အတွေးစာစုများ

 

ခေါင်းစဉ်မရှိသော အတွေးတစု (၂ )

__________တောင်းပန်ပါတယ် အမေ


ထမင်းစားဝိုင်းမှာ သားဘဲဥတခြမ်းနဲ့မလောက်လို့

အမေ့ဆီက ဟင်းထပ်တောင်းတော့ အမေ့ဝေစုကိုပေးပြီး အမေ ငပိရည်နဲ့စားခဲ့တာကို မသိတတ်ခဲ့တာ  သား တောင်းပန်ပါတယ် အမေ....

__________

တောင်းပန်ပါတယ် အမေ


ကျောင်းမှာ သူငယ်ချင်းတွေ နဲ့ ထမင်းစားရင်း

ထမင်းထဲ အမေ့ဆံပင်ပါလာတော့ သား သူငယ်ချင်းတွေ ကို ရှက်ပြီး ထမင်းတွေဟင်းတွေ သွန်ပစ်ခဲ့မိတယ်...အမေ မနက်အစောကြိီး ထပြီး

မျက်စိမူန်မူန်နဲ့ စေတနာပါပါ ချက်ပေးခဲ့တာကို သား မသိတတ်ခဲ့လို့ သား တောင်းပန်ပါတယ် အမေ...

__________

တောင်းပန်ပါတယ် အမေ


ညဘက်ဆို တနေကုန် စျေးရောင်းရလို့ အိပ်ယာထဲမှာ လှဲ ပြီး  ညောင်းညာနေတဲ့အမေက သားကိုနှိပ်ခိုင်းတော့ သားစာလုပ်နေတယ်ဆိုပြီး နှိပ်ပေးရကောင်းမှန်း မသိတတ်ခဲ့လို့ သားတောင်းပန်ပါတယ် အမေ...

__________

တောင်းပန်ပါတယ် အမေ


တွေ့ကရာ အမိူက်ပုံဝင်ပြီး ရောင်းလို့ရမဲ့ ပစ္စည်းရှာ နေတတ်တဲ့ အမေ့ကို သား ရှက်ပြီး အမေ့ကို မသိချင် ယောင်ဆောင်မိခဲ့တယ် အမေ...

သား ကိုယ်တိုင် အမေ ရောင်းလို့ ရတဲ့ ပိုက်ဆံ နဲ့ ထမင်းစားနေရတာ ကို မသိတတ်ခဲ့လို့ သားတောင်းပန်ပါတယ် အမေ...

__________

တောင်းပန်ပါတယ် အမေ


ညဘက်တွေ သားတို့ အိမ်သာ ရေလျှံတော့

ဘယ်သူမှ မသိအောင် အမေခိုးပြီး အဲ့ရေတွေကို ခပ်ခဲ့တယ်နော်...အမေ အဲ့လို ထ ထ လုပ်တာ သိသိကြီး နဲ့ သား ဆက် အိပ်ပြီး မသိတတ်ခဲ့တဲ့ အတွက် သားတောင်းပန်ပါတယ် အမေ...

__________

တောင်းပန်ပါတယ် အမေ


ကျောင်းမှာ သူငယ်ချင်းတွေနဲ့ အပြိုင် သုံးချင်တော့ အမေ အကြွေးရှင်တွေ ရှေ့မှာ အပြောခံရမှာကို သိသိကြီးနဲ့ အမေ့ကို လိမ်ညာပြီး ပိုက်ဆံတွေ တောင်းပြီး သုံးမိတယ်အမေ ...မသိတတ်ခဲ့အတွက် သား တောင်းပန်ပါတယ် အမေ...

__________

တောင်းပန်ပါတယ် အမေ


ကိုးလ လွယ် ဆယ်လ မွေးတဲ့ အချိန်ကနေစပြီး

အရွယ်ရောက်တဲ့ အချိန်ထိ ကျွေးမွေးခဲ့တဲ့ မျက်နှာ တွေကိုမှ မထောက်ပဲ သားမိန်းမနောက်ကို လိုက်ပြီး အမေ့ကို အကြာကြီး ပစ်ထားခဲ့တယ်...အမေ အဆင်ပြေလား တခွန်းမမေးခဲ့မိတာတွေ မသိတတ်ခဲ့တာတွေ အတွက် သား တောင်းပန်ပါတယ် အမေ...

__________

တောင်းပန်ပါတယ် အမေ


သား နောင်တ တွေ ရပြီး အမေ့ကို လွမ်းတဲ့ အချိန်မှာ အမေဟာ ဘဝတပါးကို ကူးပြောင်းသွားပါပြီ...ငယ်စဉ်ကတော့ အမေ့ရင်ခွင်ကိုအနွေးထွေးဆုံးထင်ခဲ့ပေမဲ့လေ... သား အသက်ကြီးလာလေအမေ့ကို ရှောင်လာ လေ နဲ့ အမေ့ကျေးဇူးကို မသိတတ်ခဲ့တဲ့အတွက် သားတောင်းပန်ပါတယ် အမေ...

__________

တောင်းပန်ပါတယ် အမေ


သားတို့ ဘဝ ကြမ်းခဲ့တယ်နော် လောကဓံမုန်တိုင်းလဲ တော်တော် ပြင်းထန် ခဲ့တယ် ဒါပေမဲ့ လေ ဘယ်လောက်ပဲ ကြမ်းခဲ့ပါစေ သား သက်သာအောင် ... သား အရှေ့က နေ အမေ လောကဓံကို ရင်ကော့ပြီး ရင်ဆိုင်ပေးသွားခဲ့တာ သား မသိတတ်ခဲ့လို့ သားတောင်းပန်ပါတယ် အမေ...

__________


#နောင်ချိုသွေး

#လိုအပ်ချက်များစွာဖြင့်သာ

Comments

  1. Wheel...............dope.🏹🏹🏹

    ReplyDelete

Post a Comment