မျှော်လင့်ခြင်း .....စစ်ပွဲ

 

"မျှော်လင့်ခြင်း....စစ်ပွဲ"


ပျော်မနေဘူး။

သေရင်သေပါစေ....

(ငါ) စစ်ပွဲ ကိုမျှော်တယ်။


မြို့ပြစစ်ပွဲ တဲ့လား..

နွှဲရမှာပဲ။

ရန်ကုန်လည်းကြေ..

နင်တို့လည်းသေ။


ငါတို့က ရှင်လျက်နဲ့ သေမနေချင် တော့ဘူး။

ခေလိုက်တဲ့ ကံတွေကို လက်နက်နဲ့ ဖယ်မယ်။


(ငါ) ဒီစစ်ပွဲကို မျှော်နေတယ်....။


#အေဝိုင်

၂၀၂၁၀၈၂၁

Comments


  1. ခက်ခဲလွန်းပြီလို့မင်းတွေးမိရင်
    လွယ်မယ်ထင်လို့မင်းလိုက်ခဲ့တာလား
    ကြမ်းတမ်းလွန်းပြီလို့မင်းတွေးမိရင်
    ပန်းခင်းလမ်းမို့မင်းလျှောက်ခဲ့တာလား
    ပေးဆပ်ရတာများလွန်းပြီလို့မင်းတွေးမိရင်
    ပျော်စရာစစ်ပွဲဘယ်သမိုင်းမှာမင်းမြင်ဖူးလဲ


    ဒီစစ်ပွဲကို
    မင်းလည်းမလိုခဲ့သလို
    ငါလည်းကြိုခဲ့တာမဟုတ်ဘူး။

    တရားမျှတမှုရဲ့
    တောင်းဆိုချက်အရ
    ဆင်နွဲရတဲ့
    တရားသောစစ်ပွဲ
    တရားသောစစ်ပဲ။
    တို့နောင်တော်ကြီး
    ကြုံးဝါးခဲ့သလို
    တရားတဲ့သူသာနိုင်ကြေးဟေ့။

    ReplyDelete
  2. ဖိုက်တင်းဗျာ။

    ReplyDelete
  3. Be safe and healthy all clickers ✨

    ReplyDelete

Post a Comment