Movie Review

 



Fall


Becky နဲ့ Hunter တို့ဟာ စွန့်စားရတာကို နှစ်သက်တဲ့ မိန်းကလေးနှစ်ယောက်ဖြစ်ပါတယ်။ Ben ကတော့ Becky ရဲ့ ခင်ပွန်းဖြစ်ပြီး ဝါသနာတူစွန့်စားဖေါ်လည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူတို့သုံးဦးဟာ မြင့်မားမတ်စောက်လှတဲ့ ကျောက်ကမ်းပါးယံတစ်ခုကို တွယ်တက်ကြရင်း Ben ဟာ ပြုတ်ကျသေဆုံးသွားပါတယ်။ အဲဒီအတွက် Becky ဟာ စိတ်ဒါဏ်ရာခံစားရပြီး အရက်နဲ့ဖြေဖျောက်နေခဲ့ပါတယ်။ တစ်နှစ်ခန့်ကြာတဲ့အထိ ပုံမှန်ပြန်မဖြစ်လာတဲ့ Becky ကို စိတ်ပြေလက်ပျောက်ဖြစ်ပြီး အရင်လို လန်းဆန်းတက်ကြွလာစေဖို့ Hunter က စွန့်စားမှုတစ်ခုလုပ်ကြဖို့ လာခေါ်ပါတယ်။ Hunter ရဲ့ အစီအစဉ်ကတော့ ကန္တာရအလယ် လွင်တီးခေါင်ထဲမှာ စိုက်ထူထားတဲ့ ပေ ၂၀၀၀ မြင့်တဲ့ TV တာဝါတိုင် တစ်ခုကို တက်ကြဖို့ပါ။ Becky ဟာ တွန့်ဆုတ်နေပေမယ့် Hunter ရဲ့ တိုက်တွန်းမှုကြောင့် သူတို့နှစ်ဦးဟာ တာဝါတိုင်ကို အတူတက်ကြပါတယ်။ တာဝါတိုင်ရဲ့ ထိပ်ဆုံးအပိုင်းကိုတက်ကြရင်းနဲ့ ရာသီဥတုဒါဏ်ကြောင့် ယိုယွင်းနေတဲ့ လှေခါးရဲ့ မူလီတွေဟာ ချောင်ပြီး ပြုတ်ကျလုလုဖြစ်နေတဲ့အခါ....


- Becky နဲ့ Hunter တို့ဟာ ထိပ်ဆုံးကို ဘယ်လိုရောက်ရှိသွားခဲ့သလဲ

- သူတို့နှစ်ယောက်ဟာ မြေပြင်ပေါ်ကို ဘယ်လိုရောက်အောင် ပြန်ဆင်းကြမှာလဲ

- Becky ရဲ့ စိတ်ဒါဏ်ရာကရော သက်သာရာရခဲ့ပါရဲ့လား


Director Scott Mann ကညွှန်ကြားရိုက်ကူထားပြီး August 12, 2022  မှာ ရုံတင်ပြသခဲ့တဲ့ Fall ဟာ ဇတ်အိမ်အကြောင်းအရာ မထူးခြားပေမယ့် သဲထိတ်ရင်ဖို ရသကို အပြည့်အဝပေးနိုင်ပြီး ကြည့်ရှုသူကို ခြေဖျားလက်ဖျားတွေပါအေးစက်လာစေမယ့် Survival thriller ဇတ်ကားတစ်ခုဖြစ်ပါကြောင်း...

Comments

Post a Comment