အနိစ္စ
အနိစ္စဆိုတာ ဘာလည်း?
~~~~
အဆင်မပြေမှုတွေကြုံရလို့ စိတ်ညစ်ခြင်းဟာ
ကိုယ့်ကိုယ်ကို ဖိအားပေးခြင်းတမျိုးဘဲ
ဖိအား ဖြစ်လာတာနဲ့မျှ အဆင်မပြေမှုတွေက
ဆင့်ပွါးကြုံလာတတ်တယ်
ဒါပေမယ့် ဖိအားတွေ အဆင်မပြေမှုတွေက
အမြဲတမ်းဖြစ်တတ်တဲ့သဘောတရား မဟုတ်ကြောင်း
နားလည်ထားနိုင်မှသာ စိတ်သက်သာမှု ရမှာပါ။
ဘုရားက ဟောတော်ထားခဲ့တယ်
သင်္ခါရတွေက အနိစ္စတဲ့
အနိစ္စ ဆိုတာ မမြဲခြင်းလို့ အဓိပ္ပါယ်ရတယ်။
အဲ့ဒါဆို အခုလက်ရှိ သင့်ရဲ့
အဆင်မပြေမှုတွေ အခက်အခဲတွေကလည်း
သင်္ခါရသဘောဘဲလေ
သ င်္ခါရတိုင်း မမြဲဘူးလို့ ဘုရားဟောခဲ့သလိုပဲ
အဲ့ အခက်အခဲတွေက သင့်အတွက်
အမြဲတမ်း မဖြစ်နိုင်ပါဘူး
အဲ့အခက်အခဲတွေကို ကျော်ပြီး
အဆင်ပြေခြင်း သုခတွေကလည်း
သင့်အတွက် ဖြစ်လာဦးမှာပါ
ဆင်းရဲခြင်းဟာ မမြဲသလို
ချမ်းသာခြင်းကလည်း မမြဲဘူး။
ဟောဒီလောကကြီးထဲမှာ လူတိုင်း
ဆိုးတစ်လှည့် ကောင်းတစ်လှည့်နဲ့
အနိစ္စသဘောတွေက ဖြစ်နေဦးမှာ
အသက်ရှင်သ၍ ကြုံနေရမှာပဲ
ဘယ်အရာမှ မမြဲလို့
မကောင်းတာ ကြုံရလို့လည်း စိတ်မပျက်နဲ့
ကောင်းတာကြုံရလို့လည်း မသာယာနဲ့
သင်္ခရမှန်သမျှ အနိစ္စလို့ သင်နားလည်ထားပါ။
သက်ရှိ သက်မဲ့ ရုပ် နာမ်တရားတွေက
ပျက်စီးခြင်းသဘောရှိတဲ့ သင်္ခါရတွေမို့
ဘယ်အရာမှ မမြဲပါဘူး
ကိုယ်၊ စိတ်ဆင်းရဲခြင်းက မမြဲသလိုပါဘဲ
ကိုယ်၊ စိတ်ချမ်းသာခြင်းကလည်း မမြဲပါဘူး၊
ဒါဆို သင့်ရဲ့စိတ်ဟာ သက်တောင့်သက်သာနဲ့
ခံနိုင်ရည်တွေ ရှိလာပါလိမ့်မယ်။
✍️လင်းစက်☀️
ဖိအားတွေ အဆင်မပြေမှုတွေကို
ReplyDeleteအားတင်းကာ ရင်ဆိုင်ရင်း.......
Ok pr✨
ReplyDeleteDone 🍀
ReplyDeleteအားလုံးဟာ ခဏတာတွေပါဘဲ
ReplyDelete👽
ReplyDeleteသက်ရှိ သက်မဲ့ ရုပ် နာမ်တရားတွေက
ReplyDeleteပျက်စီးခြင်းသဘောရှိတဲ့ သင်္ခါရတွေမို့
ဘယ်အရာမှ မမြဲပါဘူး
ကိုယ်၊ စိတ်ဆင်းရဲခြင်းက မမြဲသလိုပါဘဲ
ကိုယ်၊ စိတ်ချမ်းသာခြင်းကလည်း မမြဲပါဘူး၊
ဒါဆို သင့်ရဲ့စိတ်ဟာ သက်တောင့်သက်သာနဲ့
ခံနိုင်ရည်တွေ ရှိလာပါလိမ့်မယ်။
✍️လင်းစက်☀️
Done 💪
ReplyDelete❤️💜
ReplyDeleteDone
ReplyDeleteဓမ္မ
ReplyDelete