Can money buy love or happiness?

 

Can money buy love or happiness?


အချစ်နဲ့ ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့ရလား။

ဒီမေးခွန်းက မရိုးရှင်းပါဘူး။

လူတစ်ချို့က ဝယ်နိုင်တယ်လို့ ဖြေကြလိမ့်မယ်။ တစ်ချို့ကတော့ မဝယ်နိုင်ဘူးလို့ ဖြေကြပါလိမ့်မယ်။


ကျွန်တော်တို့ရဲ့ လက်ချောင်းလေးတွေက အတိုအရှည်မညီကြပါဘူး။ အဲ့ဒီလိုပါပဲ လူတစ်ယောက်နဲ့ တစ်ယောက်ဟာလည်း အတွေးအခေါ်၊ ခံယူချက်တွေကလည်း မတူညီနိုင်ပါဘူး။ ဒီတော့ အချစ်နဲ့ ပျော်ရွှင်မှုကို ငွေနဲ့ဝယ်နိုင်လား ဆိုတဲ့အပေါ် ကျွန်တော့်အမြင်ကို ပြောပြခြင်ပါတယ်။

လူတိုင်းက ငွေကြေး အချစ်နဲ့ ပျော်ရွှင်မှုကို လိုခြင်ကြပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော် အပါအဝင်ပေါ့။


Happiness


ကျွန်တော်တို့တွေ အလုပ်ကြောင့်ဖြစ်စေ၊ မိသားစုကြောင့်ဖြစ်စေ၊ တခြားသေားအကြောင်းအရာအမျိုးမျိုးကြောင့်ဖြစ်စေ  စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေကြုံရတဲ့အခါ စိတ်အပန်းဖြေဖို့ ခရီးတွေထွက်ကြပါတယ်။ အဲ့ဒီအခါမှာဆိုရင် ကျွန်တော်တို့ ငွေကို အသုံးပြုပြီး ပျော်ရွှင်မှုကို ဝယ်နိုင်ပါတယ်။


ကျွန်တော်ရဲ့ နေထိုင်စားသောက်မှု၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် အခြားသော အခြေခံလိုအပ်ချက်တွေအတွက် စိတ်ကူးအိမ်မက်တွေအတွက် ငွေကြေးက အကောင်အထည်ဖော်ပေးပါတယ်။ (ငွေကြေးမပြည့်စုံသူတွေကို ပျော်ရွှင်မှုအတွက် ငွေကြေးက အရေးကြီးလားဆိုတာကို မေးခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။)


Love


ငွေနဲ့ အချစ်ကို ဝယ်ယူလို့မရပါဘူး။ ဒါပေမဲ့ အချစ်ရဲ့ အခွင့်အလမ်းတွေကိုတော့ တိုးပွားစေနိုင်ပါတယ်။ Perfect Love Is Free ပါ။ ဒါပေမဲ့ အချစ်ရဲ့ အခွင့်အလမ်းတွေကို တိုးပွားဖို့ဆိုရင် ငွေကို လိုအပ်ပါသေးတယ်။


ဥပမာ - မင်းရဲ့ ချစ်သူက ငွေကိုသဘောကျတဲ့သူဆိုရင် သူနဲ့ကြာကြာလက်တွဲနိုင်ဖို့ မင်းမှာ ငွေရှိဖို့ လိုအပ်လာပြီ။ အဲ့ဒီအခါမှာ မင်းရဲ့ငွေတွေကို အကြောင်းပြုပြီး ကြာကြာလက်တွဲနိုင်ပါလိမ့်မယ်။

        အရမ်းချမ်းသာတဲ့ မိသားစုတစ်စုက သမီးပျိုလေးက ဆင်းရဲသားတစ်ယောက်နဲ့ ချစ်မိသွားပြီ စိုပါစို့။ ကျွန်တော်တို့ ရင်းနှီးတဲ့ မြန်မာကားထဲကလို ကြာကူလီကောင် ပိုင်းလုံးကောင်ဆိုပြီး အပြောခံရမှာကတော့ သေချာသလောက်ပါပဲ။ ဒီအခြေအနေမှာ "အချစ်က အမြဲအနိုင်ရတယ်" ဆိုတဲ့ စကားကလည်း မမှန်နိုင်တော့ပါဘူး။


ကိုယ်ချစ်ခင်ရသူတွေကို ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့အနေနဲ့ လက်ဆောင်ပစ္စည်းပေးကြပါလိမ့်မယ်။ အဲ့ဒါကလည်း အချစ်ကို ငွေနဲ့ ဝယ်နေကြတာပါပဲ။ ချမ်းသာတဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ကြတယ်၊ ဆင်းရဲတဲ့သူတွေနဲ့ အပေါင်းအသင်းမလုပ်ကြဘူးတို့ ရှိပါတယ်။ ငွေရှိတော့ လူတိုင်းက အဲ့ဒီလူနဲ့ ခင်ချင်တာ ရင်းနှီးချင်ကြတာတွေ ရှိပါတယ်။ တစ်ခြားနိုင်ငံတွေမှာတော့ ကျွန်တော်မသိပေမဲ့ ကျွန်တော်နိုင်ငံမှာတော့ ငွေရှိလို့ မောက်မာကြတာတွေ၊ အဆင့်အတန်းခွဲခြားကြတာတွေ ကတော့ မျက်စိရှေ့မှာ ဖြစ်ပျက်နေကြဆဲပါ။


ဘဝမှာ ငွေနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေလည်း အများကြီးရှိပါတယ်။ ငွေကို အသင့်တော်ဆုံးနဲ့ အကျိုးရှိရှိအသုံးပြုတဲ့အခါ တန်ဖိုးရှိပြီး ပျော်ရွှင်မှုကို ပေးပါတယ်။


"ငွေက အရာအားလုံး မဟုတ်ပေမဲ့ အရာအားလုံးထက်လည်း မနည်းပါဘူး။" ဖြိုးမြတ်အောင်ရဲ့ သီချင်းထဲကလို ငွေဆိုတာ ဒုတိယ ဘုရားသခင်ပါပဲ။


အခုလို အခြေအနေမှာ ငွေအကြောင်းကို ပြောရတာ တော်တော်လေးကို သက်တောင့်သက်သာ မဖြစ်ပေမဲ့ ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ အမြင်လေးကို ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။

ဘေးကင်း ကျန်းမာသော နေ့လေးဖြစ်ပါစေ။

Comments

  1. Wheel............dope.🏹🏹🏹

    ReplyDelete
  2. Can't agree more with your article. Of course, money is needed for love and life.

    ReplyDelete
  3. ငွေကိုဒုတိယဘုရားသခင်အဖြစ်ကိုးကွယ်တာမဟုတ်ပေမဲ့ ငွေကပျော်ရွှင်မှုကိုဝယ်ယူနိုင်တယ် အချစ်အတွက်တော့အခွင့်အလမ်းဖြစ်စေတယ်ဆိုတာလက်ခံပါတယ်

    ReplyDelete

Post a Comment