မွေးဖွားခြင်းနဲ့ စတည်ခဲ့ကြပြီးပြီ

သေတဲ့သူတွေ သေသွားကြပေမယ့်

မသေဆုံးသေးတဲ့ သက်ရှိလူသားတွေက

ကြားကာလကို ဆက်လက် ဖြတ်သန်းကြရဦးမယ်လေ

မသေခင် ကြားကာလလေးမှာ

အဲ့သည်တော့ လူဖြစ်ရကျိုး နပ်မှ

တန်ဖိုးရှိတဲ့ လူ ဖြစ်မှ

တရားမျှတတဲ့သူ ဓမ္မဘက်တော်သား ဖြစ်မှာပါ၊

အဲ့လိုလူ ဖြစ်ဖို့ သိပ်ကို အရေးကြီးပါတယ်။


လူဖြစ်ရကျိုး နပ်ဖို့ 

တန်ဖိုးရှိတဲ့ လူဖြစ်ဖို့ အဖြေက

သိပ်ကို ရိုးရှင်းလွန်းပါတယ်၊

ကောင်းတာတွေနဲ့ အချိန်ကုန်သင့်တာပါ၊

ဘယ်လို ကောင်းတာတွေလည်း

လူဆိုတဲ့ သဘာဝနဲ့ ကိုက်ညီဖို့

လူလို့ ခေါ်လို့ရတဲ့ လူ ပီသဖို့

လူ့အသိဉာဏ်နဲ့ လိုက်ဖက်တဲ့ 

ကောင်းမွန်တဲ့ အပြုအမူတွေ

ကောင်းမွန်တဲ့ အပြောအဆိုတွေ

ကောင်းမွန်တဲ့ စိတ်ထားတွေ

မဖြစ်မနေကို လုပ်ဆောင်ရမှာပါ၊

အဲ့ဒါမှ လူဖြစ်ရကျိုး နပ်မှာပါ။


လူ့အဖြစ်က ရဖို့ ခဲယဉ်းတာကို

ဗုဒ္ဓက “မနုဿတ္တဘာဝေါ ဒုလ္လဘော”

(မနုဿတ္တဘာဝေါ - လူ့ဘဝအဖြစ်ကို

ဒုလ္လဘော - ရဖို့ ခက်ခဲ၏) လို့ မိန့်ခဲ့တယ်၊

လူဘဝကို ရဖို့ အရမ်းခက်ခဲပါတယ်၊

ဒါကြောင့် ရခဲလှတဲ့ လူဘဝကို 

ခင်ဗျားတို့ ကျွန်တော်တို့တွေ မြတ်နိုးမှ ရမယ်

မြတ်နိုးတတ်မှ တန်ဖိုးတွေ ရှိလာမယ်

တန်ဖိုးတွေ ရှိမှ လူ့ဘဝက အထက်တန်းကျမယ်

အထက်တန်းကျမှ လူ့ဘဝက အဓိပ္ပါယ်ရှိပါမယ်

အဲ့လို အဓိပ္ပါယ်ရှိမှ လူဖြစ်ရကျိုး နပ်ပြီး

တန်ဖိုးရှိတဲ့လူ ဖြစ်မှာပါ၊


လူဖြစ်ရကျိုး နပ်ဖို့

တန်ဖိုးရှိတဲ့လူဖြစ်ဖို့

- ကောင်းတဲ့ အပြုမူ ပြုခြင်း

- ကောင်းတဲ့စကား ပြောခြင်း

- ကောင်းတဲ့စိတ် ထားခြင်း - ဆိုတဲ့ အချက် ၃ချက်က

အဓိက အခြေခံအုဌ်မြစ်တွေဘဲ


မင်းက ဆင်းရဲတဲ့ဘဝက လာလို့

တန်းဖိုးနှိမ့်လူသား ဖြစ်မသွားဘူး


မင်းက ကုသဖို့ ဆေးမရှိတဲ့ ရောဂါသည် ဖြစ်နေလို့ 

တန်ဖိုး နိမ့်ကျမသွားဘူး


မင်းက ပညာတွေ မတတ်လို့

တန်ဖိုး နိမ့်ကျမသွားဘူး


မင်းကို လူတွေက နှိမ်ချဆက်ဆံလို့

မင်းတန်ဖိုးတွေ နိမ့်ကျ မသွားဘူး


မင်းဟာ နိမ့်ကျတဲ့လူသား မဖြစ်ဖို့

မင်းဟာ တန်ဖိုးရှိ လူသားဖြစ်ဖို့


၁ - မင်း ကောင်းတာတွေ လုပ်နိုင်ရင် ရပြီ

(မှန်ကန်ကောင်းမွန်တဲ့ လုပ်ရပ်အကုန်လုပ်ပြီး

ယုတ်မာ အောက်တန်းမကျဖို့ပဲ လိုတယ်)


၂ - မင်း ကောင်းတာတွေ ပြောရင် ရပြီ

(ကောင်းတဲ့စကား အမှန်စကားကိုသာပြော

အပြောကောင်းဖို့ မလို)


၃ - မင်း စိတ်ကောင်းထားနိုင်ရင် ရပြီ

(ဖြူစင်ရိုးသားပြီး မှန်ကန်တဲ့ စိတ်ထား)


အဲ့ ၃ချက်နဲ့ ပြည့်စုံရင်

မင်းက တန်ဖိုးရှိတဲ့လူ ဖြစ်ပြီ

အဲ့သုံးချက်နဲ့ ပြည့်စုံနေရင်

မင်း ဘာမှ သိမ်ငယ်နေစရာ မလိုဘူး

ဒါကြောင့် မင်းက တန်ဖိုးရှိတဲ့သူ ဖြစ်ဖို့

ကောင်းတာတွေပဲ လုပ်ပါ

ကောင်းတာတွေပဲ ပြောပါ

ကောင်းတဲ့စိတ် ထားပါ

ဒါဆို မင်းက တန်ဖိုးရှိတဲ့လူ ဖြစ်ပြီ။



✍️လင်းစက်☀️

Comments

  1. Wheel.........dope.🏹🏹🏹

    ReplyDelete
  2. ခေတ်ကပေးတဲ့တာဝန်ကိုကျပွန်အောင်ဆောင်ရွက်ပြီး
    နောင်လိပ်ပြာသန့်သန့်နေကြမယ်

    ReplyDelete
    Replies
    1. အိုခေပါ 🥰

      Delete
    2. မလျှော့စတမ်း ပြိုင်တူတွန်းကြမယ်

      Delete
  3. ကောင်းတာတွေပဲ လုပ်ပါ

    ကောင်းတာတွေပဲ ပြောပါ

    ကောင်းတဲ့စိတ် ထားပါ🍀🍀🍀

    ReplyDelete

Post a Comment