Book review


"ကမ္ဘာရန်"

-မောင်ပေါ်ထွန်း


ဖတ်ဖူးတဲ့ဘာသာပြန်၀တ္ထုတွေထဲ ဖတ်ရအချောမွေ့ဆုံးနဲ့ စွဲဆောင်မှုအရှိဆုံးစာအုပ်လို့ပြောရမည်ပင်။လက်ကမချချင်လောက်အောင် အထိဖြစ်ရပါသည်။ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးရဲ့ ငယ်ဘ၀မှသည် ဘ၀နောက်ဆုံးအချိန်ထိ ကြိုးစားရုန်းကန်ခဲ့ကြပုံ အပြန်အလှန် စီးပွားရေးမှာ သူနိုင်ကိုယ်နိုင်ချဲကြပုံ ကိုရေးဖွဲ့ထားသော၀တ္ထုဖြစ်ပါသည်။ စီးပွားရေးသမားတိုင်း ဖတ်ကြည့်ပြီး သူတို့ဘယ်လိုလုပ်ကိုင်ခဲ့လဲ လုပ်ငန်းတွေကိုစီမံခန့်ခွဲပုံ အမေရိကန်ရဲ့စီးပွားရေး ကမ္ဘာ့စီးပွားရေးကို ၀တ္ထုဖတ်ရင်းသိနိုင်ပေသည်။

'ကိန်း'

သူက ရွှေလင်ပန်းနဲ့အချင်းဆေး မွေးဖွားလာသူ။အရာရာအတွက်ကြိုတင်ပြင်ဆင်ပြီးသား သူ့အဖေက ဘဏ်ဥက္ကဌ သူကြီးလာရင်လည်း ဘဏ်ဥက္ကဌလုပ်ဖို့ပဲဖြစ်သည်။သူ့ဘ၀လမ်းချောမွေ့လှသည် သို့ပေမဲ့သူကကြိုးစားသူ ကျောင်းနေစဥ်ဘ၀တည်းက ကိုယ်ပိုင်ငွေရှာပြီး စီးပွားရေးလုပ်သူ သင်္ချာပညာရပ်မှာထူးချွန်သူ ဟားဗတ်တက္ကသိုလ်မှာပညာသင်ခဲ့သူ။

'အေဘယ်'

ပိုလန်နယ်စားကြီးရဲ့ တရားမ၀င်ကလေး။မွေးတော့တောထဲမှာ မုဆိုးတစ်ဦးကကောက်ရခဲ့သူ။တောလိုက်မုဆိုးအိမ်မှာကြီးပြင်းခဲ့ရသူ ။သူ့ဘ၀ကကြမ်းသည် ဆိုက်ဘေးရီးယားအကျဥ်းစခန်းမှ ထွက်ပြေးလွတ်မြောက်လာသူ စျေးထဲမှာလိမ္မော်သီးခိုးတဲ့အမှုအတွက် လက်ဖြတ်ခံရဖို့အချိန်ထိရင်ဆိုင်ခဲ့ရသူ။

သူတို့နှစ်ယောက်ရင်ဆိုင်ခဲ့ရသော ဘ၀ ကြီးပြင်းခဲ့ရသော အခြေနေတွေက လုံး၀မတူ သို့ပေမဲ့တူတာတစ်ခုက စီးပွားရေးကိုကောင်းစွာလုပ်နိုင်သည် အိမ်မက်တွေအကောင်ထည်ဖော်နိုင်သည် ဝီရိယနဲ့ပညာဉာဏ်ဇွဲကြီးတာချင်းတူညီကြသည်။ ထိုသူနှစ်ဦးရဲ့ ရန်ငြိုးက ဘယ်လိုစပြီး ဘယ်လိုဆုံးခဲ့လဲ သိလိုစိတ်ကရှေ့ဆောင်လျက် ဖတ်ရတာတကယ်အရသာရှိလှသည်။ စီးပွားရေးသမာတိုင်းဖတ်ရှုသင့်တဲ့ ကမ္ဘာကျော်၀တ္ထုတစ်ပုဒ်ဖြစ်ပါသည်။

Comments

Post a Comment