Book review

 

တစ်ကျွန်းစံ၏အပြန်လမ်း

- ထင်လင်း


ပန်းရွှေပြည်စာအုပ်တိုက်




ပေါလ်ဟာ ကျောင်းဆရာ လျှောက်ဖို.အတွက် အိမ်ထောင်စု စာရင်း သူ့အ မေဆီ တောင်းတယ်။ သူ့အမေက ရှာမတွေးသေးဘူးပြောလိုက် နောက်နေ့ရှာပေးမယ်ပြောလိုက်နဲ့ ရက်တွေ.ရွေ ထားတယ်။ ရက်ကြာလာ တော့ ပေါလ်မသင်္ကာတော့ဘူး သူ့အမေဘာကြောင့် ဒီစာရွက်ကိုမ ပေးချင်ရတာလဲ ……..။ သူ့အ မေတစ်စုံတစ်ခုကို သူမသိအောင်လျှို့ ဝှက်ထားခဲ့ .တယ် အဲ့တာက တော့ သူ့ အဖေသေပြီဆိုပြီး လိမ်ထားခြင်းပဲ တကယ်တော့ သူ့ အ ဖေက သေတာ မဟုတ် တစ်သက်တစ်ကျွန်းထောင်ကျသွားခြင်းဖြစ်သည်။ အမှုက လူသတ်မှု ပြည်.တန်ဆာမိန်းမတစ်ဦးရဲ. လည်ပင်းကို လှီးဖြတ်ပြီး ရက်ရက်စက်စက်သတ်မှု. သေသွားတဲ့  ပြည့် တန်ဆာ မိန်းမမှာ ကိုယ်၀န်သုံးလရှိနေခဲ့ တယ်။ ပေါလ်ဟာ အဲ့ အကြောင်းကို သင်းအုပ်ဆရာကြီးထံမှ ကြားပြီးသည့် နောက် သူမယုံ သူအဖေဟာအဲ့ လိုလူစားမျိုးမဟုတ် သူ့ အ ဖေက သူ့ အပေါ်ကြင်နာခဲ့တာတွေ မြင်ယောင်လာပြီး သူ့ အ ဖေဘယ်လိုမှမဖြစ်နိုင် တစ်ခုခုမှားနေခြင်းဖြစ်မည်ဟု တွေးကာ လူသတ်မှု.ဖြစ်ရာမြို့ လေးသို့ တစ်ယောက်တည်းထွက်လာခဲ့သည်။ လူသတ်မှု့ ရဲ့ မျက်မြင်သက်သေတွေထံ ရောက်အောင်သွားပြီး ချဉ်းကပ်သည် ပေါလ် ဘာတွေကြုံရမလဲ။ သူ့အဖေက တကယ်လူသတ်မှု့ တရားခံမဟုတ်ဘူးလား အဲ့ တာဆို လူသတ်မှု့ရဲ့ နရားခံက ဘယ်သူလဲ………….။ လူတစ်စုရဲ့ လက်ထဲမှာဥပ ဒေက ရှိနေတဲ့ အခါ ……………..အမှုမှန် တရားခံအမှန်ဖော်မရ သော မြန်မာပြည်မှ နာမည်ကျော်လူသတ်မှု့ များအား ဖတ်ရင်းတွေးနေမိသည်။ ဖခင်ကို ချစ်မြတ်နိုးသော လူငယ်တစ်ယောက်ရဲ့ဇွဲ သတ္တိနဲ့ လုံ့လဝီရိယ ပြီးတော့ လူ့သဘော နဲ့ လူရဲ့မျှော်လင့်ချက် ပြီးတော့ ပျော်ရွှင်မှု့ စသည်တို့ ကို သည်စာအုပ်ထဲမှာ တွေ့မြင်ရမှာပင်ဖြစ်သည်။

Comments

Post a Comment