တစ်ပါးသူဒုက္ခ သင်နဲ့ဆိုင်သလို ပြုကျင့်ပါ

 

တစ်ပါးသူဒုက္ခ သင်နဲ့ဆိုင်သလို ပြုကျင့်ပါ

~~


မြက် တစ်ပင်လောက်လေးအမှတ်နဲ့ဖြစ်ဖြစ်

မီရာကို အားကိုးတကြီး လှမ်းဆွဲပြီး 

ကယ်ဆယ်နိုင်ကောင်းပါရဲ့ဆိုတဲ့ အတွေးနဲ့

လှမ်းဆွဲလိုက်တဲ့ ဒုက္ခသည်ရဲ့ လက်ကို 

လွတ် ထွက် ပြတ်မသွားစေဖို့

မြက်တစ်ပင်ရဲ့ အင်အားလေးနဲ့ဖြစ်ဖြစ်

တောင့်ခံပေးထားကြဖို့က 

လူတိုင်းရဲ့ အချင်းချင်းတာဝန်ပါ။


စာနာစိတ်ရှိသူတိုင်းက တစ်ပါးသူရဲ့ ဒုက္ခကို

ကိုယ်နဲ့ ဆိုင်သလို ကူညီကြပါတယ်

သင်ရော စာနာစိတ်ရှိသူ ဖြစ်ပြီလား?

မေးခွန်းတ်ိုင်းအတွက် သင့်မှာ အဖြေ ရှိပါစေ။


အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့

ရှေးပညာရှိတွေရဲ့ စကားလေး ကြားဖူးကြမှာပါ၊

သင်ဟာ စာနာစိတ်နဲ့ တစ်ပါးသူအခက်အခဲကို

ကူညီပေးခဲ့တဲ့ အခါ သင့်ရဲ့စေတနာတွေကလည်း

သင် အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ 

သင့်အပေါ် တန်ပြန်သက်ရောက်မှုတွေ

ပြန်ခံစားရဖို့ ပေးစွမ်းပါလိမ့်မယ်၊ အဲ့ဒါသည်ပင်လျှင် 

“အများအကျိုးဆောင် ကိုယ်အကျိုးအောင်”တဲ့ သဘောပါ


✍️လင်းစက်☀️

Comments

Post a Comment