မနက်ဖြန်ဆီသို့
" ရောင်နီသန်းမဲ့ မနက်ဖြန်ဆီသို့ "
*********
အရှေ့ရပ်မှာ
နေရောင်ရှိသတဲ့လား
လူ့ အတ္တနွံထဲမှာ
တစ်ဘဝစာထုဆစ်ဖို့
အမှောင်တွေကြားမှာ
အိပ်ယာကနိုးထကြည့်တယ်
ပိကျနေတဲ့အရောင်တွေ
တွန်းဖယ်ရင်း
တခါတရံ
ကိုယ်ကိုယ်တိုင်လည်း
တွန်းလှဲခံရ
ရယ်ရွယ်ချက်တွေ
ဟိုတစ်စ ဒီတစ်စနဲ့
ဘဝက ဘဝပီသဖို့
ကူးခတ်ပြေးလွှား
ပန်းတိုင်တွေလည်းရွေ့လျားလို့
ခက်ချေရဲ့
ရွက်မညီတဲ့အခါ
တက်တွေမှာ
အနာတရတွေနဲ့ အပ်ကြောင်းထပ်
ဒီလိုနဲ့
အကြိမ်ကြိမ်
ပက်လက်မျောခဲ့တယ်
ကမ်းလွန် ပင်လယ်ပြင်မှာ
ဒီလိုအနာဆာတွေ
များနေတာတောင်
မျှော်လင့်ချက်တွေတွန်းဖွင့်ဖို့
ငါ့လက်အစုံမှာတော့
မနက်ဖြန်ဆိုတဲ့
အရောင်တွေ တလတ်လတ်
လူဖေ(မြေလတ်)
11 / 01 / 2016
ရောင်နီတွေနဲ့တို့အတူ........🌄🧡
ReplyDelete❤️💜
ReplyDelete💙🍀
ReplyDeleteDone 💪
ReplyDelete🤜🤛✊✊✊
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteDone 🍀
ReplyDeleteအောင်မြင်ပါစေ
ReplyDeleteclick for revolution👏👏👏👏👏
ကျန်းမာဘေးကင်းကြပါစေ
ReplyDelete