သားရေကွင်းကလေးများ

 

သားရေကွင်းကလေးများ


ဘာာရယ်မဟုတ်ပါဘူး

သက်ရောက်မှု

တစ်ခုအတွက်

တွန်းထိုးရုန်းကန်နေခြင်းဟာ

နဂိုအခြေနေအတိုင်း

နေထိုင်လိုခြင်း  သက်သက်သာ

ဖြစ်ပါရဲ့။


 ခိုင်မြဲ(အလင်းမြစ်)


ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာ လှုပ်ရှား ရုန်းကန်နေခြင်းဟာ အထက်ပါ ကဗျာထဲကလို နဂိုအခြေအတိုင်းနေထိုင်လိုခြင်းကြောင့်သာဖြစ်ပါတယ်။တစ်ခုတည်းသောရည်ရွယ်ချက်က ပုံမှန်လို လွတ်လပ်စွာအေးချမ်းစွာနေထိုင်ရလိုမှုကြောင့် ကြိုးစားနေမှုသာဖြစ်ပါတယ်။ ဒီအချက်က အရေးကြီးပါတယ် ဘာလို့လဲဆိုတော့ စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကို အကြမ်းဖက်သောင်းကျန်းအုံကြွမှုအဖြစ် မြင်စေချင်နေလို့ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ဘာ၀ါဒအတွက်မှ တိုက်ခိုက်နေခြင်းမဟုတ်ပါ အရင်လို အေးချမ်းစွာနေထိုင်ရဖို့ပဲဖြစ်ပါတယ်။သတ်ဖြတ်ခြင်း ရှင်းလင်းလုပ်ဆောင်ခြင်းတွေမှာ ရန်ငြိုးကြောင့် အကြမ်းဖက်လိုခြင်းကြောင့်မဟုတ်ပါ။ ပုံမှန်အနေထားရရှိဖို့ ပြန်လည်ရုန်းကန်နေရသူတွေကို ကမ္ဘာက ဘာကြောင့် ကူညီဖို့နောက်တွန့်နေသလဲ စစ်ကောင်စီရဲ့ ပုံပေါ်ထားတဲ့အခြေနေကိုကျော်မကြည့်နိုင်သေးလို့ဖြစ်ပါတယ်။ယူကရိန်းကိုကူညီသလို ဘာလို့မကူညီနိုင်သေးလဲ ကျွန်တော်တော်လှန်ရေး ရုန်းကန်မှုတွေကို အကြမ်းဖက်လှုပ်ရှားမှုအဖြစ် ကမ္ဘာကို ၀ါဒမှိုင်းတိုက်ထားလို့ဖြစ်ပါတယ် ။ သာရေးကွင်းကလေးများရဲ့ ရုန်းကန်လှုပ်ရှားမှုသည် ပုံမှန်အခြေနေ ရလိုခြင်းကြောင့်သာဖြစ်ကြောင်း ကမ္ဘာကို သိစေချင်စမ်းလှပါတယ် သိအောင်လည်းလုပ်နေကြသလို မြန်မြန်သိအောင်လည်းလိုအပ်လှပါတယ်။

Comments

Post a Comment