Book Review

 

အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်




လမ်းဘေးက ကလေးငယ်လေးတွေမြင်တိုင်း     တစ်ခုခုတော့ခံစားမိခဲ့မိသည် အထူးသဖြင့် မိဘတွေရဲ့ကျေးဇူးတရားကို ပိုဆင်ခြင်မိခဲ့မိပေသည်။သည်စာအုပ်ကိုဖတ်ရတော့ပိုလို့ထပ်တိုးကျေးဇူးကိုအောက္မေ့မိပေသည်။ထမင်းတစ်လုတ်အတွက်မပူပင်ခဲ့ရ ပညာရေးအတွက် မပူပန်ခဲ့ရ ကောင်းမှု မကောင်းမှုကိုခွဲခြားသိစေခဲ့တာ မိဘ ဆရာနဲ့ ကြီးပြင်းရတဲ့ ငယ်ကရသောပတ်၀န်းကျင်​ရဲ့အထောက်ပံ့များစွာပါ၀င်ပေသည်။ကလေးတစ်ယောက်ဖွံ့ဖြိုးကြီးထွားဖို့ ကောင်းမွန်သော ပတ်၀န်းကျင်အထောက်ပံ့လိုပါသည်။ပညာရေးကိုဂရုစိုက်တတ်သော သားသမီးကို အရေးတယူပြုစုပျိုးထောင်ချင်သော မိဘလက်ထဲ ဆရာသမားလက်ထဲ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေရဲ့စိတ်ဟာ ဖြူစင်နေမှာအမှန်ပင်ဖြစ်သည်။သည်စာအုပ်ထဲမှာတော့ သရက်ဗော်စတယ်က ကလေးလေးတွေအကြောင်း စာရေးသူက ကိုယ်တိုင်သွားရောက် မေးမြန်းပြီး ဖြစ်ရပ်တွေကို ၀တ္ထုတိုပုံစံရေးထားခြင်းဖြစ်ပါသည်။ဖြစ်ရပ်တွေဖတ်ရတာရင်နင့်စရာကောင်းပါသည် ဖတ်ရင်းတွေးမိနေသည်က ကလေးတွေမှာဘာအပြစ်မှမရှိဘူးဆိုတာပဲဖြစ်သည်။ဖြူစင်တဲ့ကလေးတွေရဲ့စိတ်တွေညစ်ညမ်းသွားရခြင်းမှာအဓိက တရာခံက မည်သူဖြစ်မည်လဲ သင်ကိုယ်တိုင်မဖြစ်ဖို့တော့ သည်၀တ္ထုလေးတွေဖတ်ပြီး လူငယ်တွေအရေးတွေးစေချင်မိပါသည် သင်သည်လည်းတစ်နေ့ကလေးတွေရဲ့မိဘ သို့မဟုတ် ဆရာတစ်ယောက်ဖြစ်လာအုံးမည်မို့။

Comments

Post a Comment