Book review

 

နှင်းဆီကမွှေး

ခင်ဆွေဦး

တက္ကသိုလ်ကျောင်းနောက်ခံ၀တ္ထုတစ်ပုဒ်။ကျောင်းသားအရေးခင်းနဲ့ ၁၉၅၀ကာလရန်ကုန်တက္ကသိုလ်ရဲ့အခြေနေကိုကောင်းစွာမြင်နိုင်စေတယ်။ဆရာမကိုယ်တိုင်အမှာစာမှာ ၁၉၅၁ခုနှစ်နဲ့၁၉၅၃ကြား ရေးခဲ့သောဆရာမရဲ့ဒိုင်ယာရီကိုအခြေခံလို့  နှလုံးသားတွငိရိုက်ခတ်လာသော စိတ်စေတနာနှင့်ဤ၀တ္ထုကိုရေးဖွဲ့ခဲ့ပါသည်လို့အမှာစာမှာရေးထားပါတယ်။စိတ်ပျံ့လွမ်းဆွတ်ဖွယ်တက္ကသိုလ်ကျောင်းတော်မဟာနဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ကျောင်းသားသမဂ္ဂနဲ့ မြန်မာပြည်နိုင်ငံရေး ဖတ်ရင်းသတိရနေမိတာက တက်ခဲ့ဖူးသောတက္ကသိုလ်နှင့်သူငယ်ချင်းများ။ဆရာမကသူကြုံတွေ့ခဲ့ရသော ကျောင်းသားအရေးခင်းများနဲ့ ရောယှက်ရက်ဖောက်ကာ အချစ်အလွမ်းနဲ့ လူ့သဘာ၀ကိုဤ၀တ္ထုလေးမှာ ကိုညိုအောင်မှတစ်ဆင့် သင်းသင်းအေးမှတစ်ဆင့်ပြောပြခဲ့သည်။တက္ကသိုလ်ကျောင်းကိုပြန်လွမ်းမဲ့သူများဖတ်ကြည့်စေချင်။လွမ်းစရာ့လူငယ်ဘ၀ကျောင်းသားဘ၀ ကျောင်းတော်ကခွဲလို့ ဘ၀ထဲ၀င်ကြတဲ့အခါ စကောထဲ ဇီးဖြူသီးထည့်လှိမ့်သလို အော်ဘ၀တွေ      ။

Comments

Post a Comment