အချစ်နှင့် တော်လှန်ရေး

 

“အချစ်နှင့် တော်လှန်ရေး (သို့) အကန့်မတူ တန်း မတူ”

~~~~~~~~


တော်လှန်ရေးကာလမှာ အချစ်ရေး တွေးနိုင်သေးတာလား? 

ဆိုတဲ့ မေးခွန်းက မေးကို မမေးသင့်တာပါ။


အချစ်က အချစ် တော်လှန်ရေးက တော်လှန်ရေး တစ်ကန့်ဆီပဲလေ၊ 

မတူတာကို တန်းတူ မမြင်တာဟာ မှန်ကန်ခြင်းပါပဲ။


တချို့ဆို အချစ်ကို အကြောင်းပြုပြီး မတော်လှန်ပဲ နေတဲ့သူကိုတောင် တော်လှန်ရေးဘက်ကို ပါလာအောင်အထိ ဆွဲခေါ်နိုင်တဲ့သတ္တိ စွမ်းအားတွေက အချစ်မှာ ရှိကို ရှိတယ်၊  အချစ်ကြောင့် တော်လှန်လာကြတဲ့သူတွေ ဥပမာပြရလျှင် မနည်းမနော တစ်ပုံကြီး။


တော်လှန်ရေးလုပ်ရင်း ချစ်သွားကြတဲ့ စုံတွဲလေးတွေဆိုလည်း

အများကြီးမှ အများကြီး။


များတယ်မှ မပြောနဲ့လေ၊ တော်လှန်ရေးလုပ်နေကြတဲ့သူတိုင်းမှာခံယူချက်ဆိုတာ ရှိကြသလို နှလုံးသား ဆိုတာလည်း ရှိကြတယ်၊


နှလုံးသားဆိုတာ ချုပ်တည်းထားလို့ မရတဲ့ သက်ရှိ အရာဝတ္ထု ဖြစ်နေပါတယ်။


အမြဲတမ်း အလုပ်လုပ်နေတဲ့ အတွက် နှလုံးသားက လက်ခံတဲ့ အချစ်ကို အပြစ်မြင်လို့လည်း မရသလို အထင်သေးလို့လည်း မရပါဘူး။


မယုံလျှင် ကိုယ်တိုင် ကိုယ့်နှလုံးသားကို ခိုင်းစေကြည့်ကြပါ၊

“မင်း ဒီအချိန် မချစ်ရဘူး၊ အချစ်အကြောင်း မတွေးရဘူး၊ မင်း ဘယ်သူ့ကိုပဲ ချစ်ရမယ်၊ ဘယ်သူနဲ့ဘဲ မင်း လက်တွဲရမယ်” စသည်ဖြင့် ခိုင်းစေကြည့်ပါလား? ရနိုင်ပါ့မလား?

လုံးဝ မရပါဘူး။


အလုပ်အတွက် ဦးနှောက်က ခံယူချက်နဲ့ အလုပ်လုပ်ပေမယ့် နှလုံးသားကတော့ ခံစားချက်နဲ့ပဲ အလုပ်လုပ်တာပါ။


နှလုံးသားဆိုတာ သူလက်ခံတဲ့သူဆီကိုပဲ ဘူတာ ဆိုက်ပါတယ်၊ သူလက်ခံတဲ့သူကိုပဲ သူချစ်ပါတယ်၊ သူလက်ခံတဲ့အချိန်မှာ သူချစ်တတ်ပါတယ်၊ ဒါကြောင့် နှလုံးသားနဲ့ ချစ်နေတဲ့ အချစ်ကို ဦးနှောက်နဲ့ တော်လှန်တဲ့ ခံယူချက်နဲ့ တန်းတူ မညှိစေချင်တာပါ။


အချစ်က အချစ် တော်လှန်ရေးက တော်လှန်ရေးပါ၊ အချစ်နဲ့ တော်လှန်ရေးကို ဘယ်သောအခါမှ တန်းတူညှိပြီး အပြစ်မြင်တာ အထင်သေးတာမျိုး မလုပ်သင့်ပါဘူး။

 

တော်လှန်ရေး လုပ်ကြသူတိုင်းမှာ နှလုံးသား ရှိကြပါတယ်၊ နှလုံးသားရှိသူတိုင်း ချစ်တတ်ကြပါတယ်၊ တော်လှန်နေရင်းနဲ့လည်း နှလုံးသားက သူ့အလိုလို အလုပ်လုပ်နေပါတယ်။


တကယ်လို့များ ခင်ဗျားတို့ရဲ့ အသိမိတ်ဆွေတွေ တော်လှန်ရင်း အချစ်အကြောင်းတွေးကြတဲ့အခါ အချစ်အကြောင်း ရင်ဖွင့်ကြတဲ့အခါ နားလည်ပေးလိုက်ကြပါ၊ နှလုံးသားနဲ့ ချစ်နေတဲ့ သူတို့မှာ ဦးနှောက်က လာတဲ့ ခံယူချက်နဲ့  တော်လှန်ရေးလည်း လုပ်နေကြတာပါလားဆိုတဲ့ ဖြည့်တွေးလေး ထည့်တွေးပြီး နားလည်ပေးလိုက်ကြပါ။


နှလုံးသားရှိသူတိုင်း ချစ်ကြပါတယ်။

ဦးနှောက်ရှိသူတိုင်း အာဏာရှင်ကို တော်လှန်ကြပါတယ်။


အချစ်နှင့် တော်လှန်ရေးက အကန့် မတူလို့ တန်း မတူပါ၊ ဒါကြောင့် အချစ်နှင့် တော်လှန်ရေးကို တန်းတူ မညှိစေချင်ပါ။



✍️လင်းစက်☀️

Comments

  1. ကလစ်ရင်းနဲ့ ချစ်လို့ရပါတယ် ✌️🍀🕊️

    ReplyDelete
  2. ❤❤❤
    ကိုယ်တွေက ချစ်မှာပဲစိတ်ကြီးဒေ😍😂
    ငါတို့နိုင်မှာ

    ReplyDelete
  3. Wheel..........dope.🏹🏹🏹

    ReplyDelete
  4. နှလုံးသားရှိသူတိုင်း ချစ်ကြပါတယ်
    ဦးနှောက်ရှိသူတိုင်း အာဏာရှင်ကို တော်လှန်ကြပါတယ်။
    လေးစားပါတယ် လင်းစက်ရေ

    ReplyDelete

Post a Comment