ပုံမှန်ပဲ ကြိုးစားပါ

 

ပုံမှန်ပဲ ကြိုးစားပါ

~~~~


ခြေထောက်ဆိုတာ ပေါင်ရင်းကနေ တိုင်းမှ

လူတိုင်းရဲ့ လက်နဲ့ နှစ်တောင်ပဲ ရှိတာ

ဒါကြောင့် နှစ်တောင်နဲ့ တန်တဲ့ 

လှေခါး တစ်ဆင့် နှစ်ဆင့်ကိုတော့

ကျော်တက်လို့ရနိုင်ပါတယ်

ဒါပေမယ့်လည်း အဲ့ထက်ပိုတဲ့

လှေခါး ငါးဆင့် ခြောက်ဆင့်အထိ

တလှမ်းတည်းနဲ့ ကျော်တက်ချင်လို့တော့

မဖြစ်နိုင်ဘူးလေ

ဆန္ဒစောတာတွေက 

လိုအပ်ချက်နဲ့ အမှားတွေကိုပဲ ဖြစ်စေနိုင်တယ်

ပုံမှန်ပဲ ကြိုးစားခြင်းကပဲ

လိုအပ်တဲ့ပန်းတိုင်ကို ရောက်နိုင်တယ်။


✍️လင်းစက်☀️

Comments

  1. အိုခေပါ
    ပုံမှန်လေးပဲ ကြိုးစားနေပါတယ်

    ReplyDelete
    Replies
    1. ပုံမှန်လေး
      အိပ်လိုက်၊ နားလိုက်နဲ့ ကြိုးစားနေပါတယ် 😁

      Delete
  2. ကျနော်လည်းပုံမှန်ကြိုးစားဖို့ ကြိုးစားနေတယ်။

    ReplyDelete
  3. Have a sweet dream all clickers

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete
  5. ပုံမှန်​လေးပဲ...

    ReplyDelete
  6. ပုံမှန်တောင်မကြိုးစားဘူးဖြစ်နေတယ်

    ReplyDelete

Post a Comment