ငါ့နိုင်ငံတော်

 

"ငါ့နိုင်ငံတော်"


၂၀၁၉

အဘက်ဘက်ကယိုယွင်းနေတယ်...

အကာတွေ တောက်ပြောင်လွန်းနေလို့

အနှစ်ကို မမြင်ရဘူး။


​ကမ္ဘာမကြေ မြန်မာပြည် လို့

ကြုံးအော်ခဲ့တာ 

တလွဲတချော်တွေကြားထဲ အသက်ရှူနိုင်ဖို့လား။


ကြောက်ကြောက်နဲ့ လက်ခုပ်တီးရတယ်။


၂၀၂၀

ငါကအဖြူ  သူကအမည်း

သူကအစိမ်း ငါကအနီ

နင်ဘာရောင် ရွေးသလဲတဲ့။


ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ လို့

ဟစ်ကြွေးခဲ့တာ

အရောင်စုံ အတ္တတွေကြားထဲ အသက်ရှူဝဖို့လား။


ကြောက်ကြောက်နဲ့ လက်ပိုက်ထားရတယ်။


၂၀၂၁

တကွေ့မှာဆုံ တကွေ့မှာကွဲ

လေပေါ်ဝဲချင်လည်း ဝဲနေမယ်

မြေမှာ လဲချင်လည်း လဲနေမယ်..

လမ်းမတူတာဟာ ရန်သူတဲ့။ 


တို့ပြေတို့မြေ တို့ပိုင်တဲ့မြေ လို့

ကြုံးအော်ခဲ့တာ

အာဏာနဲ့ကျည်ဆန်ကြားထဲ အသက်ရှူဖို့လား။


ကြောက်ကြောက်နဲ့ လက်သီးဆုပ်နေရတယ်။


#အေဝိုင်

၂၀၂၁၀၄၂၅

Comments

Post a Comment