Movie Review
Stowaway
အာကာသပညာရှင် Marina, ဇီဝဗေဒပညာရှင် David နဲ့ ဆေးသုတေသနပညာရှင် Zoe တို့ဟာ Mars ဂြိုယ်မှာ ပြုလုပ်မယ့်သုတေသနစီမံကိန်းအတွက် 2 နှစ်ကြာအာကာသခရီးကို စတင်ခဲ့ကြပါတယ်။ အာကာသထဲကို ရောက်တဲ့အချိန်မှာ ယာဉ်ကို စစ်ဆေးရင်း စက်ခန်းတခုထဲမှာ သတိလစ်ပြီးပိတ်မိနေတဲ့ အင်ဂျင်နီယာ Michael ကို တွေ့လိုက်ရပါတယ်။ Michael ကို စက်ခန်းထဲကဆွဲထုတ်ရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်သန့်စင်တဲ့စက်ဟာ ပျက်စီးသွားခဲ့ပါတယ်။ အာကာသထဲကို မမျှော်လင့်ဘဲ မတော်တဆရောက်ရှိလာခဲ့တဲ့ Michael ဟာ အလွန်တုန်လှုပ်သွားခဲ့ပါတယ်။ အာကာသယာဉ်ဟာ လူ ၄ ဦးကို သယ်ဆောင်ပြီး Mars ကိုအရောက်သွားဖို့ အောက်စီဂျင်မလုံလောက်ပါဘူး။ လူ ၃ ဦးအတွက်ပဲ ရည်ရွယ်တည်ဆောက်ထားခဲ့တာပါ။ ဒါကြောင့် လူတစ်ဦးကိုတော့ စတေးရမလိုဖြစ်နေပါတယ်။ သုတေသနအောင်မြင်ရေးကို ထည့်စဉ်းစားမယ်ဆိုရင်တော့ စတေးရမယ့်သူဟာ Michael ဖြစ်နေခဲ့ပါတယ်။ ပြဿနာကို ဖြေရှင်းဖို့ ၁၀ ရက်စောင့်ဖို့ တိုင်ပင်ထားခဲ့ကြပေမယ် ၃ ရက်မြောက်နေ့မှာပဲ David ဟာ Michael ကို အကြောင်းစုံဖွင့်ပြောပြီး ဝေဒနာမခံစားရဘဲ အသက်သေသွားစေမယ့် ထိုးဆေးကိုပေးလိုက်ပါတော့တယ်။ ကမ္ဘာကြီးကို မျှော်ငေးရင်း ငိုကြွေးနေတဲ့ Michael ကို Zoe က တွေ့သွားတဲ့အခါ
- Michael ဟာ သူကိုယ်သူ သတ်သေသွားသလား
- ပြဿနာကိုရော ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့ကြသလား
- သူတို့ထဲက ဘယ်သူတွေက အသက်ရှင်သန်ခွင့်ရခဲ့ကြသလဲ
အသက်နဲ့ယှဉ်ပြီးရွေးချယ်ဖို့ကြုံလာတဲ့အခါ လူတစ်ဦးချင်းစီရဲ့ ဦးစားပေးစဉ်းစားပုံတွေဟာ ဘယ်လိုဖြစ်လာသလဲဆိုတဲ့ လူမှုဒဿနဆိုင်ရာ ပုစ္ဆာတစ်ပုဒ်ကို အာကာသစွန့်စားခန်းတွေနဲ့ ရောယှက်ရိုက်ကူးထားပြီ 2021 မှာထွက်ရှိခဲ့တဲ့ Director Joe Penna ရဲ့လက်ရာ Stowaway ဟာ ကြည့်ရှူသူကိုပါ ပြဿနာထဲ ဆွဲခေါ်သွားပြီး အတ္တနဲ့ဆင်ခြင်တုံတရားကို အလုပ်များစေနိုင်မယ့် Science thriller drama ဇတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း။
de
ReplyDeleteDoneပါဗျာ🪴
ReplyDelete🍀
ReplyDeleteDone.
ReplyDeleteကြည့်မယ်နော်
ReplyDeletedone
ReplyDeleteDone 💪
ReplyDeleteDone
Delete❤️💜
ReplyDeleteDone
ReplyDelete