Creation & Innovation

 

တီထွင်ခြင်း ( Creation ) နှင့် ဆန်းသစ်ပြောင်းလဲခြင်း ( Innovation )

 

ခပ်ဆင်ဆင်ပါဘဲ .. သို့သော် လုံးဝ ( လုံး ဝ ) မတူပါ ...

တီထွင်ခြင်းက မရှိသေးသည်ကို ရှိသွားအောင် တီထွင်လိုက်ခြင်းဖြစ်ပြီး

ဆန်းသစ်ပြောင်းလဲခြင်းက ရှိပြီးသားအပေါ် ပိုမိုကောင်းမွန်ရန် ပြောင်းလဲလိုက်ခြင်းဖြစ်သည် ... 

ထိုင်းရုပ်ရှင်တစ်ကားဖြင့် ဥပမာပေးရလျင် ...

ကျွန်တော်တို့ ခပ်ငယ်ငယ် 1999 တွင် Nang Nak ( နန်နက် ) ဆိုသော ထိုင်းသရဲကား ကြည့်ဖူးကြပေလိမ့်မည် အင်မတန် ကြောက်စရာကောင်းပြီး အိမ်ပေါ်မှနေ၍ ကျသွားသော သံပုရာသီးကို လှမ်းကောက်သောအခန်း လက်ကြီးရှည်ထွက်လာသောအခန်းသည် ယခုတွင်ပင် ပြန်မြင်ရောင်နေသည် ... 

မြန်မာနိုင်ငံမက အိမ်နီးချင်းနိုင်ငံများအထိ ပေါက်သွားခဲ့သည် ... 

နန်နက် သရဲကား .. နန်နက်သရဲကား ဟူ၍ ....

Ok .... ထိုဇာတ်လမ်းက အားလုံးသိပြီးသားအတိုင်း

ယောကျားက စစ်မြေပြင်ထွက် ၊ မိန်းမက မီးမဖွါးနိုင် မီးတွင်းထဲတွင်သေ ၊ သရဲဖြစ် ၊ ယောကျားပြန်လာတော့ လူအယောင်ဆောင်ပြီး ဆက်ပေါင်း ၊ ရွာသားတွေက ဝိုင်းပြော ၊ ရွာသားတွေပါ အခြောက်ခံရ ၊ နောက်ဆုံး ယောကျားကသိ ၊ ဘုန်းကြီးမှ ကျွတ်လွတ်သွားအောင် လုပ် …………

လွမ်း ဆွေး ကြောက်ရသော ရသစုံ ဇာတ်လမ်းမို့ ယခုအထိအသည်းစွဲ .... 

အဲ ... 2013 မတွင်တော့ …

Pee Mark ( ဖိမာ့ခ် ) ဆိုပြီး ထိုသရဲကားပင် ပြန်ထွက်လာသည် ... ရုံတင်ကားကြီးဖြစ်သည် ...

ကျွန်တော် ထင်လိုက်သည်မှာ ဟာ .. ဒီကားတော့ အလကား ရှုံးမည့်ကားဘဲ ဟူ၍ ...

ဟုတ်တယ်လေ ... ဇာတ်လမ်းသိပြီးသားကြီး ဘယ်သူမှ ပိုက်ဆံ 2 ခါပေးမကြည့်ဘူး !!

သို့သော် 

ထိုင်းဒါရိုက်တာမှ Innovation ( ဆန်းသစ်မှု ) ထည့်လိုက်သောအခါ …

ယနေ့တိုင် ထိုင်းနိုင်ငံ၏ ဝင်ငွေအကောင်းဆုံး နံပါတ် 1 နေရာတွင် ရှိနေဆဲပင် ...

အဘယ့်ကြောင့်ဆိုသော် ထိုဇာတ်ကားတွင် အလွမ်း အဆွေး အံ့အားသင့်ရခြင်း သို့လော သို့လော ခဏခဏ တွေးရခြင်း ..

ဇတ်သိမ်းကို လုံးဝ တွေးမရခြင်း ဇာတ်ကောင်တိုင်းကို ဘယ်သူသရဲဖြစ်မလဲဟူ၍အထိ လှည့်စားလိုက်ခြင်း …

ပုံမှန်အရ အမျိုးသမီးသာ သရဲဖြစ်သော်လည်း ထိုဇာတ်ကားတွင် ယောကျား၏ သူငယ်ချင်းများကို သရဲထင်ချင်စရာ ဇာတ်လမ်းများ ဖမ်းတီးလိုက်ခြင်း …

ပုံမှန်အရ ယောကျားမှ နောက်ဆုံးအခန်းရောက်မှ မိန်းမဖြစ်သူသရဲမှန်းသိသွားပြီး ဝမ်းနည်းသော်လည်း ယခုကားတွင် နောက်ဆုံးအခန်းရောက်မှ ယောကျားက မိန်းမသရဲဖြစ်တာ အရင်ထဲက သိပြီးကြောင်း ချစ်လွန်းလို့ သရဲဖြင့်ပင် ပေါင်းသင်းနေကြောင်း ပြောပြီး သရဲမကိုတောင် ပြန်အံ့အားသင့်စေခြင်း…

ပထမဇာတ်လမ်းတွင် ရွာဘုန်းကြီးမှ တရားဟောစဉ် သိမ်ခေါင်မိုးပေါ်မှ ရေများ တစက်စက်ကျလာလို့ အပေါ်မော့အကြည့် သရဲမမှ သိမ်ခေါင်မိုးတွင် ဇောက်ထိုးကြီးကျနေပြီး ဆံပင်မှေးများ တတောက်တောက် ကျနေခြင်း ၊ ယခုကားတွင် ဘုန်းကြီးမှ တရားဟောစဉ် ရေစက်များ ဘုန်းကြီးခေါင်းပေါ်ကျလာသောကြောင့် ဘုန်းကြီးမှ မဝံ့မရဲ ခေါင်မိုးပေါ်မော့အကြည့် ဘာမှမတွေ့ရဘဲ ခေါင်မိုးမလုံသောကြောင့်ရေယိုနေပြီး ဆရာတော်မှ ရွာသားတွေကလည်း အလှူခံလို့ကိုးမရဘူး မနှစ်ကတည်းက မိုးယိုတဲ့ခေါင်မိုးဟု ပြောပြီးမကြာ ရေစပ်များ ပြန်ကျလာသဖြင့် ဒီခေါင်မိုးတော့ ပြောပြီး မော့အကြည့် သရဲမမှ ဇောက်ထိုးကြီး ရပ်နေခြင်း ….

ထိုထိုသော မြှပ်ကွက်များဖြင့် မိမိသိပြီးသားဇာတ်လမ်းကိုပင် အသစ်ကြည့်နေရသကဲ့သို့ ဆန်းသစ်လိုက်မှုကြောင့် ... 

ဇာတ်လမ်းရော / မင်းသားမင်းသမီးများရော / ဇာတ်ဝင်သီချင်းပါ တဟုန်ထိုး ထ ပေါက်ပြီး ပိုက်ဆံများ နံပါတ် 1 စံချိန် အခုထိပင် တင်နေဆဲပင် ....

ထို့ကြောင့် 

… …. Innovation ဟုခေါ်သော ဆန်းသစ်တီထွင်မှုသည် အရေးပါမပါ ... 

မိမိကိုယ်တိုင်စဉ်းစားပြီး မိမိ၏ လုပ်ငန်းခွင်တွင် အသုံးချ နိုင်ကြပါစေဗျာ .....

မယ်တင်

11 Dec 2020

9:30 PM

Comments

Post a Comment